နိုဝင်ဘာလ ၂၁ ရက်နေ့၊ ၂၀၂၂၊ တနင်္လာနေ့၊
သာမန်ကာလ (၃၄) ကြိမ်မြောက် သီတင်းပတ်။
(The Presentation of the Blessed Virgin Mary)
(လုကာ 21:1-4, ကက်သလစ်သမ္မာကျမ်းစာ CBCM)
By Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Sabina Hla Yee Win, ISR
“1. ကိုယ်တော်သည် လှမ်း၍ကြည့်လျှင် ဥစ္စာကြွယ်၀ချမ်းသာသော သူတို့သည် မိမိတို့၏အလှူငွေများကို ဘဏ္ဍာတော် သေတ္တာထဲသို့ ထည့်နေကြသည်ကို မြင်တော်မူ၏။ 2. ဆင်းရဲသော မုဆိုးမတစ်ယောက်သည်လည်း ကြေးနီပြားနှစ်ပြားထည့်နေသည်ကို ကိုယ်တော် မြင်တော်မူ၏။ 3. ကိုယ်တော်က သင်တို့အား ငါအမှန်ဆိုသည်ကား ဤဆင်းရဲသောမုဆိုးမသည် အခြားသူအားလုံးတို့ထက် ပို၍အလှူငွေ ထည့်ဝင်လေပြီ။ 4. အကြောင်းမူကား ထိုသူအားလုံးတို့သည် မိမိတို့၌ ပိုလျှံသောငွေထဲမှ အလှူထည့်ဝင်ကြ၏။ သူမမူကား ဆင်းရဲနွမ်းပါးသည့် အထဲမှ မိမိအသက်မွေးစရာရှိသမျှကို လှူဒါန်းလေပြီဟု မိန့်တော်မူ၏။”
***ထောက်ရှုချက်*** အလှူပေးတဲ့ပမာဏအနဲအများဆိုတာက ပေးတဲ့ငွေကိုမကြည့်ရဘူး အလှူပေးသူရဲ့ အနာခံပေးဆက်ခြင်းကိုကြည့်ရပါတယ်။ မုဆိုးမရဲ့အလှူက နဲနေပေးမယ့် သူမပေးဆက်ရတာအလွန်များပါတယ်။ သူမှာရှိသမျှငွေအားလုံးကိုပေးလိုတာပါ။ ထိုနေ့အတွက် စားစရိတ်မရှိတော့တဲ့အထိပေးခဲ့တာပါ။ အလှူပေးတဲ့ပမာဏအနဲအများဆိုတာက ပေးတဲ့ငွေကိုမကြည့်ရဘူး ပေးတဲ့သူရဲ့စိတ်နှလုံးသားကိုပဲကြည့်ရတယ်။ နှလုံးသားက မေတ္တာစေတနာကြီးမားနေရင် သူပေးတဲ့ငွေပမာဏဘယ်လောက်နဲနဲ ဘုရားရှေ့မှာ တန်ဖိုးကြီးတဲ့ အလှူဖြစ်ပါတယ်။