နိုဝင်ဘာလ ၂၃ ရက်နေ့၊ ၂၀၂၂၊ ဗုဒ္ဓဟူးနေ့၊
သာမန်ကာလ (၃၄) ကြိမ်မြောက် သီတင်းပတ်။
or Saint Clement I, Pope, Martyr
or Saint Columbanus, Abbot and Missionary
(လုကာ 21:12-19, ကက်သလစ်သမ္မာကျမ်းစာ CBCM)
By Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Sabina Hla Yee Win, ISR
“12. သို့သော် ဤအခြင်းအရာများ အားလုံးမဖြစ်ပျက်မီ လူတို့သည် ငါ၏နာမကြောင့် သင်တို့ကို ဖမ်းဆီးညှဉ်းဆဲကြလိမ့်မည်။ သူတို့သည် သင်တို့ကို တရားဇရပ်များနှင့် အကျဉ်းထောင်များတွင် အပ်နှံကြ၍ သင်တို့သည် ဘုရင်များနှင့် မြို့ဝန်များ၏ ရှေ့မှောက်သို့ ခေါ်ဆောင်ခြင်းခံကြရလိမ့်မည်။ 13. ဤသည်ကား သင်တို့ သက်သေခံရန် အချိန်အခါကောင်းဖြစ်လိမ့်မည်။ 14. ထို့ကြောင့် သင်တို့မည်ကဲ့သို့ဖြေကြားရမည်ကို ကြိုတင်၍ တွေးဆမထားရန် စိတ်ပိုင်းဖြတ်ကြလော့။ 15. အကြောင်းမူကား သင်တို့၏ ရန်သူများသည် သင်တို့ကို ငြင်းခုံဆန့်ကျင်ခြင်း မပြုနိုင်ရန် နှုတ်အစွမ်းနှင့် ဉာဏ်ပညာကို သင်တို့အား ငါပေးမည်။ 16. သင်တို့ကို သင်တို့၏ မိဘညီအစ်ကိုများ၊ ဆွေမျိုးနှင့် မိတ်ဆွေများကပင် အပ်နှံကြလိမ့်မည်။ သင်တို့တွင် အချို့ကို သူတို့သတ်ကြ လိမ့်မည်။ 17. သင်တို့သည် ငါ၏နာမကြောင့် လူအပေါင်းတို့၏မုန်းတီးခြင်းကို ခံကြရလိမ့်မည်။ 18. သို့သော် သင်တို့၏ဦးခေါင်းမှ ဆံခြည်တစ်ပင်မျှ ပျက်စီးဆုံးရှုံးလိမ့်မည်မဟုတ်။ 19. တည်ကြည် ခိုင်မာခြင်းအားဖြင့် သင်တို့သည် သင်တို့၏အသက်ကို ပိုင်ဆိုင်ကြလိမ့်မည်။”
***ထောက်ရှုချက်*** ကမ္ဘာလောကကြီးရဲ့ နောက်ဆုံးသောနေ့ရက်တွေမှာဘုရားရဲ့လူတွေ၊ ဘုရားရှင်၏ဝမ်းမြောက်ဖွယ်ရာသတင်းကောင်းကိုဟောပြောသက်သေခံကြသူတွေဟာများစွာ ဒုက္ခခံရမှာဖြစ်တဲ့အကြောင်း ကိုယ်တော်ဘုရားကကြိုတင်အသိပေးထားတာဖြစ်ပါတယ်။ဘယ်လိုအခက်အခဲ ဒုက္ခတွေရှိရှိ နောက်မဆုတ်ပဲရဲရင်စွာ၊ သစ္စာရှိစွာ ဆက်သက်သက်သေခံရမှာဖြစ်ပါတယ်။ပေးဆက်ခဲ့သမျှအတွက် ဆုလဒ်ဟာလည်းအရှေ့မှာ အဆင်သင့်ရှိနေပြီဖြစ်ပါတယ်။အဲ့ဒီဆုလဒ်ကတော့ ထာဝရအသက်ပါပဲ။