နိုဝင်ဘာလ ၂၂ ရက်နေ့၊ ၂၀၂၂၊ အင်္ဂါနေ့၊
သာမန်ကာလ (၃၄) ကြိမ်မြောက် သီတင်းပတ်။
(Saint Cecilia, Virgin, Martyr)
(လုကာ 21:5-11, ကက်သလစ်သမ္မာကျမ်းစာ CBCM)
By Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Sabina Hla Yee Win, ISR
“5. အချို့သောသူများက ဗိမာန်တော်သည် လှပသော ကျောက်တုံးများနှင့်လည်းကောင်း၊ ဘုရားသခင်ကို ဆက်ကပ်ပူဇော် ထားသည့် လှူဖွယ်ပစ္စည်းများနှင့်လည်းကောင်း တန်ဆာဆင်ထားကြောင်း ပြောဆိုကြ၏။ 6. ကိုယ်တော်က ယခုသင်တို့ မြင်တွေ့ကြရသော ဤအရာအားလုံးတို့သည် ကျောက်တုံး တစ်တုံးအပေါ် တစ်တုံး တင်၍ မကျန်ရစ်သည့်တိုင်အောင် အားလုံးပြိုပျက်သည့်နေ့များ ရောက်လာလိမ့်မည်ဟု မိန့်တော်မူ၏။ 7. ထိုအခါ သူတို့က ဆရာသခင်၊ ဤအရာများသည် မည်သည့်အချိန်ကာလတွင် ဖြစ်ပျက်မည်နည်း။ ဤသို့ မဖြစ်မီ မည်သည့် နိမိတ်လက္ခဏာများ ပေါ်ထွန်းမည်နည်းဟု မေးလျှောက်ကြလေ၏။ 8. ကိုယ်တော်ကလည်း သင်တို့သည် လှည့်ဖြားခြင်းမခံရစေရန် သတိပြုကြလော့။ အကြောင်းမူကား များစွာသောလူတို့သည် ငါ၏နာမ၌ လာကြ၍ ငါသည် ခရစ်တော်ဖြစ်၏။ အချိန်ကာလသည် နီးလာလေပြီဟု ဆိုကြလိမ့်မည်။ ထိုသူတို့၏နောက်သို့ မလိုက်ကြလေနှင့်။ 9. သင်တို့သည် စစ်ပွဲများနှင့် ပုန်ကန် ထကြွခြင်းအကြောင်းများကို ကြားရသောအခါ ထိတ် လန့်တုန်လှုပ်ခြင်းမရှိကြနှင့်။ အကြောင်းမူကား ဤအမှုအရာများသည် ပထမဦးစွာ ဖြစ်ပျက်ရမည်။ သို့ရာတွင် နောက်ဆုံးသော ကာလသည် ချက်ချင်း ရောက်လာလိမ့်မည် မဟုတ်ဟု မိန့်တော်မူ၏။ 10. ထို့နောက် သူတို့အား မိန့်တော်မူသည်ကား လူမျိုး တစ်မျိုးနှင့် တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံစစ်ဖြစ်ကြလိမ့်မည်။ 11. နေရာအရပ်ရပ်တို့၌ မြေငလျင်ပြင်းစွာလှုပ်ခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကပ်ရောဂါများ ကျရောက်ခြင်းတို့ ဖြစ်ပေါ် လိမ့်မည်။ ကောင်းကင်၌လည်း ကြောက်မက်ဖွယ်ရာနိမိတ်များနှင့် ကြီးကျယ်သော အမှတ်လက္ခဏာများ ဖြစ်ပေါ်လိမ့်မည်။-”
***ထောက်ရှုချက်***လောကရဲ့အလှအပတွေဟာတနေ့ပျောက်ကွယ်သွားလိမ့်မယ်။မပျောက်ကွယ်နိုင်တဲ့ထာဝရအလှတရားကမေတ္တာတရား၊သစ္စာတရား၊ဖြောင့်မှတ်ခြင်းတရားနဲ့ဘုရားရှင်ကို ယုံကြည်အားကိုးသူတွေရဲ့အတွက်ဘုရားရှင်ကိုယ်တိုင်ပြင်ဆင်ထားတဲ့ကောင်းကင်အိမ်တော်ပဲဖြစ်ပါတယ်။လောကပိုင်ဆိုင်မှုထက်ထာဝရအသက်ပိုင်ဆိုင်ဖို့ကိုအဓိကထားကြိုးစားလုပ်ဆောင်ကြပါစို့။