Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-11-08 16:54:15
 သာမန်ကာလ (၃၂) ကြိမ်မြောက် သီတင်းပတ်
နိုဝင်ဘာလ ၉ ရက်နေ့၊ ၂၀၂၂၊ ဗုဒ္ဓဟူးနေ့၊
ရောမမြို့ရှိ Lateran Basilica ဘိသိက်ခံယူပွဲ
Dedication of the Lateran Basilica - Feast

(ယောဟန် 2:13-22, ကက်သလစ်သမ္မာကျမ်းစာ CBCM)
By Fr. Bosco Saw Lar Htoo
Posted by Sr. Sabina Hla Yee Win, ISR

“13. ဂျူးလူမျိုးတို့၏ ပါစကားပွဲ နီးကပ်လာပြီဖြစ်သောကြောင့် ယေဇူးသည် ဂျေရုဆလင်မြို့သို့ ကြွတော်မူ၏။ - 14. ကိုယ်တော်သည် ဗိမာန်တော်အတွင်း၌ နွား၊ သိုးနှင့် ခိုများအားရောင်းနေကြသောသူတို့နှင့် ငွေကြေး လဲလှယ် သူများကို တွေ့တော်မူလျှင်၊- 15. ကြိုးများကိုစည်း၍ ကျာပွတ်ပြုလုပ်ပြီး ထိုသူအားလုံးတို့ကို သိုးများ၊ နွားများနှင့် အတူ ဗိမာန်တော်အပြင်သို့ မောင်းထုတ်တော်မူ၏။ ကိုယ်တော်သည် ငွေလဲလှယ်သူတို့၏ငွေများကိုလည်း သွန်ချ၍ သူတို့၏စားပွဲများကို မှောက်ပစ် တော်မူ၏။ -16.ကိုယ်တော်က ခိုရောင်းသောသူတို့အား ဤအရာများကို ယူသွားကြလော့။ ငါ့ခမည်းတော်၏ အိမ်တော်ကို ဈေးတန်း မဖြစ်စေကြနှင့်ဟု မိန့်တော်မူ၏။- 17. ကိုယ်တော်၏ တပည့်တော်တို့သည်လည်း အရှင်၏အိမ်တော်အတွက် စိတ်အားထက်သန်ခြင်းသည် အကျွန်ုပ်ကို လောင်ကျွမ်းလျက် ရှိပါ၏ဟု ရေးထားသောကျမ်းချက်ကို သတိရကြ၏။- 18. ထိုအခါ ဂျူးလူမျိုးတို့က သင်သည် ဤသို့ပြုလုပ်ပိုင်ခွင့်ရှိကြောင်းကို ငါတို့အား မည်သည့်အမှတ်လက္ခဏာဖြင့် ပြမည်နည်း ဟု ကိုယ်တော်အား မေးကြ၏။- 19. ယေဇူးကလည်း ဤ ဗိမာန်တော်ကို ဖြိုဖျက်ကြလော့။ ၎င်းကို သုံးရက်အတွင်း ငါပြန်လည်တည်ဆောက်မည်ဟု သူတို့အား ဖြေကြား တော်မူ၏။- 20. ထိုအခါ ဂျူးလူမျိုးတို့က ဤဗိမာန်တော်ကို နှစ်ပေါင်းလေးဆယ့်ခြောက်နှစ်တိုင်တိုင် တည်ဆောက်ခဲ့ကြရ၏။ သင်သည်ကား ၎င်းကို သုံးရက်အတွင်းတည် ဆောက်နိုင်ပါမည်လောဟု ဆိုကြ၏။- 21. သို့သော် ကိုယ်တော်သည် မိမိခန္ဓာကိုယ်တည်းဟူသော ဗိမာန်တော်ကို ရည်ညွန်းပြောဆိုခြင်းဖြစ်၏။- 22. ထို့ကြောင့် ကိုယ်တော် ဤကဲ့သို့ မိန့်တော်မူခဲ့ကြောင်းကို သေခြင်းမှ ကိုယ်တော် ရှင်ပြန်ထမြောက်ပြီးသောအခါ တပည့်တော်တို့ သတိရကြသဖြင့် ကျမ်းစာတော်မြတ်ကိုလည်းကောင်း၊ ယေဇူး မိန့်မြွက်တော်မူခဲ့သော နှုတ်တော်ထွက်စကား ကိုလည်းကောင်း ယုံကြည်ကြ၏။”

 

***ထောက်ရှုချက်*** အိုဘုရားရှင်၊ ကျွန်ုပ်သည်ကိုယ်တော်အတွက် စိတ်အားထက်သန်ပါ၏'' ခမည်းတော်၏အိမ်တော်အတွက်စိတ်အားထက်သန်မှုကြောင့်သာယေဇူးသခင် ယခုကဲ့သို့ပမှုကို ပြုတော်မူခြင်းဖြစ်သည်။သူကလူတွေကိုမသက်မသာဖြစ်စေတဲ့အမှန်တရားတခုကိုပြန်လည်ဆန်းစစ်စေချင်တယ်။ဘုရားသခင်အပေါ်သူတို့ရဲ့ယုံကြည် စိတ်အားထက်သန်မှုဆီတဖန် ပြန်သွားဖို့လိုအပ်နေပါတယ်။

 

ယနေ့ယေဇူးသခင် သည်ဘုရားသခင်အားစိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်ရန် ကျွန်ုပ်တို့ကို ပြန်လည်ခေါ်ယူ​နေပါသည်။ ဘုရားသခင်ကိုချစ်ခြင်းသည်တနင်္ဂနွေနေ့များ၌ မစ္ဆားတရား ပွဲကျင်းပခြင်းအတွက် သာလျင် မဟုတ်ပါ၊ တနင်္လာနေ့မှစနေနေ့အထိကျွန်ုပ်တို့တွေ့ဆုံသူများအားချစ်ခြင်းမေတ္တာပြခြင်းသာလျင် ဘုရားသခင်ကိုချစ်သည်ဟုဆိုလိုသည်။ ကျွန်ုပ်တို့သည်လူ့ဘောင်အဖွဲ့အစည်းမှဆင်းရဲနွမ်းပါးသူများကိုဂရုစိုက်သည် (သို့) ချစ်စရာမကောင်းသောလူတစ်ယောက်နှင့်စိတ်ရှည်သည်းခံရန်ကြိုးစားသောအခါ (သို့)အလုပ်ခွင်၌မဟုတ်ဘဲ ကျွန်ုပ်တို့၏မိသားစုများနှင့်အတူနေရန်အချိန်ယူသောအခါ၊ ထိုသို့ပြုခြင်းက ကျွန်ုပ်တို့ ၏စိတ်နှလုံးသားများ ဘုရားသခင်နှင့်အတူရှိ​​ခြင်းကိုပြခြင်း ဖြစ်သည်။ ယနေ့ကျွန်ုပ်တို့သည် အမှန်အကန် လုပ်သင့်သည့်အရာကို ဦးစားပေးကြပါစို့။ ထောက်ရှုရန် အတွက်မေးခွန်း (ဘုရားသခင်ကိုချစ်ကြောင်းသက်သေပြရန် ယနေ့ကျွန်ုပ် မည်သို့ကြိုးစားလုပ်ဆောင်မည်နည်း။)

Daily Reflection