Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-11-18 08:00:05
နိုဝင်ဘာလ ၁၉ ရက်(စနေနေ့)
ရှင်လုကာ ၂၀ : ၂၇ - ၄၀
စစ္စတာရ် ထရေးဇာမုဏ်း
Posted by Sr. Sabina Hla Yee Win, ISR

၂၇။ ရှင်ပြန်ထမြောက်ခြင်းမရှိဟု ဆိုကြသော ဇာဒူခေးဦးအချို့တို့သည် အထံတော်သို့ချဉ်းကပ်၍၊- ၂၈။ ကိုယ်တော်အား မေးလျှောက်ကြသည်မှာ ဆရာသခင်၊ လူတစ်ဦး ၏အစ်ကိုသည် မယားရှိလျက် သားသမီးမထွန်းကားဘဲ သေဆုံးခဲ့လျှင် ထိုသူသည် အစ်ကို၏မယားကို ထိမ်းမြား၍ အစ်ကို၏ အမျိုးအနွယ်ကို ဆက်လက်တည်တံ့စေရမည် ဟူ၍ မိုးဇက်သည် အကျွန်ုပ်တို့အား ရေးသားသွန်သင်ခဲ့ပါ၏။- ၂၉။ တစ်ခါက ညီအစ်ကို ခုနစ်ယောက်ရှိခဲ့ပါ၏။ အစ်ကိုအကြီးဆုံးသည် မိန်းမတစ်ယောက်နှင့် အိမ်ထောင်ပြုပြီး သားသမီး မရဘဲ သေဆုံးသွားခဲ့ပါ၏။- ၃၀။ ထိုအခါ ဒုတိယ တစ်ယောက်သည်လည်းကောင်း၊- ၃၁။ ထို့နောက် တတိယတစ်ယောက်သည်လည်းကောင်း သူမနှင့် အိမ်ထောင်ဆက်ခဲ့ပါ၏။ ဤသို့ဖြင့် ညီအစ်ကို ခုနစ်ယောက်လုံးသည် ထိုနည်းတူပြု၍ သားသမီးမရဘဲ သေဆုံးကြလေ၏။- ၃၂။ နောက်ဆုံးတွင် ထိုမိန်းမသည်လည်း သေဆုံးလေ၏။- ၃၃။ သို့ဖြစ်လျှင် ရှင်ပြန်ထမြောက်သောနေ့၌ သူမသည် မည်သူ၏ဇနီး ဖြစ်မည်နည်း။ အကြောင်းမူကား ညီအစ်ကို ခုနစ်ယောက်တို့သည် သူမ၏ခင်ပွန်းဖြစ်ခဲ့ကြလေပြီဟု ကိုယ်တော်အား လျှောက်ကြ၏။ ၃၄။ ထိုအခါ ယေဇူးက သူတို့အား မိန့်တော်မူသည်မှာ ဤလောက၏သားသမီးတို့သည် ထိမ်းမြားပေးစားခြင်း အမှုကိုပြုကြ၏။- ၃၅။ သို့သော် နောင်ဘ၀ကိုလည်းကောင်း၊ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကိုလည်းကောင်း ခံထိုက်သောသူတို့သည် ထိမ်းမြားပေးစားခြင်းမပြုကြပေ။-၃၆။ သူတို့သည် ရှင်ပြန်ထမြောက်ခြင်း၏ သားသမီးများဖြစ်ကြသဖြင့် ဘုရားသခင်၏ သားသမီးများ ဖြစ်လာကြပြီးလျှင် ကောင်းကင်တမန်တော်တို့နှင့် တူညီကြသောကြောင့် မသေနိုင်ကြတော့ပေ။-၃၇။ သေသူတို့၏ ရှင်ပြန်ထမြောက်ခြင်းအကြောင်းနှင့် စပ်လျဉ်း၍မူကား မိုးဇက်က မီးတောက်လောင်နေသော ချုံပုတ် အကြောင်းကိုရေးထားသည့် ကျမ်းပိုဒ်တွင် ထာ၀ရဘုရားသခင်ကို အာဘရာဟံ၏ဘုရား၊ အီဇတ်၏ဘုရား၊ ယာကုပ်၏ဘုရား ဟူ၍ ခေါ်ဆိုကြောင်း ဖော်ပြထား၏။- ၃၈။ ထို့ကြောင့် ဘုရားသခင်သည် သေသူတို့၏ဘုရား မဟုတ်။ အသက်ရှင်သောသူတို့၏ ဘုရားဖြစ်တော်မူ၏။ အကြောင်းမူကား ခပ်သိမ်းသော သူတို့သည် ကိုယ်တော်၌ အသက်ရှင်ကြသောကြောင့်ဖြစ် သတည်းဟု မိန့်တော်မူ၏။- ၃၉။ ထိုအခါ ကျမ်းတတ်ဆရာ အချို့က ဆရာသခင်၊ ကိုယ်တော်သည် ကောင်းမွန်သင့်လျော်စွာပြောဆိုလေပြီဟု ပြန်ဖြေကြ၏။- ၄၀။ ထို့နောက် သူတို့သည် ကိုယ်တော့်ကို နောက်ထပ်မေးခွန်းများမမေးဝံ့ ကြတော့ချေ။

