နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၂၁၊ သောကြာနေ့၊
သာမန်ကာလ (၃၄) ကြိမ်မြောက် သီတင်းပတ်
(ဒံယေလ 7:1-14, Judson)
(ရှင်လုကာ 21:29-33, ကက်သလစ်သမ္မာကျမ်းစာ CBCM)
By Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Sabina Hla Yee Win, ISR
13. ထိုညဉ့်အခါ ငါသည် အာရုံပြု၍၊ လူသားနှင့် တူသောသူတဦးသည် မိုဃ်းတိမ်ကိုစီးလျက်၊ အသက်ကြီး သော သူ၏အထံတော်သို့ ရောက်လာ၏။ ထိုသူကို အထံတော်ပါးသို့သွင်းကြ၏။ 14. အရပ်ရပ်တို့၌နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသောလူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှာ၊ ထိုသူသည် နိုင်ငံနှင့် တကွ အာဏာစက်တန်ခိုးကိုရ၏။ အာဏာစက်တော် သည် ကမ္ဘာအဆက်ဆက်တည်၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့ မရောက်နိုင်ရာ။”
****“29. ထို့နောက် ကိုယ်တော်သည် သူတို့အား ပုံဥပမာတစ်ခုကို မိန့်တော်မူသည်ကား သဖန်းပင်နှင့် သစ်ပင်ရှိသမျှကို ကြည့်ကြလော့။30. ရွက်သစ်များ ထွက်လာသည်ကို သင်တို့မြင်သည်နှင့် နွေရာသီရောက်လုနီးပြီဟု သင်တို့သိကြလေပြီ။31. ထိုနည်းတူ သင်တို့သည်လည်း ဤအခြင်းအရာများ ဖြစ်ပျက်သည်ကို မြင်ရသောအခါ ဘုရားသခင်၏ နိုင်ငံတော်သည် နီးလာပြီဟု သိမှတ်ကြလော့။ 32. သင်တို့အား ငါအမှန်ဆိုသည်ကား ဤအရာများအားလုံးဖြစ်ပျက်ပြီးသည့်တိုင်အောင် ဤလူမျိုးဆက်သည် ကွယ်ပျောက် လိမ့်မည်မဟုတ်။ 33. ကောင်းကင်နှင့်မြေကြီး ကွယ်ပျောက်သွားသော်လည်း ငါ၏စကားများမူကားကွယ်ပျောက်လိမ့်မည်မဟုတ်။”
***ထောက်ရှုချက်*** ပထမကျမ်းမှာ ယေဇူးသခင်က လူမျိုးတကာကို အုပ်စိုးဖို့ နိုင်ငံတေည်နှင့်တကွ အာဏာစက်ကိုရတယ် ဆိုတဲ့အကြောင်း ဒံယေလကျမ်းက ကြိုတင်နိမိတ်ပေးခဲ့တာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ မှာ ယေဇူးဘုရင်ပွဲတော်ကြီးကို ကျင်းပခဲ့ပါတယ်။ ယေဇူးသခင်က ဘုရင်တကာတို့ရဲ့ဘုရင်၊ အရှင်တကာတို့ရဲ့အရှင်ဖြစ်ပါတယ်။ ကပ်ကမ္ဘာကုန်တဲ့ နောက်ဆုံးသောအချိန်ကာလမှာ လူသတ္တဝါခပ်သိမ်းကို စီရင်စစ်ကြောဖို့၊ တဖန်ကြွလာအုံးမှာဖြစ်ပါတယ်။ စီရင်စစ်ကြောခြင်းပြီးသွားတဲ့အခါ လောကစကြဝဠာတစ်ဝှမ်းလုံးကို ထာဝစဉ်အုပ်းစိုးပါလိမ့်မယ်။ ကျွန်ုပ်တို့ ယုံကြည်သူများကတော့ နောက်ဆုံးသောအချိန်ကာလကို သတိနဲ့စောင့်မျှော်ရင်း ပြင်ဆင်ကြိုဆိုကြဖို့ ယေဇူးသခင်က အကြိမ်ကြိမ် မှာကြားခဲ့ပါတယ်။ နေ့ရက်အချိန်ကိုမသိတဲ့အတွက် အမြဲတမ်းသတိဝိရိယနဲ့ စောင့်မျှော်ကြပါစို့။