Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-01-11 08:31:38
#12 January 2021 Daily Reflection
#(နေ့စဉ်ထောက်ရှုချက်များ) (ရှင်မာကု ၁း ၂၁-၂၈)
#စစ္စတာရ် ဂျုန်းငယ်ငယ် (SFX)
Posted by M.Sulatthtwe

“ကိုယ်တော်မည်သူဖြစ်သည်ကို ကျွန်ုပ်သိပါ၏။ ကိုယ်တော်သည် ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သောသူ ဖြစ်ပါသည်။” (Mk 1: 24)

အထက်ပါစကားတွေဟာ သခင်ခရစ်တော်ကို နတ်ဆိုးက ပြောခဲ့တဲ့စကားတွေပါ။ ဒါကြောင့် ဒီကနေ့တော့ နတ်ဆိုးပြောတဲ့စကားတွေကို ထောက်ရှုစဉ်းစားကြည့်ကြပါစို့။

နတ်ဆိုးတို့ မည်သည်မှာ ဘုရားသခင်အကြောင်းကို ကောင်းကောင်းသိတဲ့သူတွေ ဖြစ်ပါတယ်။ ဘုရားသခင်က သန့်ရှင်းမြင့်မြတ်သူ ဖြစ်တယ်ဆိုတာ မသိလို့ နတ်ဆိုးဖြစ်နေတာ မဟုတ်ပါဘူး။ သိသိရဲ့နဲ့ နတ်ဆိုးဖြစ်နေတာပါ။ နတ်ဆိုးရဲ့လုပ်ငန်းစဉ်တွေကို လုပ်ကိုင်နေတာပါ။ ကျွန်ုပ်တို့လူ့အဖွဲ့အစည်းမှာလည်း တခါတရံ အရမ်းသိလွန်း၊ တော်လွန်းတယ်လို့ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတဲ့သူတွေဟာ ကိုယ့်အဖွဲ့အစည်းကို အခက်တွေ့စေတတ်ကြတဲ့သူတွေ ဖြစ်တယ်ဆိုတဲ့ သာဓကတွေ တွေ့ရတတ်ပါတယ်။ နတ်ဆိုးရဲ့စိတ်သဘောထား၊ တနည်းပြောရရင် မကောင်းတဲ့ စိတ်သဘောထားတွေဟာ တစ်ဦးတစ်ယောက်တည်း နေထိုင်လုပ်ကိုင်ရင် ရှိမှန်းမသိသာပေမဲ့ အများနဲ့ အစုအသင်းနဲ့ နေထိုင်လုပ်ဆောင်ရတဲ့အခါတွေမှာ ပိုပြီးထင်သာမြင်သာ ရှိတာတွေကို တွေ့ရပါတယ်။

အတူတကွ ညှိနှိုင်းလုပ်ဆောင်ရတဲ့အခါမှာ ကန့်လန့်တိုက်ပြီး ဘေးလွယ်အိတ်လို ခေါင်းဆောင်မှုလည်း မပြုနိုင်၊ နောက်လိုက်ကောင်းလည်း မဖြစ်တဲ့လူတွေရှိတတ်သလို ကိုယ့်ကိုယ်ကိုအထင်ကြီး၊ သူတပါးစကားလေးတစ်ခွန်းကို လွဲမှားအဓိပ္ပါယ်ကောက်၊ အရွဲ့တိုက်တတ်သောသူများ၊ ငါသိ၊ ငါတတ်တယ်ဆိုပြီး သူများပြောသမျှလက်မခံ၊ သူတပါးကိုသဟောက်သဟမ်းလုပ်ပြီး ကိုယ်ပြောသမျှသာ အကောင်းဆုံးလို့ ထင်ကြသူများတွေဟာ နတ်ဆိုးရဲ့ကျွန် ဖြစ်မှန်းမသိဖြစ်ပြီး ခရစ်တော်ရှေ့မှာ အော်ဟစ်နေကြတဲ့သူတွေ ဖြစ်ကြပါတယ်။

နတ်ဆိုးဖမ်းစားခံရတဲ့သူဟာ ပြင်းထန်တဲ့ဝေဒနာခံစားရသလို ကျွန်ုပ်တို့ရဲ့ သေးသိမ်သောစိတ်ဓာတ်၊ သိရဲ့နဲ့ပြုမူနေကြသော အမှားအယွင်းကလေးတွေဟာ ကျွန်ုပ်တို့မိသားစု၊ အသင်းအဖွဲ့တွေကို နာကျင်မှုတွေ ဖြစ်စေပြီး ငြိမ်းချမ်းရေးကို ပျက်စီးစေတယ်ဆိုတာ သတိပြုကြပါစို့။

အိုဘုရားသခင် တပည့်တော်တို့၏ သိသိရဲ့နဲ့ပြုမိသော အပြစ်များကို ခွင့်လွှတ်တော်မူပါ။ အာမင်။

 

သခင်ခရစ်တော်၏အလင်းကျေးဇူးတော်၌

#စစ္စတာရ် ဂျုန်းငယ်ငယ် (SFX)

 

Daily Reflection