Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-10-10 07:40:08
(၂၈) ကြိမ်မြောက်သာမန်သီတင်းပတ်၊ အင်္ဂါနေ့
(၁၁) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ  ၁၁း ၂၉- ၃၂
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr. Sabina Hla Yee Win,ISR

ယနေ့ဖတ်ရှုရသောအသက်ပေးနှုတ်ကပတ်တော်တွင် သခင်ယေဇူးသည် ဖာရီဇေဦးတစ်ယောက်၏ ဖိတ်ကြားချက်အရ ညစာသုံးဆောင်ရန်ကြွဝင်ခဲ့သည်။ ကိုယ်တော်သည် ဂျူးလူမျိုးတို့၏ ထုံးတမ်းစဉ်လာအရ အစာမစားမီ ရှေးဦးစွာ ဆေးကြောသန့်စင်ခြင်းမပြုသောကြောင့် အိမ်ရှင်ဖာရီဇေဦးသည် အံ့သြသွားသည်။ သခင်ယေဇူးအား အမြဲပြစ်တင်ဝေဖန် အတိုက်အခံပြုနေသောဖာရီဇေဦးအတွက် ဤအပြုအမူကြောင့် ပို၍အပြစ်တင်ဝေဖန်စရာအကြောင်း ဖြစ်လာသည်။ ကိုယ်တော်ရှင်သည် ခွက်ဖလားနှင့်ပန်ကန်ပြားတို့ကို ဦးစားပေးဆေးကြောသော်လည်း အတွင်းစိတ်၌ကောက်ကျစ်စဉ်းလဲမှုများနှင့် ပြည့်နှက်နေသည့် ဖာရီဇေဦးတို့၏ စိတ်နေစိတ်ထားကို ရှုတ်ချတော်မူ၏။

 

ကျွန်ုပ်တို့တစ်ဦးစီ၏ စိတ်နေစိတ်ထားကာ အဘယ်သို့ရှိသနည်း။ ကျွန်ုပ်တို့ကို ချစ်တော်မူသော ဘုရားရှင်သည် အပြင်ပန်းရုပ်လက္ခဏာကို မကြည့်ဘဲ၊ အတွင်းစိတ်ကိုသာ ကြည့်တော်မူသောဘုရား ဖြစ်တော်မူသည်။ ကျွန်ုပ်တို့သည် မည်သို့သောနှလုံးသားကို ထားရှိရမည်နည်း။ မင်္ဂလာတရားရှစ်ပါး ( ရှင်မာတေဦး ၅း ၃-၁၀ ) သည် အဖြေဖြစ်သည်။ အတွင်းစိတ်ဖြင့် ဆင်းရဲသောသူ၊ ဝမ်းနည်းကြေကွဲသောသူ၊ နူးညံ့သိမ်မွေ့သောနှလုံးသားရှိသူ၊ ဖြောင့်မတ်ခြင်းတရားကို ဆာမွတ်တောင့်တသောသူ၊ သနားကြင်နာတတ်သောနှလုံးသားရှိသူ၊ ဖြူစင်သောစိတ်ရှိသူ၊ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လိုသောသူတို့သည် မင်္ဂလာရှိကြ၏။

 

မင်္ဂလာတရားရှစ်ပါးနှင့် ကိုက်ညီသောနှလုံးသားရရှိရန် လူ၏ခွန်အား၊ ဆန္ဒနှင့်အမြဲမတတ်နိုင်ပါ။ ဝိညာဉ်ရေးဘက်တွင် ခွန်အားနည်းသည့်အခါ ထိုသို့သောနှလုံးသားရရန် ခက်ခဲပါသည်။ ကျွန်ုပ်တို့၏ နှလုံးသားများသည် အပြစ်အနာအဆာများနှင့် ပြည့်နှက်နေတတ်ပါသည်။ ထိုသောအခါ အကောင်းဆုံးဆေးဝါးကား ကိုယ်တော်ရှင်ထံအသနားခံဆုတောင်းခြင်းပင် ဖြစ်ပါသည် ။

 

“အိုဘုရားသခင် အကျွန်ုပ်သည် အကျွန်ုပ်၏ပြစ်မှားကျူးလွန်မှုများကို သိမှတ်ဝန်ခံပါသည်။ အမှန်စင်စစ်ကိုယ်တော်သည် အတွင်းစိတ်၌ ရိုးသားဖြောင့်မတ်ခြင်းကို လိုလားတော်မူ၏။ အိုဘုရားသခင် အကျွန်ုပ်၏အတွင်းစိတ်၌ ရိုးသားဖြူစင်သောနှလုံးသားကို ဖန်ဆင်းတော်မူပါ။ ခိုင်မာသော စိတ်ဓာတ်သစ်ကို အကျွန်ုပ်၌ ထည့်သွင်းတော်မူပါ။ အာမင်။ (ဆာလံကျမ်း ၅၁)

Daily Reflection