***ထောက်ရှုချက်*** တစ်စုံတစ်ယောက်၏ ချစ်ခြင်းကိုခံရ၍ ထိုသူ၏ပိုင်ဆိုင်မှုအောက်တွင် နေထိုင်ရလျှင် ဘဝသည် ပြည့်စုံနေသကဲ့သို့ ဖြစ်နေခြင်းများကို အားကျခြင်း၊ ကြွားဝါလိုခြင်းများ ကျွန်ုပ်တို့တွင် ရှိတတ် ကြပေမည်။ အတ္တများနှင့် ဆန္ဒနောက်သို့ လိုက်ပါနေခြင်းကို ဖြစ်တည်မှုဘဝဟုခံယူကာ အချစ်ဟူ၍ အနက်အဓိပ္ပါယ်ဖွင့်ဆိုပြီး စိတ်ကူးများနှင့်ကမ္ဘာသည် ခေတ္တခဏအတွက် လှနေကောင်း လှနေပေလိမ့်မည်။ ဤဘဝ၌ သမီးရည်းစားနှင့် ဇနီးမောင်နှံတို့၏ချစ်ခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် သေကွဲကွဲရပါလျှင် နောင်ဘဝတွင် ပေါင်းဖက်ခွင့်ရကြပါမည့်အကြောင်း ဆန္ဒပြုခြင်းများ၊ ဆုတောင်းခြင်းများ ပြုတတ်ကြသည်ကို အချို့သောနေရာများ၌ တွေ့ရှိကြရပေမည်။

ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင် သေခြင်း၏အခြားတစ်ဘက်၌ရှိသောဘဝကို ကိုယ်တော်ရှင် ဖေါ်ပြသည်မှာ နောင်ဘ၀ကိုလည်းကောင်း၊ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းကိုလည်းကောင်း ခံထိုက်သောသူတို့သည် ထိမ်းမြားပေးစားခြင်းမပြုကြတော့သည့်အကြောင်းနှင့် သူတို့သည် ရှင်ပြန်ထမြောက် ခြင်း၏ သားသမီးများဖြစ်ကြသဖြင့် ဘုရားသခင်၏ သားသမီးများ ဖြစ်လာကြပြီးလျှင် ကောင်းကင်တမန်တော်တို့နှင့် တူညီကြသောကြောင့် မသေနိုင်ကြတော့သည့်အ‌ကြောင်း နှုတ်မြွက်ထားပါသည်။ လောကီ၏ဝတ္တရား၊ ပုံမှန်ရှင်သန်လုပ်ဆောင်မှုများ၏သံသရာအလယ်တွင် ကျွန်ုပ်တို့ပါဝင်လှုပ်ရှားကြရပေမည်။ သို့သော် ကျွန်ုပ်တို့ယုံကြည်သူများသည် သေခြင်းကိုအောင်နိုင်သော ခရစ်တော်သခင်၏ သားသမီးများ ဖြစ်ကြပါသည်။ ဝိညာဉ်တော်မြတ်ဘုရား၏ အလင်းပေးမှု၌ ဘုရားရှင်၏ အလိုတော်ကိုရှာဖွေကာ ရှင်ပြန်ထမြောက်ထိုက်သောသူများဖြစ်ရန် ဤလောကရှင်သန်မှုဝယ် ကျင့်ကြံနေထိုင်ကြရန် လိုအပ်ပေသည်။ (အိုသခင် အတ္တချစ်ခြင်းများနှင့် ချုပ်နှောင်ခံရခြင်းမှ ကင်းလွတ်စေတော်မူပါ။ ကိုယ်တော်သည်သာ ကျွန်ုပ်၏ပဲ့ကိုင်ရှင်ဖြစ်စေပါ။)

 

Daily Reflection