Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-10-15 17:55:51
(၂၉) ကြိမ်မြောက်သာမန်သီတင်းပတ်၊
(၁၆) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ  ၁၈း၁-၈
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr.Sabina Hla Yee Win,ISR

ယနေ့ဧဝံဂေလိကျမ်းတွင် စိတ်မလျော့ဘဲဆုတောင်းရမည့်အကြောင်း ပုံဥပမာနှင့် သခင်ယေဇူးမိန့်တော်မူသည်။ မုဆိုးမနှင့်တရားသူကြီးပုံဥပမာတွင် ရှင်လုကာသည် တရားသူကြီး၏စိတ်နေစိတ်ထားကို နည်းနည်းခက်ထန် ထားသည်။ ဘုရားသခင်ကိုလည်းမကြောက်၊ လူ့မျက်နှာကိုလည်းမထောက်ထားတတ်သော တရားသူကြီးဟု ရုပ်လုံး ဖော်ထားသည်။ ဓမ္မနှင့် အဓမ္မ၊ အကောင်းနှင့်အဆိုးကြိုက်သလို ချယ်လှယ်အုပ်စိုးသည့်တရားသူကြီးဖြစ်မည်မှာ မုချမလွဲပေ။ ဆင်းရဲသားတို့၏အမှု၊ အပြစ်ကင်းသောသူတို့၏အမှုကို လျစ်လျူရှုသည်။ ထိုသို့ပင်ဖြစ်လင့်ကစား မလျော့သောဇွဲဖြင့် တောင်းလျှောက်သောမုဆိုးမ၏အမှုကို စိတ်ဆန္ဒမရှိသော်လည်း လိုက်လျောပေးခဲ့သည်။ သူမ ရပိုင်ခွင့်ကို စီရင်ပေးခဲ့သည်။

 

သခင်ယေဇူးဆက်လက်မိန့်တော်မူသည်ကား ဘုရားသခင်သည် မိမိရွေးကောက်တော်မူသောသူတို့၏ နေ့ညမပြတ် ဆုတောင်းသံကို လျစ်လျူရှုတော်မမူ၊ တရားမျှတစွာ ပြုတော်မူသည်။ သူတို့ကို ကူညီမစရန် နှေင့်နှေးတော်မမူချေ။ ဘုရားသခင်ထံ ဆုမတောင်းဖူးသည့်သူရှိမည်မဟုတ်ပေ။ ဆုတောင်းခြင်းတွင် နှုတ်ဖြင့်ဆုတောင်းခြင်း၊ စိတ်နှင့်ဆုတောင်းခြင်း၊ အသင်းအဖွဲ့နှင့်ဆုတောင်းခြင်း၊ တစ်ဦးတည်းဆုတောင်းခြင်းဟူ၍ ရှိသည်။ အသင့်ရေးသားထားသောမေတ္တာများကို ရွတ်ဖတ်ကာဆုတောင်းခြင်း ပြုကြသကဲ့သို့ မိမိတို့၏ ရင်တွင်းမှဖြစ်ပေါ်လာသောစကားများဖြင့်လည်း ဆုတောင်းတတ်ကြသည်။ ဘဝမုန်တိုင်းကြားတွင် ကိုယ်တော်ရှင်ထံ ဟစ်အော်တောင်းခံသကဲ့သို့ ပျော်ရွှင်မှုများကြားတွင်လည်း ကိုယ်တော်ရှင်ကို သတိရကြသည်။

 

မိမိတောင်းသည့်ဆု မရသည့်အခါ စိတ်ပျက်ရသည့်အခါနှင့်လည်း ကြုံကြိုက်တတ်ပါသည်။ “ဘဝဆိုတာ တိူက်ပွဲပါ” ဟု တင်စားထားသည်။ ဆုတောင်းမေတ္တာပြုခြင်းသည်လည်း တိုက်ပွဲတစ်ခု ဖြစ်ပါသည်။ မည်သူ့ကို တိုက်ရမည်နည်း။ ကျွန်ုပ်တို့ကိုယ်ကို ကျွန်ုပ်တို့တိုက်ရမည်။ နှောက်ယှက်တတ်သည့် ဆာတန်နတ်ဆိုးကို တိုက်ရမည်။ ၎င်းသည်လူအား ဆုတောင်းမေတ္တာနှင့်ဝေးရန်၊ ဘုရားသခင်နှင့်ပေါင်းစပ်မှုဝေးရန် ဆွဲဆောင်သည်။ (Catechism of the Catholic Church 1725) ဇွဲမလျော့ဘဲ ဆုတောင်းကြသကဲ့သို့ ဘုရားသခင်နှင့် ဝေကွာရန်မာယာ များစွာနှင့်သွေးဆောင်တတ်သော နတ်ဆိုးကို ဇွဲမလျော့ဘဲ တိုက်ထုတ်ရန်လိုပါသည်။

 

“ အို ဘုရားသခင် ကျွန်ုပ်အထဲ၌ မြဲမြံတည်ကြည်သောသဘောကို ပေးတော်မူပါ။ အာမင်။ (ဆာလံကျမ်း ၅၁)

Daily Reflection