Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-11-09 16:53:08
သာမန်ကာလ (၃၂) ကြိမ်မြောက် သီတင်းပတ်
နိုဝင်ဘာလ ၁၀ ရက်နေ့၊ ၂၀၂၂၊ ကြာသာပတေးနေ့၊
(Saint Leo the Great, Pope, Doctor)

(လုကာ 17:20-26, ကက်သလစ်သမ္မာကျမ်းစာ CBCM)
By Fr. Bosco Saw Lar Htoo
Posted by Sr. Sabina Hla Yee Win, ISR

“20. ဖာရီဇေးဦးတို့က ဘုရားသခင်၏နိုင်ငံတော်သည် မည်သည့်အချိန်အခါ၌ ရောက်လာမည်နည်းဟု ကိုယ်တော်အား မေးလျှောက်ကြသဖြင့် ကိုယ်တော်က သူတို့ကို ပြန်ပြောတော်မူသည်ကား ဘုရားသခင်၏ နိုင်ငံတော်သည် မြင်နိုင်သော နိမိတ်လက္ခဏာများဖြင့် ရောက်လာမည်မဟုတ်။ - 21. ကြည့်ကြ၊ ၎င်းသည် ဤအရပ်၌ရှိ၏။ သို့မဟုတ် ထိုအရပ်၌ရှိ၏ဟူ၍လည်း သူတို့မပြောနိုင်။ အကြောင်းမူကား ဘုရားသခင်၏ နိုင်ငံတော်သည် သင်တို့အလယ်၌ တည်ရှိသောကြောင့်တည်းဟု မိန့်တော်မူ၏။ 22. ထို့နောက် ကိုယ်တော်က တပည့်တော်တို့အား မိန့်တော်မူသည်ကား သင်တို့သည် လူသား၏နေ့ရက်များထဲမှ တစ်ရက်ကို မြင်တွေ့လိုသော အချိန်ရောက်လာလိမ့်မည်။ သို့သော်လည်း ထိုနေ့ရက်ကို သင်တို့မြင်ကြရလိမ့်မည်မဟုတ်။ - 23. ထိုအခါ လူတို့က ကြည့်လော့။ ထိုအရပ်တွင်ရှိ၏။ သို့မဟုတ် ဤအရပ်တွင်ရှိ၏ဟု သင်တို့အား ဆိုကြလိမ့်မည်။ သို့သော် မသွားကြနှင့်။ ထိုသူတို့၏ နောက်သို့မလိုက်ကြနှင့်။ - 24. အကြောင်းမူကား ကောင်းကင်တစ်ဖက်မှ ထွက်ပေါ်လာသော လျှပ်စီးလက်ခြင်းသည် ကောင်းကင် အခြားတစ်ဖက် တိုင်အောင် လင်းဖြာသကဲ့သို့ လူသားသည် မိမိ၏နေ့ရက်တွင် ကြွလာသောအခါ၌လည်း ထိုနည်းအတိုင်းဖြစ်လိမ့်မည်။ - 25. သို့ရာတွင် သူသည် ပထမဦးစွာ ဒုက္ခဆင်းရဲများကိုခံယူ၍ ဤလူမျိုး ဆက်၏ငြင်းပယ်ခြင်းကိုလည်း ခံရလိမ့်မည်။ 26. နောဧ၏လက်ထက်၌ ဖြစ်ပျက်ခဲ့သည့်အတိုင်းပင် လူသား၏နေ့ရက်များတွင်လည်း ဖြစ်လိမ့်မည်။-”

***ထောက်ရှုချက်*** - ကမ္ဘာကုန်ချိန်ဟာ မထင်မှတ်သောအချိန်မှာရောက်လာမယ်။  ကျွန်ုပ်တို့ အမြဲတမ်းအဆင်သင်ပြင်ထားရမယ်။ မှားရွင်းသော သွန်သင်ချက်များနောက်ကိုမလိုက်ပဲ ခရစ်တော်သခင် နောက်သိုသာ တစ်စိုက်မက်မက် လိုက်ကြရမယ်။ သတိ ပညာမဲ့သောသူများကဲ့သို့ မပြုမူမိကြရန် သတိထားရမယ်။
***********
တူးဝါးမြို့မှ သူတော်စင် စိန့်မာတင် (Bishop) သူသည် ၃၁၆ ခုနှစ်ခန့်တွင် ရောမပြည်နယ် Pannonia (ခေတ်သစ်ဟန်ဂေရီအနောက်ခြမ်း) တွင်မွေးဖွားခဲ့ပြီး အီတလီနိုင်ငံ Pavia တွင် ပညာသင်ကြားခဲ့သည်။ သူသည် ဆေးကြောခြင်းမင်္ဂလာခံယူပြီး စစ်တပ်မှထွက်ကာ Ligurian ကမ်းလွန်ရှိ ကျွန်းတစ်ကျွန်းတွင် ရသေ့အဖြစ် အချိန်အတန်ကြာဆည်းပူးပြီးနောက် ပြင်သစ်အနောက်ပိုင်းရှိ Ligugé တွင် ဘုန်းတော်ကြီးကျောင်းတစ်ခုကို တည်ထောင်ခဲ့ပြီး St Hilary လမ်းညွှန်မှုဖြင့် ဘုန်းတော်ကြီးဘဝဖြင့် နေထိုင်ခဲ့သည်။ နောက်ပိုင်းတွင် ဆရာတော် အဖြစ် ခန့်အပ်ခံရပြီး Tours ၏ ဆရာတော်ကြီး ဖြစ်လာခဲ့သည်။ သူသည် သူ၏လက်တွေ့ လုပ်ဆောင်ချက်များဖြင့် သိုးထိန်းကောင်းတစ်ဦးတွင်ရှိရမည့် အရည်အချင်းများကို စံပြကျင့်ကြံသွားခဲ့သူဖြစ်ပါသည်။ သူသည် ရသေ့ကျောင်းများကို တည်ထောင်ကာ ဘုန်းကြီးများအား ပညာပေးခဲ့သည်။ ဆင်းရဲသားတို့အား ဧဝံဂေလိတရား ဟောကြားခဲ့သည်။ ၃၉၇ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ - စိန့်မာတင်၏ ကျော်ကြားသောအဖြစ်အပျက်မှာ အလွန်အေးချမ်းသောရာသီတွင် Amiens တွင် စစ်သားတစ်ဦးအဖြစ်ရှိနေစဉ် သူ၏စစ်ဝတ်လုံတစ်ဝက်ကို ခြုံစရာမရှိသော သူတောင်းစားအား ပေးခဲ့ပြီး နောက်ပိုင်းတွင် ၎င်းသူတောင်းစားမှာ ခရစ်တော်ဖြစ်နေတာကို သူ၏အိပ်မက်၌ မြင်မက်ခဲ့ပါသည်။ ဆင်းရဲသားတွေကို လှူဒါန်းပေးကမ်းခြင်း၊ ကူညီပေးခြင်းဟာ ခရစ်တော်ကိုပြုခြင်းပင်ဖြစ်ကြောင်း သူနားလည်ကာ ကျင့်ကြံခဲ့ပါသည်။

 

Daily Reflection