Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-11-23 16:50:17
နိုဝင်ဘာလ ၂၄ ရက်နေ့၊ ၂၀၂၂၊ ကြာသာပတေးနေ့၊
သာမန်ကာလ (၃၄) ကြိမ်မြောက် သီတင်းပတ်။
(Saints Andrew Dũng-Lạc and his Companions, Martyrs)

(လုကာ 21:20-28, ကက်သလစ်သမ္မာကျမ်းစာ CBCM)
By Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Sabina Hla Yee Win, ISR

“20. သို့ရာတွင် ဂျေရုဆလင်မြို့အား စစ်သည်များ ဝိုင်းရံလျက်ရှိသည်ကို သင်တို့မြင်ရသောအခါ ထိုမြို့၏ ပျက်စီးဆိတ်သုဉ်း ခြင်းသည် နီးလာပြီဟု သိမှတ်ကြလော့။ 21. ထိုအခါ ဂျူဒေးယပြည်တွင် ရှိသောသူတို့သည် တောင်ကုန်းများဆီသို့ ထွက်ပြေးကြစေ။ မြို့တွင်း၌ ရှိသောသူတို့သည် မြို့မှထွက်ခွာကြစေ။ တောအရပ်၌ ရှိကြသော သူတို့သည်လည်း မြို့တွင်းသို့မဝင်ကြစေနှင့်။ 22. အကြောင်းမူကား ထိုနေ့ရက်များသည် ကျမ်းစာတော်မြတ်၌ ရေးထားသမျှ ပြည့်စုံစေခြင်းငှာ အပြစ်ဒဏ်စီရင်မည့် နေ့ရက်များဖြစ် သောကြောင့်တည်း။ 23. ထိုနေ့ရက်တို့၌ ကိုယ်ဝန်ဆောင်သော မိန်းမတို့နှင့် နို့စို့သူငယ်ရှိသော မိခင်တို့သည် ဒုက္ခရောက်ကြလိမ့်မည်။ အကြောင်း မူကား ကမ္ဘာမြေကြီးပေါ်၌ ဆင်းရဲဒုက္ခကြီးစွာ ကျရောက်၍ ဤလူမျိုးအပေါ်သို့လည်း အမျက်တော် သက်ရောက်လိမ့်မည်။ 24. သူတို့သည် ဓားလက်နက်ဘေးဖြင့် သေဆုံးကြ၍ သုံ့ပန်းများအဖြစ် တိုင်းနိုင်ငံအပေါင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံကြရလိမ့်မည်။ လူမျိုးခြားတို့ ကြီးစိုးသည့် အချိန်ကာလ မကုန်မချင်း ဂျေရုဆလင်မြို့သည် ထိုသူတို့၏ နင်းခြေခြင်းကို ခံရလိမ့်မည်။ 25. နေ၊ လနှင့်ကြယ်များ၌ နိမိတ်လက္ခဏာများ ဖြစ်ပေါ်လာလိမ့်မည်။ ကမ္ဘာပေါ်၌လည်း ပင်လယ်နှင့် လှိုင်းတံပိုးတို့၏ မြည်ဟီးသံကြောင့် စိတ်ရှုပ်ထွေးနေကြသော လူမျိုးအပေါင်းတို့သည် ပူပင်သောကရောက်ကြလိမ့်မည်။ 26. လူတို့သည် ကမ္ဘာပေါ်၌ ဖြစ်လတ္တံ့သော ဘေးဒုက္ခများကို မျှော်တွေး၍ ကြောက်ရွံ့တုန်လှုပ်ကြလျက် မေ့မြောလဲကျ ကြလိမ့်မည်။ အကြောင်းမူကား ကောင်းကင်၏စွမ်းအား တန်ခိုးတို့သည် တုန်ခါကြလိမ့်မည်။ 27. ထို့နောက် လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်နှင့် မိုးတိမ်အတွင်းမှ ကြွလာတော်မူသည်ကို သူတို့ မြင်ကြရလိမ့်မည်။ 28. ဤအခြင်းအရာများ စတင်ဖြစ်ပေါ်လာသောအခါ သင်တို့သည် မျှော်ကြည့်ကြလျက် သင်တို့၏ဦးခေါင်းကို မော့ထား ကြလော့။ အကြောင်းမူကား သင်တို့၏ ကယ်တင်ခြင်းသည် နီးလာလေပြီဟု မိန့်တော်မူ၏။”

***ထောက်ရှုချက်*** "ထို့နောက် လူသားသည် ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်နှင့် မိုးတိမ်အတွင်းမှ ကြွလာတော်မူသည်ကို သူတို့ မြင်ကြရလိမ့်မည်။"  ကျွန်ုပ်တို့ နေထိုင်ရာဒီကမ္ဘာကြီးဟာ တနေ့ပျက်စီးပျောက်ကွယ် သွားမှာပါပဲ။ လောကရှိအရာတွေမှာ ဘယ်အရာမှမတည်မြဲပါဘူး။ မတည်မြဲတဲ့အရာတွေအပေါ်မှာသာ မိမိဘဝကို မြုပ်နှံမထားပါနဲ့။ ထာဝရတည်မည့် ကောင်းကင်သုခချမ်းသာအတွက်လည်း ့စဥ်ရှာဖွေစုစောင်းရင်း အသက်တာကိုရှင်သန်ကြပါစို့။

Daily Reflection