Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-11-14 17:02:58
နိုဝင်ဘာလ ၁၅ ရက်နေ့၊ ၂၀၂၂၊ အင်္ဂါနေ့၊
သာမန်ကာလ (၃၃) ကြိမ်မြောက် သီတင်းပတ်
or Saint Albert the Great, Bishop, Doctor

(လုကာ 19:1-10, ကက်သလစ်သမ္မာကျမ်းစာ CBCM)
By Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Sabina Hla Yee Win, ISR

“1. ကိုယ်တော်သည် ဂျေရီခိုမြို့သို့ဝင်၍ မြို့တွင်းမှ ဖြတ်သွားတော်မူ၏။ 2. ထိုအရပ်တွင် ဇာခေးဦး အမည်ရှိသောသူတစ်ဦးရှိလေ၏။ သူသည် အခွန်ခံသော သူတို့၏ အကြီးအကဲဖြစ်၍ ကြွယ်၀ ချမ်းသာ၏။ 3. သူသည် ယေဇူး အဘယ်သူဖြစ်ကြောင်းကို ကြည့်လိုသော်လည်း လူအစုအဝေးတို့ကြောင့် ကိုယ်တော့်ကို မမြင်နိုင်ချေ။ အကြောင်းမူကား သူသည် အရပ်နိမ့်သောသူဖြစ်၍ပင် တည်း။ 4. ထို့ကြောင့် သူသည် ကိုယ်တော့်ကိုမြင်နိုင်ရန် ရှေ့မှကြိုပြေးလျက် သဖန်းပင်တစ်ပင်ပေါ်သို့ တက်လေ၏။ အဘယ်ကြောင့် ဆိုသော် ကိုယ်တော်သည် ထိုနေရာ မှဖြတ်သွားမည်ဖြစ်သောကြောင့်တည်း။ 5. ယေဇူးသည်လည်း ထိုနေရာသို့ရောက်သော အခါ မော့ကြည့်၍ ဇာခေးဦး၊ အမြန်ဆင်းခဲ့လော့။ အကြောင်းမူကား သင်၏အိမ်၌ ယနေ့ငါတည်းခိုမည်ဟု သူ့အား မိန့်တော်မူ၏။ 6. သူသည်လည်း လျင်မြန်စွာဆင်းခဲ့၍ ကိုယ်တော့်ကိုဝမ်းမြောက် ဝမ်းသာကြိုဆိုဧည့်ခံလေ၏။ 7. ဤအခြင်းအရာကို လူအပေါင်းတို့မြင်ကြသောအခါ သူသည် အပြစ်ရှိသူတစ်ဦး၏ အိမ်၌ဝင်၍တည်းခိုလေပြီ တကားဟု တီးတိုးပြစ်တင်ကြ၏။ 8. ဇာခေးဦးသည်ကား ရပ်လျက် သခင်၊ အကျွန်ုပ် ၏ဥစ္စာပစ္စည်းတစ်ဝက်ကို ဆင်းရဲသားတို့အား ပေးပါသည်။ အကယ်၍ အကျွန်ုပ်သည် တစ်စုံတစ်ယောက်၏ ဥစ္စာပစ္စည်းကိုလိမ်လည်၍ ယူမိခဲ့လျှင် လေးဆပြန်ပေးပါသည်ဟု ကိုယ်တော်အား လျှောက်လေ၏။ 9. ထိုအခါ ယေဇူးက သူ့အား ဤသူသည် လည်း အာဘရာဟံ၏သား ဖြစ်သောကြောင့် ကယ်တင်ခြင်းသည် ယနေ့ ဤအိမ်သို့ ရောက်လာလေပြီ။ 10. အကြောင်းမူကား လူသားသည် ပျောက်ဆုံးနေသော သူတို့ကို ရှာဖွေ၍ ကယ်တင်ရန် ကြွလာခြင်းဖြစ်သည်ဟု မိန့်တော်မူ၏။”

***ထောက်ရှုချက်*** "လူအစုအဝေးတို့ကြောင့် ကိုယ်တော့်ကို မမြင်နိုင်ချေ။ အကြောင်းမူကား သူသည် အရပ်နိမ့်သောသူဖြစ်၍ပင်တည်း။" (လုကာ 19:3)  ဇာခေဦးအနေနဲ့ ယေဇူးခရစ်တော်ကို ဖူးမြင်နိုင်ဖို့ အခက်အခဲ နှစ်ခုရှိနေခဲ့ပါတယ်။ {**၁) များစွာလူအစုအဝေး နဲ့ ၂) မိမိအရပ်ပုခြင်း**} သို့သော်လည်း ယေဇူးခရစ်တော်ကိုသူဖူးမျှော်ခွင့်ရတဲ့အပြင် မိမိရဲ့နေအိမ်အထိ ပင့်ဆောင်ခွင့်ရရှိခဲ့ပါတယ်။  ဒီလို့အခွင့်အရေးရဖို့ သူဘာတွေလုပ်ခဲ့ရပါသလဲ။ ပထမဦးဆုံး လူအစုအဝေးကိုရှောင်ခဲ့ရပါတယ်။ ဒုတိယ အနေနဲ့ မိမိအရပ်နိမ့်တဲ့ပြဿနာကိုခြေရှင်းဖို့ သစ်ပင်ပေါ်ကိုတက်ခဲ့ရပါတယ်။  

ကျွန်ုပ်တို့တွေ ဇာခေဦးလို ယေဇူးခရစ်တော်ကို တွေ့ဆုံဖူးမျှော်ခွင့်ရဖို့ကြိုးစားပါရဲ့လား။ ယေဇူးခရစ်တော်ကို မဖူးမျှော်နိုင်အောင် ဘယ်အရာတွေက အတားအဆီးဖြစ်နေပါသလဲ။ ယေဇူးခရစ်တော်ကို ကိုယ်တော်မြတ်စက္ကရမ္မင်၌ ပင့်ယူခြင်းအားဖြင့် ၊ ဖူးမျှော်ခြင်းအားဖြင့် တွေ့ဆုံနိုင်ဖို့၊ ဖိတ်ခေါ်နိုင်ဖို့၊ ဖူးမျှော်နိုင်ဖို့ ကြိုးစားအားထုတ်ပါရဲ့လား။ မည့်သည့်အရာကအတားအဆီးဖြစ်နေပါသလဲ။ - ယေဇူးခရစ်တော် ဟာ ဘုရားရှင်ရဲ့ နှုတ်ကပ်တော် ဖြစ်ပါတယ်။ နှုတ်ကပတတော်ဆိုတာ သမ္မာကျမ်းစာကိုလည်းဆိုလိုတာဖြစ်ပါတယ်။
သမ္မာကျမ်းစာ၌ ယေဇူးခရစ်တော်ကို တွေဆုံနိုင်ဖို့ ဖတ်ရှုပါရဲ့လား။ ကျမ်းစာဖတ်ဖို့ မည့်သည့်အရာတွေကသင့်ကို အတားအဆီးဖြစ်စေပါသလဲ။  မည့်ကဲ့သို့ ကျော်လွှားမည်နည်း။  ဇာခေဦးလို ကြိုးစားအားထုတ်ပြီး ခရစ်တော်သခင်ကို တွေ့ဆုံဖူးမျှော်ခွင့်ရဖို့ ကြိုးစားကြပါစို့။

 

Daily Reflection