သာမန်ကာလ (၃၂) ကြိမ်မြောက် သီတင်းပတ်
နိုဝင်ဘာလ ၇ ရက်၊ ၂၀၂၂၊ တနင်္လာနေ့၊
(ရှင်လုကာ 17:1-6, ကက်သလစ်သမ္မာကျမ်းစာ CBCM
By Fr. Bosco Saw Lar Htoo
Posted by Sr. Sabina Hla Yee Win, ISR
“1.ထို့နောက်ကိုယ်တော်သည်တပည့်တော်တို့အားမိန့်တော်မူသည်မှာအပြစ်သို့ကျရောက်စေနိုင်သောအကြောင်းရင်း များသည် ဧကန်မုချ ဖြစ်ပေါ်တတ်၏။ သို့သော် အပြစ်သို့ကျစေမည့်အကြောင်းရင်းကိုဖြစ် ပေါ်စေသောသူသည် အမင်္ဂလာရှိ၏။-2. ထိုသူသည် ငယ်ရွယ်သော ဤသူငယ်တို့တွင် တစ်ယောက်ကို အပြစ်သို့ရောက်စေခြင်းထက်မိမိလည်ပင်း၌ ကြိတ်ဆုံကျောက် ကိုဆွဲလျက် ပင်လယ်ထဲသို့ ပစ်ချခံရခြင်းက သူ့အတွက် ပို၍ကောင်းလိမ့်မည်။ - 3. သို့ဖြစ်၍ သင်တို့သည် သတိနှင့် ဆင်ခြင်ကြလော့။ သင်၏ညီအစ်ကိုသည် အပြစ်ကျူးလွန်လျှင် သူ့ကိုဆုံးမလော့။ သူသည် နောင်တရလျှင် သူ့ ကိုခွင့်လွှတ်လော့။- 4. သူသည် တစ်နေ့တည်းတွင် ခုနစ်ကြိမ်တိုင်တိုင် သင့်ကိုပြစ်မှား၍ ခုနစ်ကြိမ်တိုင်တိုင်ပင် သင့်ထံသို့လာလျက် အကျွန်ုပ် နောင်တရပါပြီဟုဆိုလျှင် သင်သည် သူ့ကိုခွင့်လွှတ်ရမည်ဟု မိန့်တော်မူ၏။ 5.ထိုအခါတမန်တော်တို့က သခင်ဘုရားအားတပည့်တော်တို့၏ ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါဟုလျှောက်ကြ၏။ - 6. သခင်ဘုရားကလည်း သူတို့အား မိန့်တော်မူသည်ကား သင်တို့၌ မုန်ညင်းစေ့မျှလောက် ယုံကြည်ခြင်းရှိပါက ဤပိုးစာပင်အားအမြစ်ပါနုတ်၍ပင်လယ်ထဲတွင် ပေါက်နေလော့ဟုဆိုလျှင် ၎င်းသည်သင်တို့၏စကားကို နာခံလိမ့်မည်။”
***ထောက်ရှုချက်***အပြစ်သို့ကျရောက်စေ နိုင်သောအကြောင်းရင်း များသည် ဧကန်မုချ ဖြစ်ပေါ်တတ်၏။သို့သော် အပြစ်သို့ကျစေမည့်အကြောင်းရင်းကိုဖြစ်ပေါ်စေသောသူသည် အမင်္ဂလာရှိ၏။"လူတိုင်းရဲ့အထဲမှာ ကောင်းတဲ့စိတ်နဲမကောင်းတဲ့စိတ်၊ကောင်းမှုပြုချင်တဲ့စိတ်နဲ့ မကောင်းမှုပြုချင်တဲ့စိတ်ဆိုပြီးအမြဲတမ်းယှဥ်တွဲပြီးတည်ရှိနေပါတယ်။မကောင်းမှုဒစရိုက်လုပ်နေသူတွေအတွက်ဒီအရာကို သတိထားမိမှာမဟုတ်ပေမယ့်။လူကောင်းဖြစ်လိုသူ၊အပြစ်ဒုစရိုက်တွေကိုရှောင်ရှားလိုသူတွေအတွက်သိသိသာသာခံစားနားလည်းရမှာဖြစ်ပါတယ်။ဒါကြောင့် ရှင်ပေါလုက