Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-10-30 04:11:22
(၃၁) ကြိမ်မြောက်သာမန်သီတင်းပတ်၊
(၃၁) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ  ၁၄း ၁၂-၁၄
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr. Sabina Hla Yee Win, ISR

ဒီနေ့နှုတ်ကပတ်တော်မှာ ခရစ်တော်ဘုရားရှင်က မရှိဆင်းရဲသား ဘာမှပေးစရား၊ စားစရာမရှိတဲ့သူတွေအတွက် တစ်ခုခုလုပ်ပေးဖို့ တိုက်တွန်း၊ ဖိတ်ခေါ်နေပါတယ်။ ကျွန်ုပ်တို့တတွေ တစ်ခုခုဖိတ်ကြားခံရသည်ဖြစ်စေ၊ ကိုယ်တိုင်အလှူရှင်ဖြစ်သည်ဖြစ်စေ ကိုယ်နဲ့ရင်းနှီးသိကျွမ်းတဲ့သူတွေကိုပဲ ဖိတ်တာ၊ ရှာတာအနည်းအများဆိုသလို ရှိကြပါတယ်။ တစ်ခါမှမတက်ဖူးတဲ့ပွဲတွေဆိုရင် တစ်ဝိုင်းတည်းထိုင်ဖို့ ရင်းနှီးတဲ့မျက်နှာကိုရှာပြီး အတူတူပျှော်ရွှင်စွာ စားသောက်ကြတယ်။ ခရစ်တော်ရှင်လည်းပဲ သူ့ရဲ့တပည့်တော် ၁၂ ပါးနဲ့ အတူတူတွေ့ဆုံစားသောက်ရတာကို နှစ်သက်တယ်။ ဒါနဲ့မပြီးသေးပဲဝေမျှခြင်းဆိုတဲ့ ကောင်းတဲ့အရာကိုအတုယူလေ့ကျင့်ဖို့ သင်ကြားပေးပါတယ်။ ပေးတယ်ဆိုတာက ကိုယ့်ရဲ့ရက်ရောခြင်းကိုလည်း ဖော်ပြပါတယ်။ ပေးနိုင်တယ်ဆိုတာက အကြောင်းအမျိုးမျိုးကြောင့် ပေးတာရှိတယ်။ ဥပမာ - သူ့ကိုပေးလိုက်လို့ သူ့ဆီကလည်း ငါပြန်ရမယ်၊ သူ့ကိုကူညီပေးလိုက်လို့ လူတွေငါ့ကိုချီးမွမ်းမယ် စတဲ့အကြောင်းအမျိုးမျိုးကြောင့်ပေးနိုင်၊ လှူနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခရစ်တော်ကဘာမှပြန်မပေးနိုင်တဲ့သူတွေကို ဖိတ်ပါ၊ ဝေမျှပါလို့ ပြောပါတယ်။ တကယ်လိုအပ်တဲ့သူတွေကိုပေးခြင်းအားဖြင့် ပေးသူနဲ့ယူသူနှစ်ယောက်လုံးက ဝမ်းမြောက်ခြင်း၊ တစ်လုံးတစ်ဝရှိခြင်းဆိုတာကို ဖော်ပြပါတယ်၊ ဘုရားဆီကနေလာတဲ့အရာဖြစ်ဖို့  အ‌ရေးကြီးပါတယ်။ ဒါမှဘုရားရှင်ရဲ့ နက်နဲတဲ့အစီအစဉ်၊ ကောင်းမြတ်ခြင်းတွေကိုတွေ့နိုင်မှာဖြစ်တယ်။ ဘယ်လိုဝေမျှ၊ လှူဒါန်းရမလဲဆိုတာကို အချက်လေးချက်ဖြင့် ဖော်ပြထားပါတယ်။

၁။ တာဝန်ဝတ္တရားရှိနေခြင်းထက် စေတနာထားပြီးအလှူဒါနပြုရန်၊

၂။ ဂုဏ်ဖော်ဝါကြွားခြင်းထက် တစ်ပါးသူအားမေတ္တာထားကာကူညီတတ်ရန်၊

၃။ အကျိုးအမြတ်ကိုမျှော်ကိုးခြင်းထက် သဒ္ဒါတရားဖြင့်အလှူဒါနပြုရန်၊

၄။ ကန့်သတ်ချက်မရှိသောချစ်ခြင်းဖြင့် ပေးကမ်းစွန့်ကြဲတတ်ရန် ခရစ်တော်က သင်ကြားပေးပါတယ်။ “ဖြောင့်မတ်သောသူတို့ထမြောက်သည့်အချိန်ကာလတွင် သင်သည်ကျေးဇူးဆပ်ခြင်းအကျိုးကို ခံရလိမ့်မည်” ဟု ခရစ်တော်ရဲ့စကားကို နှလုံးပိုက်ပြီး ဖြူစင်သောချစ်ခြင်း၊ အစေခံခြင်း၊ ရက်ရောခြင်း၊ ဝေမျှခြင်းများကို သမ္မာတရားလမ်းအတိုင်း လုပ်ဆောင်နိုင်ရအောင်ကြိုးစားကြပါစို့။

 

Daily Reflection