သာမန်ကာလ (၃၂) ကြိမ်မြောက် သီတင်းပတ်
နိုဝင်ဘာလ ၈ ရက်နေ့၊ ၂၀၂၂၊ အင်္ဂါနေ့၊
(လုကာ 17:7-10, ကက်သလစ်သမ္မာကျမ်းစာ CBCM
By Fr. Bosco Saw Lar Htoo
Posted by Sr. Sabina Hla Yee Win, ISR
“7. သင်တို့တွင် မည်သူသည် လယ်ထွန်ရာမှဖြစ်စေ၊ သိုးကျောင်းရာမှဖြစ်စေ လယ်ကွင်းမှပြန်လာသော မိမိ၏အစေခံအား သင်ချက်ချင်းလာ၍ စားပွဲ၌ထိုင်လော့ဟု ဆိုမည်နည်း။ 8. ထိုသို့မဟုတ်ဘဲ သူသည် မိမိ၏အစေခံအား ငါ့အဖို့ ညစာကိုပြင်လော့။ ငါစားသောက်နေစဉ် ခါးကိုစည်း၍ ငါအလိုရှိရာကို ဆောင်ရွက် ပေးလော့။ ထို့နောက်မှ သင်စားသောက်ရမည်ဟူ၍ ဆိုမည်မဟုတ်လော။ 9. အစေခံသည် မိမိစေခိုင်းသည့်အတိုင်း ဆောင်ရွက်သောကြောင့် သူသည် ထိုအစေခံကို ကျေးဇူးတင်သလော။ 10.ထိုနည်းတူ သင်တို့သည်လည်း မိမိတို့အား စေခိုင်းသည့်အရာအားလုံးကို ဆောင်ရွက်ပြီးသောအခါ ငါတို့သည် မထိုက်တန်သော အစေခံများသာဖြစ်ပြီး ငါတို့ ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားကို ဆောင်ရွက်ကြခြင်းသာဖြစ်သည်ဟု ဝန်ခံကြလော့ဟူ၍ မိန့်တော်မူ၏။”
***ထောက်ရှုချက် *** မထိုက်တန်တဲ့အစေခံမှု "မိမိတို့အား စေခိုင်းသည့်အရာအားလုံးကိုဆောင်ရွက်ပြီးသောအခါ ငါတို့သည် မထိုက်တန်သော အစေခံများသာဖြစ်ပြီး ငါတို့ ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားကို ဆောင်ရွက်ကြခြင်းသာဖြစ်သည်ဟု ဝန်ခံကြလော့" (လုကာ 17:10) - ကျွန်ုပ်တို့လူသားတစ်ဦးဖြစ်ခွင်ရတာဟာ ထာဝရဘုရားရှင်ကိုသိဖို့၊ ချစ်ဖို့ နဲ့အစေခံဖို့အတွက် ဖြစ်ပါတယ်။ ဘုရားရှင်ဟာ ကျွန်ုပ်တို့အားလုံးရဲ့အရှင်သခင်ဖြစ်ပြီး ကျွန်ုပ်တို့အားလုံးဟာ အစေခံတွေဖြစ်ကြပါတယ်။ ဘုရားရှင်ကို ကျွန်ုပ်တို့ အစေခံတဲ့အတွက် ဘုရားသခင်က ကျွန်ုပ်တို့ကိုကျေးဇူးတင်စရာမရှိပါဘူး။ ကျွန်ုပ်တို့ဘက်က တာဝန်ကျေရုံမျှပဲရှိပါတယ်။ သို့သော် သစ္စာရှိသောအစေခံများ တာဝန်ကျေသောအစေခံများကတော့ နောက်ဆုံးသောနေ့ရက်မှာ ထာဝရအသက်ဆိုတဲ့ အကြီးမားဆုံး ဆုလဒ်ကို ဘုရားရှင်ထံက ရရှိကြမှာမလွဲပါဘူး။