Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-11-16 20:13:32
နိုဝင်ဘာလ ၁၇ ရက်နေ့၊ ၂၀၂၂၊ ကြာသာပတေးနေ့၊
သာမန်ကာလ (၃၃) ကြိမ်မြောက် သီတင်းပတ်
(Saint Elizabeth of Hungary, Religious)

(လုကာ 19:41-44, ကက်သလစ်သမ္မာကျမ်းစာ CBCM)
By Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Sabina Hla Yee Win, ISR

 

 “41. ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့အနီးသို့ ရောက်လာ၍ မြို့ကိုမြင်တော်မူသောအခါ ၎င်းအတွက် ငိုကြွေးလျက် မိန့်ဆိုသည်ကား၊ 42. သင်သည် ငြိမ်းချမ်းသာယာမှုကို ဖြစ်ပေါ်စေသည့်အကြောင်းများကို ယနေ့ သိခဲ့လျှင်ပင် ကောင်းပေစွ။ သို့သော် ယခုဤအရာတို့ကို သင်မမြင်နိုင်စေရန် ဖုံးကွယ်ထားလျက်ရှိ၏။ 43. အကြောင်းမူကား ရန်သူတို့သည် သင့်ကိုမြေရိုးတံတိုင်းတို့ဖြင့် ကာဆီးလျက် အဘက်ဘက်မှ ဝိုင်းရံပိတ်ဆို့မည့် နေ့ရက်ကာလရောက်လာလိမ့်မည်။ 44. ထိုအခါ သူတို့သည် သင်နှင့် သင်၏မြို့ရိုးအတွင်း၌ရှိသော သင့်သားသမီးတို့ကို မြေပြင်နှင့်တညီတည်းဖြစ်စေရန် ဖျက်ဆီးကြလိမ့်မည်။ သူတို့သည် သင်၌ကျောက်တုံးတစ်ခုအပေါ်တစ်ခုတင်၍ မကျန်စေခြင်းငှာ ပြုကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်သည်ဘုရားသခင်ကြွလာတော်မူမည့်အချိန်ကို မသိသောကြောင့်ဖြစ်သည်ဟု မိန့်တော်မူ၏။”

***ထောက်ရှုချက် *** လူတွေဟာဘုရားကိုတောင် မျက်ရည်ကျစေခဲ့တယ်။ ကိုယ်တော်ရဲ့မျက်ရည်တွေက ဘာအတွက်ကျတာလဲ။  လူတွေရဲ့အပြစ်တွေအတွက်ကျတဲ့မျက်ရည်၊ ဘုရားရှင်ကိုယုံကြည်ဖို့ငြင်းပါယ်ခြင်းကြောင့် ကျတဲ့မျက်ရည်၊ ထိုသိုငြင်းပါယ်ခြင်းအတွက် မကြာခင် ထိုသူတို့ခံတော့မည့်အပြစ်ဒဏ်ကို ကြိုပြီးသိနေတဲ့အတွက် ကျတဲ့မျက်ရည်ပါပဲ။  ကယ်တင်ရှင်၊ ထာဝရအသက်ပေးမည့်အရှင်ကို သူတို့လက်ဝယ်ပိုင်ဆိုင်ခွင်ရခဲ့သော်လည်း သူတို့ရဲ့ အတ္တတွေ၊ မာဏတွေကြောင့် ငြင်းပါယ်ခဲ့တဲ့အတွက်ကြောင့် သူတို့ထာဝရဆုံးရှုံးခြင်း့ရောက်ခဲ့တယ်။  ဂျေရုစလင်မြို့ရဲ့ သင်္ခန်းစာကိုယူပြီး ဘုရားရှင်ကိုငြင်းပါယ်သူများခံရမည့်ဒဏ်မှ လွတ်မြောက်ဖို့၊ ယုံကြည်သူတို့ရရှိပိုင်ဆိုင်မည့်ဆုလဒ်များကိုရရှိပိုင်ဆိုင်ဖို့ ခရစ်တော်သခင်ကို မိမိဘဝထဲအမြဲပိုင်ဆိုင်ထားဖို့ ကြိုးစားကြပါစို့။

 

 

Daily Reflection