Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-10-05 02:02:25
(၆) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ  ၁၁း ၅ _ ၁၃
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr.Sabina Hla Yee Win, ISR

           ယနေ့ကျွန်ုပ်တို့ကြားနာကြရသည့် ဧဝံဂေလိတရားတော်သည် မနေ့ကကြားနာခဲ့သည့် ဧဝံဂေလိကျမ်း၏အဆက် ဖြစ်သည်။ သခင်ယေဇူးက တပည့်တော်ကြီးများအား ကောင်းကင်ဘုံမေတ္တာ သင်ကြားပေးပြီးနောက် မည်သည့်စိတ်နေစိတ်ထားနှင့် ဆုတောင်းရမည့်အကြောင်း သွန်သင်တော်မူ၏။

 

ပုံဥပမာတွင် လူတစ်ယောက်သည် မိမိထံအချိန်မတော်ရောက်လာသော မိတ်ဆွေခရီးသည်အတွက် အခြားအသိမိတ်ဆွေထံတွင် ညသန်းခေါင်ယံအချိန်တွင် မုန့်သုံးလုံးချေးသည်။ အိမ်ရှင်က တံခါးပိတ်ပြီးပြီဖြစ်ကြောင်း၊ အိမ်သားများအိပ်နေကြကြောင်း၊ တောင်းသည့်မုန့်သုံးလုံး မပေးနိုင်ကြောင်း၊ အကြောင်းအမျိုးမျိုးပြ၍ ငြင်းဆန်သော်လည်း တောင်းခံသူ၏ မလျော့သောဇွဲကြောင့် မုန့်သုံးလုံး ချေးပေးလိုက်သည်။ အဘဘုရားသခင်ထံ၊ သခင်ယေဇူးထံ၊ အဘသံဇူဇယ်ထံ၊ မယ်တော်ထံ၊ ရဟန္တာများထံ တောင်းလျှောက်ရာတွင် မိမိအတွက်တောင်းခံသကဲ့သို့ သူတစ်ပါးအတွက်လည်း တောင်းခံကြသည်။ အခက်အခဲများသည် အချိန်မရွေးရောက်လာနိုင်သည်။ သို့သော် သခင်ခရစ်တော်က အားမလျော့ကြနှင့်။ “တောင်းကြလော့။ တောင်းလျှင်ရလိမ့်မည်။ ‌ခေါက်ကြလော့၊ ခေါက်လျှင်ပွင့်လိမ့်မည်။”ဟု ကတိထားခဲ့သည်။

 

            မိမိတောင်းသည့်ဆုပြည့်စေရန် နိုဗီနားများ ပြုလုပ်ကြသည်။ စိပ်ပုတီးများများစိပ်ကြသည်။ ခြိုးခြံ၊ ဝါရှောင်ခြင်းပြုကြသည်။ တောင်းသည့်ဆု မပြည့်သည့်အခါများနှင့်လည်း ကြုံရတတ်သည်။ ထိုအခါမျိုးတွင် သနားဂရုဏာရှင်အဘဘုရားသခင်ကို စိတ်ဆိုးစရာမလိုပါ။ ကိုယ်တော်ရှင်သည် ချစ်ခြင်းမေတ္တာပိုင်ရှင်ဖြစ်သောကြောင့် သားကမုန့်ကိုတောင်းသည့်အခါ ကျောက်ခဲကိုပေးမည့်ဖခင်၊ ငါးတောင်းသည့်အခါ မြွေကိုပေးမည့်ဘုရား မဟုတ်ပေ။ ကျွန်ုပ်တို့တောင်းသည့်ဆုသည် ကျွန်ုပ်တို့နှင့်ထိုက်တန်၊ မထိုက်တန် ပြန်သုံးသပ်ရပါမည်။ တပည့်တော်သည် ကိုယ်တော်၌ယုံကြည်အားကိုးခြင်း ရှိပါသည်။ ကိုယ်တော်၏အလိုတော်သည် ပြည့်စုံပါစေသော်ဟု ဆုတောင်းနိုင်ရန် ကြိုးစားရမည်။ စိတ်ပျက်အားငယ်ခြင်းမရှိဘဲ၊ သခင်ယေဇူးထံ မိမိအတွက်၊ သူတစ်ပါးအတွက်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာခြင်းရှိရန်၊ မြန်မာပြည်၌ ငြိမ်းချမ်းသာယာခြင်း၊ တရားမျှတခြင်း၊ အလျင်အမြန်လွှမ်းမိုးနိုင်ရန် ဆက်လက်ဆုတောင်းပေးကြပါစို့။

Daily Reflection