နိုဝင်ဘာလ ၁၆ ရက်နေ့၊ ၂၀၂၂၊ ဗုဒ္ဓဟူးနေ့၊
သာမန်ကာလ (၃၃) ကြိမ်မြောက် သီတင်းပတ်
or Saint Margaret of Scotland
or Saint Gertrude, Virgin
(လုကာ 19:11-28, ကက်သလစ်သမ္မာကျမ်းစာ CBCM)
By Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Sabina Hla Yee Win, ISR
“11. လူတို့သည် ဤအကြောင်းအရာများကို ကြားနာနေကြစဉ် ကိုယ်တော်သည် သူတို့အား ပုံဥပမာတစ်ခုကို ဆက်လက် မိန့်တော်မူ၏။ အကြောင်းမူကား ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ရောက်လုနီးပြီ ဖြစ်သောကြောင့် ဘုရားသခင်၏ နိုင်ငံတော်သည် ချက်ချင်းပင် ပေါ်ထွန်းတော့မည်ဟု သူတို့ထင်မှတ်ကြသောကြောင့်ဖြစ်၏။ 12. သို့ဖြစ်၍ ကိုယ်တော်က မိန့်တော်မူသည်မှာ မင်းသားတစ်ပါးသည် ဘုရင်အရိုက်အရာကိုခံယူ၍ ပြန်လာရန် ဝေးလံသော တိုင်းပြည်တစ်ပြည်သို့ ထွက်သွားလေ၏။ 13. သူသည် မိမိအစေခံဆယ်ယောက်ကိုခေါ်၍ သူတို့အား ငွေ ဒင်္ဂါးပြားဆယ်ပြားကိုပေးပြီးလျှင် ငါပြန်လာသည့်တိုင် အောင် ကုန်သွယ်ကြလော့ဟု သူတို့အား ဆို၏။ 14. သို့သော် သူ၏ပြည်သူပြည်သားတို့သည် သူ့ကိုမုန်းတီးကြသောကြောင့် ကိုယ်စားလှယ်အဖွဲ့ကို သူ၏နောက်မှ စေလွှတ်၍ ဤသူ၏အုပ်စိုးမှုကို ငါတို့အလိုမရှိဟု ဆိုကြ၏။ 15. ထိုသူသည် ဘုရင်အရိုက်အရာကိုခံယူပြီး ပြန်လာသောအခါ မိမိငွေအပ်နှံထားခဲ့သော အစေခံများသည် ကုန်သွယ်ခြင်းမှ အကျိုးအမြတ် မည်မျှရသည်ကို သိလိုသဖြင့် သူတို့ကို မိမိထံသို့ဆင့်ခေါ် လေ၏။ 16. ပထမအစေခံသည် သူ့ထံသို့လာ၍ သခင်၊ အရှင်၏ငွေဒင်္ဂါးပြား တစ်ပြားအားဖြင့် နောက်ထပ် ငွေဒင်္ဂါးပြား ဆယ်ပြား တိုးပွားစေခဲ့ပါပြီဟု ဆိုလေ၏။ 17. သူကလည်း ကောင်းလေစွ၊ သစ္စာရှိသော ငယ်သားကောင်း၊ သင်သည် သေးငယ်သောအမှု၌ သစ္စာရှိသောကြောင့် မြို့ဆယ်မြို့ကို အုပ်စိုးရမည်ဟု ဆို၏။ 18. ဒုတိယအစေခံသည်လည်း လာ၍ သခင်၊ အရှင်၏ငွေဒင်္ဂါး တစ်ပြားဖြင့် ငွေဒင်္ဂါးငါးပြားကိုတိုးပွားစေခဲ့ပါပြီဟုဆို၏။ 19. သူက သင်သည်လည်း မြို့ငါးမြို့ကိုအုပ်စိုးရမည်ဟု ထိုသူအား ဆိုလေ၏။ 20. ထို့နောက် အခြားသော အစေခံတစ်ဦးသည် လာ၍ သခင်၊ အရှင်ပေးခဲ့သောငွေဒင်္ဂါးတစ်ပြား ဤတွင် ရှိပါသည်။ အကျွန်ုပ်သည် ဤငွေကို ပုဝါနှင့်ထုပ်၍ သိမ်းထားပါသည်။ 21. အကြောင်းမူကား သခင်သည် တိကျသေချာသော သူဖြစ်၍ သခင် သိုလှောင်မထားသော ဥစ္စာကိုသိမ်းယူပြီး သခင် မစိုက်ပျိုးသော အရာကို ရိတ်သိမ်းတတ်သောကြောင့် သခင့်ကို ကြောက်ရွံ့ပါသည်ဟု ဆို၏။ 22. သူကလည်း ထိုသူအား ဆိုးမိုက်သော အစေခံ၊ သင့်နှုတ်မှထွက်လာသောစကားအတိုင်း သင့်ကို ငါစီရင်မည်။ ငါသည် တိကျသေချာ၍ ငါမသိုလှောင်သော ဥစ္စာကို သိမ်းယူပြီး ငါမစိုက်ပျိုးသောအရာကို ရိတ်သိမ်းတတ်ကြောင်း သင်သိပါလျှင်၊ 23. အဘယ်ကြောင့် ငါ၏ငွေကို ဘဏ်တွင်ထည့်မထားပါသနည်း။ ဤသို့သင်ပြုခဲ့ပါလျှင် ငါပြန်လာသောအချိန်၌ ထိုငွေကို အရင်းနှင့်တကွ အတိုးကိုပါ ငါရနိုင်ပေလိမ့်မည်ဟု သူ့အား ဆို၏။ 24. ထို့နောက် သခင်က အနီးတွင် ရပ်နေသောသူတို့အား ဤသူ့ထံမှ ငွေ ဒင်္ဂါးတစ်ပြားကိုယူ၍ ငွေဒင်္ဂါးဆယ်ပြားရသောသူအား ပေးကြလော့ဟု ဆို၏။ 25. ထိုသူတို့ကလည်း သခင်၊ သူ့၌ ငွေဒင်္ဂါးဆယ်ပြားရှိပါသည်ဟု ဆိုကြ၏။ 26. သခင်က သင်တို့အား ငါဆိုသည်ကား ရှိသောသူအား ထပ်မံ၍ပေးဦးမည်။ မရှိသောသူထံမှမူကား သူ့၌ ရှိသမျှကိုပင် သိမ်းယူ လိမ့်မည်။ 27. ငါ၏အုပ်စိုးခြင်းကို လက်မခံလိုသော ငါ့ရန်သူတို့ကိုမူကား ဤနေရာသို့ခေါ်ဆောင်ခဲ့၍ ငါ၏ရှေ့မျက် မှောက်တွင် ကွပ်မျက်ကြလော့ဟူ၍ ဆိုသည်ဟု မိန့်တော်မူ၏။” 28. ကိုယ်တော်သည် ထိုအကြောင်းအရာကို မိန့်တော်မူပြီးနောက် ဂျေရုဆလင်မြို့သို့ ခရီးဆက်ရန် ရှေ့မှ ကြွသွားတော်မူ၏။-
***ထောက်ရှုချက်*** - မိမိမှာရှိနေတဲ ပင်ကိုယ်အရည်အသွေးတွေ ပညာပါရီတွေဟာ ဘုရားသခင်က ကျွန်ုပ်တို့ကို ယုံကြည်လို့အပ်နှံထားတဲ့ ငွေဒင်္ဂါးလေးတွေဖြစ်ကြပါတယ်။ မိမိကိုဘုရားရှင်ပေးထားတဲ့ပါရမီတွေအမြဲတမ်းတိုးပွားနေဖို့ ကြိုးစားကြရမယ်။ များများတိုးပွားအောင်ကြိုးစားရင် သူများထက်သာတဲ့အခွင့်အရေး များများရမယ်။ တိုးပွားအောင်ကြိုးစားအားထုတ်ခြင်းမရှိသူများကတော့ မိမိမှာရှိနေတဲ့အရည်အချင်းလည်း ပျောက် ဒဏ်ခတ်ခြင်းလည်းခံရလိမ်မှာ ဖြစ်ပါတယ်။ သခင်ခရစ်တော်ကိုလက်မခံချင်ရင်လည်းမိမိလွတ်လပ်စွာရွေးချယ်ခွင့်ရှိပါတယ်။ သို့သော် အောက်ပါကျမ်းချက်ကိုတော့ သေသေချာချာဖတ်ပါ။ "ငါ၏အုပ်စိုးခြင်းကို လက်မခံလိုသော ငါ့ရန်သူတို့ကိုမူကား ဤနေရာသို့ခေါ်ဆောင်ခဲ့၍ ငါ၏ရှေ့မျက်မှောက်တွင် ကွပ်မျက်ကြလော့ဟူ၍ဆိုသည်" ခရစ်တော်သခင်အားဆန့်ကျင်သူများဟာ ပျက်စီးဆုံးရှုံးခြင်းသို့ ရောက်ကြပါ လိမ့်မယ်။