Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-10-24 06:41:55
 

(၃၀) ကြိမ်မြောက်သာမန်သီတင်းပတ်၊
(၂၅) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ  ၁၃း ၁၈-၂၁
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr. Sabina Hla Yee Win, ISR

ဘယ်ခရီးဘဲဖြစ်ဖြစ်သွားမယ်ဆိုရင် ထိုခရီးဆုံးရောက်ဖို့ရန် ပထမခြေလှမ်းနဲ့ဘဲ အစပြုရမှာဖြစ်ပါတယ်။ ယုံကြည်သူကျွန်ုပ်တို့အားလုံး ကောင်းကင်နိုင်ငံတော်ကို ဝင်ရောက်ဖို့အတွက် ဤလောကသက်တာခရီးကတည်းက လျှောက်လှမ်းနေသူတွေ ဖြစ်ပါတယ်။ ဘုရားရှင်က လူတွေကိုဖန်ဆင်းရာမှာ ကောင်းမြတ်တဲ့ကြံရွယ်ချက် ရှိပါတယ်။ ကမ္ဘာလူသားများအားလုံး ဘုရားရှင်၏အုပ်စိုးခြင်း၊ ချစ်ခြင်းနှင့်ကောင်းမြတ်ခြင်း မျက်မှောက်မှာ ဝမ်းမြောက်ပျှော်ရွှင်တာကို ဘုရားရှင်တွေ့မြင်ချင်ပါတယ်။ ကျမတို့ မကြာခဏမေ့လေ့ရှိတဲ့အရာက လူသားများ အစဉ်ထာဝရပျှော်ရွှင်ခြင်းရဘို့အတွက် ဘုရားရှင်ဖန်ဆင်းထားတာပါ။ ဒါကြောင့် လူတိုင်းဘဲပျှော်ရွှင်မှုကို ရှာဖွေတတ်ကြပါတယ်။ စီးပွားရေးသမားက ကြီးပွားအောင်မြင်ခြင်းဖြင့် ပျှော်ရွှင်မှုရမယ်။ သူတော်စင်တွေ မိမိတို့ရဲ့ ဘဝ ဘုရားကိုရှာဖွေပိုင်ဆိုင်နိုင်မှ ပျှော်ရွှင်မှုရမယ်လို့ ခံယူအသက်ရှင်နေကြတယ်။ ဘုရားရဲ့ကျေးဇူးတော်ကို လက်ခံကာမိမိရဲ့ ဘဝရပ်တည်ရှင်သန်ရင်း တစ်ပါးသူကောင်းကျိုးအတွက် ဆောင်ရွက်နေသူတိုင်းရဲ့အသက်တာမှာ ဘုရားရှင်အုပ်စိုးပြီး လူသားများနားမလည်နိုင်တဲ့ အတွင်းစိတ်နှလုံးရဲ့ အားရရွှင်လန်းခြင်းက ဘုရားရဲ့နိုင်ငံတော်တည် ရှိခြင်းကို သက်သေခံနေခြင်းပါဘဲ။ ဘုရားရှင်ရဲ့အစီအမံထမြောက်အောင်မြင်ဘို့ လုပ်ဆောင်မယ့်သူတွေ လိုအပ်နေပါတယ်။ မိမိဟာ ကောင်းကင်နိုင်ငံတော်အတွက် ဘုရားရဲ့လက်သုံးကရိယာ၊ ဘုရားရဲ့အသုံးတော်ခံများ ဖြစ်ရပါမယ်။ အဲဒီအတွက် ပထမဦးစွာ မိမိအထဲမှာ ဘုရားနိုင်ငံတော်ရှိနေတယ်ဆိုတာ သိမြင်လက်ခံပြီးမှ ထိုပြောင်းလဲသောအသက်တာအားဖြင့်သာ ထိုဘုရားနိုင်ငံတော်ကို လောကကြီးထဲမှာ ငြိမ်းချမ်းခြင်းစိုးမိုးသော ဘုရားနိုင်ငံတော်ကို တည်ဆောက်နိုင်မှာ ဖြစ်တယ်။ ဒါဆိုရင် ကောင်းကင်နိုင်ငံတော်ဟာ ဘာနဲ့အလားသန်တူသလဲ (ရှင်လုကာ ၁၇း ၂၁) ထဲမှာ ကောင်းကင်နိုင်ငံသည် မြင်နိုင်သောနိမိတ်လက္ခဏာများဖြင့် ရောက်လာမည်မဟုတ်။ အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့အလယ်၌ တည်ရှိသောကြောင့်တည်းဟု မိန့်တော်မူ၏။ ကျွန်ုပ်တို့ဆီမှာရှိနေတဲ့ကောင်းကင်နိုင်ငံတော်ကို မည်သို့ထိတွေ့ ပိုင်ဆိုင်နိုင်မလဲ။ ဘာလုပ်ရမလဲ။ အခြားနေရာမှာ သွားရှာဘို့မဟုတ်ဘဲ မိမိထဲ၌ ဘုရားရှင်အုပ်စိုးခြင်း အရိပ်အယောင် ကို ရှာဖွေတွေ့ရှိခြင်းဘဲ ဖြစ်တယ်။ ကျွန်ုပ်တို့နေ့စဉ် ရှင်သန်ရာအတွေ့အကြုံများ၌ ဘုရားအလိုတော်နှင့် ကိုက်ညီစေမယ့်နည်းလမ်းကတော့ ဘုရားရှင်၏နှုတ်တော်ထွက်စကားတော်ကို နေ့စဉ်ဖတ်ရှုတရားထိုင်ပါ။ သမ္မာကျမ်းစာသည် လူသားအားလုံးအတွက် ဘုရား၏ဗျာဒိတ်တော် သို့မဟုတ် ဆုံးမသွန်သင်ချက် ဖြစ်သည်။ ၎င်းသည် ကျွန်ုပ်တို့၏ မူလအစသာမက ကျွန်ုပ်တို့၏ လမ်းဆုံးပန်းတိုင်နှင့်တကွ ကျွန်ုပ်တို့၏ဘဝကို ဘုရားရှင်အလိုတော်ကျ မည်ကဲ့သို့ အဓိပ္ပာယ်ရှိရှိ ရည်ရွယ်ချက်အပြည့်နှင့် ပျှော်ရွှင်စွာနေထိုင်ရမည်ကို သွန်သင်ပါသည်။ ပုံမှန်ဖတ်ရှုလေ့လာထောက်ရှုစဉ်းစား ဆုတောင်းခြင်းဖြင့် မိမိဘဝ၌ ဖြောင့်မတ်မှန်ကန်ခြင်း၊ ချစ်ခြင်းမေတ္တာနှင့်ငြိမ်းချမ်းမှုများ ပြည့်ဝလာပြီး မိမိနှင့်အတူ ပတ်ဝန်းကျင်နှင့်လူသားကောင်းကျိုးအတွက် အကျိုးဖြစ်ထွန်းစေပါတယ်။ တနည်းအားဖြင့် ချစ်ခြင်းမေတ္တာနှင့်ငြိမ်းချမ်းခြင်းစိုးမိုးသော မိသားစုအဖွဲ့အစည်းနှင့် နေရာသည် ဘုရားနိုင်ငံတော်စိုးမိုးသောနေရာဖြစ်ပြီး သခင်ယေဇူးဆုတောင်းခဲ့သည့်အတိုင်း ကောင်းကင်ဘုံ၌ ဖြစ်သကဲ့သို့ မြေကြီးပေါ်မှာလည်း အလိုတော်သည်ပြည့်စုံခြင်းဖြစ်သဖြင့် ဘုရားအလိုတော်ပြည့်စုံစေရန် နေ့စဉ်အသက်တာမှာ ကျင့်ကြံအားထုတ်ကြပါစို့။

Daily Reflection