Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-11-16 20:23:19
နိုဝင်ဘာလ ၁၈ ရက်နေ့၊ ၂၀၂၂၊ သောကြာနေ့၊
သာမန်ကာလ (၃၃) ကြိမ်မြောက် သီတင်းပတ်
or Dedication of the Basilicas of Saints Peter and Paul, Apostles

(လုကာ 19:45-48, ကက်သလစ်သမ္မာကျမ်းစာ CBCM)
By Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Sabina Hla Yee Win, ISR

“45. ထို့နောက် ကိုယ်တော်သည် ဗိမာန်တော်သို့ဝင်ပြီးလျှင် အတွင်း၌ရောင်းဝယ်နေသောသူများကို စတင်နှင်ထုတ်တော်မူ၏။ 46. ကိုယ်တော်က ငါ၏အိမ်တော်သည် ဆုတောင်းရာအိမ်တော်ဖြစ်ရလိမ့်မည်ဟု ကျမ်းစာတော်မြတ်၌ ရေးထားလျက်ရှိ၏။ သို့သော် သင်တို့သည် ဤအိမ်တော်ကို သူခိုး၊ ဓားပြခိုအောင်းသောနေရာဖြစ်စေကြပြီဟု သူတို့အား မိန့်တော်မူ၏။ 47. ကိုယ်တော်သည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်၌ သွန်သင်ဟောပြော တော်မူ၏။ ရဟန်းအကြီးအကဲများ၊ ကျမ်းတတ်ဆရာများနှင့် လူတို့၏ ခေါင်းဆောင်တို့သည် ကိုယ်တော့်ကိုသတ်ရန် အခွင့်အလမ်းရှာကြံကြ၏။ 48. သို့ရာတွင် လူအပေါင်းတို့သည် ကိုယ်တော်၏တရားတော်ကို လေးစားစွာနားထောင်ကြသောကြောင့် သူတို့သည် ကိုယ်တော့်အပေါ်တွင် တစ်စုံတစ်ရာပြုနိုင်ရန် အခွင့်အလမ်းမရကြချေ။”

 

***ထောက်ရှုချက်***ဘုရားရှင်၏ ဗိမာန်တော်ဟာ သန့်ရှင်းပြီးမေတ္တာတရားပွားများရာ အရပ်ပဲဖြစ်စေဖို့ ကြိုးစားကြရမယ်။မတရားမှုတွေကျူးလွန်နေကြတဲ့အရပ်မဖြစ်သ့ပါဘူး။ဘုရားနဲ့ဆိုင်တဲ့အရာတွေကို မတရားအရောင်းအဝယ်ပြုလို့မရပါဘူး။ကျွန်ုပ်တို့ရဲ့ဘုရားကျောင်းတွေမှာမတရားမှုတွေရှိနေပါသလား။

 

Daily Reflection