Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-11-05 02:26:34
ရဟန္တာအပေါင်းတို့၏ပွဲ (၂၀၂၂) 
တိုလီမုတ်စ ဩဝါဒ (မာတေး ၅:၁-၁၂)
ဖာသာရ် ဘယ်နာဒီးနိုနဲနယ်
Posted by Sr. Sabina Hla Yee Win, ISR

ဗျာဒိတ်တော်ကျမ်း (၈:၄) က “ထိုအခါ သူတော်စင်တို့၏ ဆုတောင်းပတ္ထနာများသည် ကောင်းကင်တမန်တော်တို့၏ လက်ထဲရှိ လော်ဗန်အခိုးအငွေ့များနှင့်အတူ ဘုရားသခင်၏ ရှေ့မှောက်တော်သို့ တက်လေ၏ . . “ လို့ဖော်ပြထားပါတယ်။ ဒီကျမ်းပိုဒ်လေးက ယုံကြည်သူတွေရဲ့ အသက်တာမှာ သူတော်စင်များရဲ့ကဏ္ဍကို အသိအမှတ်ပြုဖို့နဲ့ ၎င်းတို့ရဲ့ ကြားဝင်ဆုပန်ပေးမှုကို ရှာဖွေရယူကြဖို့ သတိပေးသွန်သင်နေပါတယ်။ ဒါကြောင့် . . . ဒီခံယူချက်နဲ့ ကနေ့တိုင်အောင် ကက်သလစ်အသင်းတော်ကြီးက နှစ်စဉ် နိုဝင်ဘာလ (၁) ရက်နေ့မှာ ရဟန္တာအပေါင်းတို့ရဲ့ပွဲကို ဂုဏ်ပြုကျင်းပလာခဲ့ပါတယ်။ ခရစ်ယာန်အားလုံးဟာ သူတော်စင်များဖြစ်ကြဖို့အတွက် နိူးဆော်ဖိတ်ခေါ်ခံရကြတာကို သမ္မာကျမ်းစာက အခုလို ရည်ညွှန်းဖော်ပြထားတယ်။ “သင်တို့သည် ဘုရားသခင်၏ နာမတော်ကိုထောက်၍ သူမ (အမူတော်ဆောင် ဖိုဘီ) အား သန့်ရှင်းသောသူတို့ကို လက်ခံသကဲ့သို့ လက်ခံကြ၍ သင်တို့ထံမှ သူမ လိုအပ်မည့်အကူအညီမှန်သမျှကို ပေးကြလော့ . . ” (ရောမ ၁၆:၂)။ ကိုယ်တော်၏ ဆုလက်ဆောင်များသည်ကား အချို့ကို တမန်တော်များအဖြစ်၊ အချို့ကို ပရောဖက်များအဖြစ်၊ အချို့ကို ဧဝံဂေလိဟောပြောသူများအဖြစ်၊ အချို့ကို သိုးထိန်းအရာ၌ လုပ်ဆောင်သူများအဖြစ်၊ အချို့ကို သင်ကြားပေးသူဆရာများအဖြစ် ခန့်ထားတော်မူခြင်းပင် ဖြစ်၏။ ဤသို့ပြုလုပ်ခြင်းမှာ ကိုယ်တော်သည် သူတော်သူမြတ်တို့အား ခရစ်တော်၏ခန္ဓာတော်တည်းဟူသော အသင်းတော်ကို တည်ထောင်သောအမှုတော်၌ အတူတကွ လုပ်ဆောင်နိုင်ရန် ပြင်ဆင်ပေးခြင်း ဖြစ်၏ . . “ (ဧဖက် ၄:၁၁-၁၂)။ သင်တို့အကြားတွင် ကာမဂုဏ်လိုက်စားခြင်း၊ အမျိုးမျိုးသော ညစ်ညူးခြင်းများနှင့် လောဘကြီးခြင်းတို့ မရှိစေကြနှင့်။ ယင်းတို့သည် သူတော်သူမြတ်တို့နှင့် မအပ်စပ်ပေ . . “ (ဧဖက် ၅:၃)။ အထက်ပါကျမ်းပိုဒ်(၃)ခုကို အမြဲထောက်ရှုခြင်းဖြင့် မိမိတို့ရဲ့ခရစ်ယာန်ဘဝခေါ်တော်မူခြင်းကို အစဉ်မျက်မှောက်ပြုနိုင်ပါလိမ့်မယ်။ ရဟန္တာများပွဲနေ့က မိမိတို့တစ်ဦးစီကို ယုံကြည်ခြင်းအသက်တာခရီးမှာ သန့်ရှင်းစုံလင်ခြင်းဆီသို့ အရောက်လှမ်းဖို့ တာဝန်ရှိကြောင်း သွန်သင်နေပါတယ်။ သန့်ရှင်းစုံလင်ခြင်းဟာ ရှင်ပေါလူရဲ့ ခံယူချက်အရ ခရစ်တော်၌၊ ခရစ်တော်နဲ့အတူ နေထိုင်ရှင်သန်ခြင်း ဖြစ်တယ်။ “ယခု အသက်ရှင်လျက်ရှိသည်မှာ ငါမဟုတ်တော့ဘဲ ငါ၌ ကိန်းဝပ်တော်မူသော ခရစ်တော် ဖြစ်၏ . . (ဂါလာဆီး ၂:၂၀)။ ဒါ့အပြင် . . ဖန်ဆင်းခြင်းအသစ် ဖြစ်တယ်။ “ထိုကြောင့် ခရစ်တော်၌ ရှိသောသူသည် ဖန်ဆင်းခြင်းအသစ် ဖြစ်လေ၏ . . (၂-ကော် ၅:၁၇)။ တနည်းအားဖြင့်တော့ သန့်ရှင်းစုံလင်ခြင်းဆိုတာ ခရစ်တော်ရှင်ရဲ့ သန့်ရှင်းစုံလင်ခြင်းကို ပုံတုယူကျင့်ကြံခြင်း ဖြစ်တယ်။ အခြားသောခရစ်တော် (another Christ)ဖြစ်လာခြင်းဆိုတာက အားလုံးအတွက်က ရေရှည်အားထုတ်ကြိုးပမ်းမှုဖြစ်တယ်။ ဆိုတော့က ရဟန္တာအသီးသီးမှာ ခြားနားသော ခရစ်တော်ရဲ့အသွင်သဏ္ဍာန်နဲ့ တူညီခြင်းအမျိုးမျိုးကို လေ့လာတွေ့ရှိနိုင်တယ်။ ခရစ်တော်ရှင်ကို အတုယူကြတဲ့ ရဟန္တာတို့ရဲ့ သွင်ပြင်လက္ခဏာတွေကတော့ - (၁) ရဟန္တာတို့မည်သည်ကား ဘုရားရှင်ကို ကြည်ညိုချစ်ခင်သူများတည်း။ (၂) ရဟန္တာတို့မည်သည်ကား လူအပေါင်းတို့ကို လေးစားတန်ဖိုးထားကြသူများ ဖြစ်သတည်း။ (၃) ရဟန္တာတို့မည်သည်ကား ဘုရားရှင်၌ အကြွင်းမဲ့ယုံကြည်၍ ရဲရင့်စွန့်စားသူများတည်း။ (၄) ရဟန္တာတို့မည်သည်ကား နိမ့်ချသူများဖြစ်သတည်း။ (၅) ရဟန္တာတို့မည်သည်ကား တောင်းဆုပြုသောသူများတည်း။ (၆) ရဟန္တာတို့ မည်သည်ကား နောင်တယူသော အပြစ်သားများပင်တည်း။ </div>
    	
    </div><!-- end of dlastcontainer -->
    
 
	<div class=Daily Reflection