ဒီလိုပြောခဲ့ပါတယ် - (ရော 7:14-25, ကက်သလစ်သမ္မာကျမ်းစာ CBCM) - ငါသည် သွေးသားအလိုဆန္ဒ၌ရှိ၍ အပြစ်၏ကျေးကျွန်လည်းဖြစ်၏။ငါသည် ငါပြုလုပ်လိုသည့်အတိုင်း မပြုကျင့်ဘဲ ငါရွံရှာမုန်းတီးသော အမှုကိုသာ ပြုကျင့်၏။အကြောင်းမူကား ငါ၏သွေးသားဇာတိထဲ၌ ကောင်းသော အရာတစ်စုံတစ်ခုမျှ မတည်ရှိကြောင်း ငါသိ၏။ငါ၌ ကောင်းသောအကျင့်ကို ပြုကျင့်လိုသောစိတ်ရှိသော်လည်း ငါသည်ယင်းကို မပြုကျင့်နိုင်ချေ။19. ငါသည် ငါအလိုရှိသော ကောင်းမှုကို မပြုကျင့်ဘဲလျက် ငါအလိုမရှိသော မကောင်းမှုကိုသာ ပြုကျင့်၏။ငါသည် စိတ်နှလုံးထဲတွင် ဘုရားသခင်၏ ပညတ်တရားတော်၌ နှစ်သိမ့်ကျေနပ်ခြင်းရှိ၏။23. သို့သော် ငါ၏ကိုယ်အင်္ဂါများ၌မူကား အခြားသောပညတ်ကို ငါတွေ့ရ၏။ ၎င်းသည်ငါ၏စိတ်ဝိညာဉ်ထဲမှ ပညတ်တရားကို ပြိုင်ဆိုင်တိုက်ခိုက်လျက်ရှိပြီး ငါ့အားငါ့ကိုယ်ခန္ဓာအတွင်း၌ရှိသော အပြစ်တရား၏ အကျဉ်းသားဖြစ်စေ၏။ - 24. ငါသည် အလွန်စိတ်ပျက်ဖွယ်ကောင်းသော သူတစ်ဦးဖြစ်ပေ၏။ကျွန်ုပ်တို့တွေဟာ မကောင်းမှု ဒုစရိုက်နဲ့ အပြစ်ကိုရှောင်ဖို့ကြိုးစားကြရမယ်။မိမိကိုယ်ကိုအပြစ်ထဲကျစေတဲ့အပြင် သူတပါးကိုလည်းအပြစ်လမ်းထဲရောက်အောင်ခေါ်ဆောင်တဲ့သူဟာအမင်္ဂလာရှိပါတယ်။ဒီအပြင် အမှန်အမှားနာမလည်သေးတဲ့ ကလေးငယ်လေးတွေကို လမ်းမှားပို့တဲ့သူတွေဟာ ပိုပြီးအပြစ်ကြီးပါတယ်။ ဒါကြောင့်"ငယ်ရွယ်သော ဤသူငယ်တို့တွင်တစ်ယောက်ကို အပြစ်သို့ရောက်စေခြင်းထက်မိမိလည်ပင်း၌ ကြိတ်ဆုံကျောက် ကိုဆွဲလျက်ပင်လယ်ထဲသို့ ပစ်ချခံရခြင်းက သူ့အတွက် ပို၍ကောင်းလိမ့်မည်။"လို့ယေဇူးသခင်ပြောခဲ့တာဖြစ်ပါတယ်။
- ကလေးပြည့်တန်ဆာလုပ်ငန်း၊ ကလေးသူတောင်းစားလုပ်ငန်း၊ ကလေးဒုစရိုက်လုပ်ငန်းလုပ်သူတွေဟာ အမင်္ဂလာ ရှိသူတွေဖြစ်ပါတယ်။ သူတပါးကိုလည်းအပြစ်ထဲမပို့မိစေဖိုကြိုးစားကြရမယ်။ ကောင်းကင်ဘုံ မေတ္တာမှာပါဝင်တဲ့ "နောက်ယှက်ခြင်း အမှုတို့၌ ကျွန်ုပ်တို့ကို ပါဝင်ခြင်း မရှိစေပဲ၊ မကောင်းမှုဟူသမျှမှကင်းလွတ်စေပါ" လို့ နေ့စဉ်ယုံကြည်စွာ ဆုတောင်းရင်း ကြိုးစားကြပါစို့။