Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-10-27 05:07:11
(၂၉) ကြိမ်မြောက်သာမန်သီတင်းပတ်၊

(၂၈) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ  ၆း ၁၂-၁၆
Sts, Simon and Jude ( The mission of the twelve)
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr. Sabina Hla Yee Win, ISR

အများပိုင်းကျွန်ုပ်တို့ဟာ စိတ်ဆန္ဒပြင်းပျစွာဖြင့် ဖြစ်စေချင်သောအရာများပေါ်လာသောအခါ တထူးတစ်ခြား ဆုတောင်းလေ့ရှိတာတွေ့ရပါတယ်။ ဒီနေ့ကျမ်းစာမှာလည်း သခင်ယေဇူးဟာ တပည့်တော်ကြီး ၁၂ ပါးကို မရွေးကောက်မှီ တောင်ပေါ်၊ ဆိတ်ကွယ်ရာအရပ်သို့သွားပြီး အဖခမည်းတော်ဘုရားနဲ့ တညလုံးတွေ့ဆုံ ဆုတောင်းခဲ့ပါတယ်။ Pope Benedict  က သူ့ရဲ့ Jesus of Nazareth စာအုပ်ထဲမှာ တပည့်တော်ကြီး ၁၂ ပါးရဲ့  ခေါ်တော်မူခြင်းဟာ ဆုတောင်းခြင်းအဖြစ် သန်တူလဲဆိုတော့ အဲဒီ တပည့်တော်ကြီး ၁၂ ပါးဟာ ဆုတောင်းခြင်းမှ ဖွားမြင်လာခဲ့ကြသူတွေလိုပါဘဲ။ ခရစ်တော်ဘုရားရှင်သူ့ အဖမည်းတော်နဲ့ ရင်းနှီးဆုံဆည်းမှုမှ ဤခေါ်တော်မူခြင်း ဖြစ်ရပ်ဖြစ်ပေါ်လာရခြင်း ဖြစ်တယ်။ တပည့်တော်များရဲ့ ခေါ်တော်မူခြင်းမှာ လေးနက်တဲ့အဓိပ္ပာယ် ရှိပါတယ်။ သားတော်နဲ့ အဖခမည်းတော်ရဲ့ ဆုံတွေ့ခြင်းမှ အခြေခံလျက် ဖြစ်ပေါ်လာရခြင်းပါ။ ဒီအချက်မှာ သခင်ခရစ်တော်မိန့်မှာခဲ့တဲ့ (မာတေးဦး ၉း ၃၈) ထဲက လုပ်သားများရရှိအောင် လယ်ခင်းရှင်ထံဆုတောင်းပါဆိုတဲ့ စကားကို ပိုမိုနားလည်စေပါတယ်။

 

တပည့်တော် ၁၂ ပါးဟာ ယာကုတ်ရဲ့သား ၁၂ ဦးမှ အီစရာအဲလ်မျိုးနွယ် ၁၂စုကို ပုံဆောင်ထားပါတယ်။ သခင်ခရစ်တော်မှ မိမိ၏တပည့်တော်ကြီး ၁၂ပါးကို ရွေးချယ်ခြင်းဟာ အာဗြဟံမျိုးနွယ်စဉ်ဆက်မှမဟုတ်ဘဲ ကမ္ဘာပေါ်ရှိလူမျိုးအားလုံးဆီသို့ ကယ်တင်ခြင်းဖွင့်ပေးဘို့ လုပ်ဆောင်ကြမဲ့အသစ်သော အီစရာအဲလ်လို့ခေါ်တဲ့ တမန်တော်ကြီးများ ဖြစ်ပါတယ်။ ကျွန်ုပ်တို့တွေလည်း အရေးကြီးသောဆုံးဖြတ်ချက်များ မပြုခင်ဆုတောင်းခြင်း၌ ဘုရားရှင်ထံမှ အလင်းနှင့်ခွန်အားတောင်းခံလေ့ရှိသလား။ ကျွန်ုပ်တို့ရဲ့ ဆုတောင်းခြင်းဟာ လုပ်ဆောင်မှုတိုင်းအပေါ်မှာ ထိရောက်မှုရှိပါရဲ့လား။

Daily Reflection