Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-10-25 05:48:12
(၂၉) ကြိမ်မြောက်သာမန်သီတင်းပတ်၊
(၂၆) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ  ၁၃း ၂၂- ၃၀
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr. Sabina Hla Yee Win, ISR

အရင်ကျသောသူနောက်ကျလိမ့်မည်။ သခင်ယေဇူး ယော်ဒန်မြစ်ဝှမ်းတလျှောက်ရှိမြို့များသို့ သွားလာစဉ်တွင် သူဟောပြောသွန်သင်ချက်များကို ယုံကြည်ရန်ထပ်တလဲလဲ ပြောပြသည်။ အဘယ်ကြောင့်ဆိုသော် နောင်တွင်သူ့ထံမှ နောက်တစ်ခါကြားနာရန် အခွင့်အရေးရှိကြမည်မဟုတ်တော့ပေ။ ထိုအချိန်၌ လူတွေအထဲတွင် မည်သူကယ်တင်ခြင်းရပြီး မည်သူကမရဘဲနေမည်နည်းဟူသော အယူအဆနှင့်သက်ဆိုင်သော မေးခွန်းများနှင့် ပတ်သက်၍ ကြောင့်ကြစိုးရိမ်ကြသည်။ ထို့ကြောင့် လူတစ်ဦးက သခင်ကယ်တင်ခြင်းသို့ ရောက်မည့်သူနည်းမည်လောဟု မေးရာ သခင်ယေဇူးက ထိုသူအား တိုက်ရိုက်အဖြေမပေးသေးဘဲ လူတစ်ဦးချင်းစီသည် သူ့၌ကယ်တင်ခြင်းရရှိကြောင်း သေချာရန်လိုအပ်ကြောင်း သတိပေးသည်။ အဘယ်ကြောင့်ဆိုသော် တရားစီရင်သောနေ့တွင် ဘုရား၏နိုင်ငံတော်တွင်ရှိမည်ဟု စဉ်းစားထားသောလူအများသည် အပြင်၌ထားခဲ့ခြင်းခံရကြောင်း တွေ့မြင်ရလိမ့်မည်။ မိမိသည် ခရစ်ယာန်ဖြစ်လို့၊ ကိုယ်တော်နှင့်အတူ စားသောက်ရသောအခွင့်၊ ကိုယ်တော်ထံကြားနာခွင့်ရှိလို့ သို့မဟုတ် ကိုယ်တော်၏နာမ၌ တန်ခိုးလက္ခဏာပြနိုင်လို့ ကယ်တင်ခြင်းရပြီဟု မသေချာပဲ ကျဉ်းသောလမ်း ကားတိုင်လမ်းကိုလျှောက်ခြင်း၊ မိမိကရူစူးကိုထမ်းလျက် ခရစ်တော်နောက်သို့ လိုက်လျှောက်ခြင်းသည်သာ ကယ်တင်ခြင်းခံရမည်ဖြစ်ကြောင်း အကြံပေးလမ်းညွန်ခဲ့ပါသည်။ ထို့ပြင် လူတစ်ဦးချင်းစီ နောင်တရပြီး အပြစ်လမ်းမှ လှည့်လာခြင်းမရှိပါက အားလုံးအတူတကွ စီရင်ခြင်းခံရသည်ကို တွေ့ကြရမည်။ ကယ်တင်ခြင်းခံရသောသူများထဲတွင် မိမိတို့အထင်သေးသော တစ်ခြားလူမျိုးများ ပါဝင်မှာသေချာကြောင်း တွေ့မြင်ရမှာဖြစ်သည်။ (တမန်တော် ၂၈း၂၈)

 

ဤကယ်တင်ခြင်းကျေးဇူးတော်သည် လူမျိုးခြားထံသို့ စေလွတ်ခြင်းခံရပြီး ထိုသူတို့သည် နာခံကြလိမ့်မည်ဖြစ်ကြောင်း သင်တို့သိကြပါလော့။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် ဘုရားရှင်၏ကယ်တင်ခြင်းသည် လူတစ်ဦးတိုင်းအတွက် ပေးထားပြီး ဖြစ်သည်။ ဘုရားသခင်သည် လူသားတစ်ဦးချင်းစီအတွက် ကယ်တင်ခြင်းခံရရန်သားတော်အားဖြင့် အဖိုးအခပေးခဲ့ပြီးပါပြီ။ ယခု မိမိရှင်သန်နေသောအသက်တာအားဖြင့် ထိုကယ်တင်ခြင်းကို လက်ခံနေလား သို့မဟုတ် ငြင်းပယ်နေလား ဆင်ခြင်သုံးသပ်ကာ ကျွန်ုပ်တို့တစ်ဦးစီအပြစ်လမ်းမှ စွန့်ခွာပြီး ဘုရားရှင်ထံ ပြန်လှည့်လာခြင်းဖြင့် နိုင်ငံတော်ကို ရယူပိုင်ဆိုင်သွားကြပါစို့။

Daily Reflection