နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၂၂၊ စနေနေ့၊
သာမန်ကာလ (၃၄) ကြိမ်မြောက် သီတင်းပတ်
(လုကာ 21:34-36, ကက်သလစ်သမ္မာကျမ်းစာ CBCM)
By Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Sabina Hla Yee Win, ISR
“34. သို့သော်လည်း သင်တို့သည် သုံးဖြုန်းပျော်ပါးခြင်း၊ သောက်စားမူးယစ်ခြင်းနှင့် လောကီရေးရာအတွက် စိုးရိမ်ခြင်းတို့ဖြင့် စိတ်နှလုံး လေးလံဖိစီးမှု မရှိစေရန် သတိပြုကြလော့။ သို့မဟုတ်လျှင် ထိုနေ့ရက်သည် ကျော့ကွင်းကဲ့သို့ သင်တို့အပေါ်သို့ ရုတ်တရက်ကျရောက်လိမ့်မည်။ 35. အကြောင်းမူကား ထိုနေ့ရက်သည် မြေမျက်နှာပြင်တစ်ခုလုံးတွင် နေထိုင်ကြသော သူများအားလုံးအပေါ်သို့ ကျရောက် လိမ့်မည်။ 36. သင်တို့မူကား သတိဝီရိယနှင့် အချိန်ပြည့် စောင့်နေကြလော့။ ဖြစ်လတ္တံ့သောဤအကြောင်း အရာအားလုံးတို့မှ လွတ်မြောက်နိုင်စွမ်းရှိရန်နှင့် လူသား၏ ရှေ့မှောက်တွင် ရပ်တည်နိုင်ရန် ဆုတောင်းကြလော့ ဟုမိန့်တော်မူ၏။”
***ထောက်ရှုချက်***"ထိုနေ့ရက်သည် ကျော့ကွင်းကဲ့သို့ သင်တို့အပေါ်သို့ရုတ်တရက်ကျရောက်လိမ့်မည်။သင်တို့မူကား သတိဝီရိယနှင့် အချိန်ပြည့် စောင့်နေကြလော့။"သခင်ဘုရားကြွလတဲ့အချိန် လူသားတွေ အဆင်သင့်ရှိကြမှာလား။ရှင်လုကာ17:26-29 ဖော်ပြထားတာက-“26. နောဧ၏လက်ထက်၌ ဖြစ်ပျက်ခဲ့သည့်အတိုင်းပင် လူသား၏နေ့ရက်များတွင်လည်း ဖြစ်လိမ့်မည်။
နောဧ27. နောဧသည် သင်္ဘောထဲသို့ဝင်ပြီးနောက် ရေလွှမ်းမိုးခြင်း ကျရောက်သဖြင့်လူအားလုံး သေကြေပျက်စီးခဲ့ကြသည့် နေ့ရက် တိုင်အောင် လူတို့သည်စားသောက်လျက်၊ ထိမ်း မြားပေးစားလျက် နေခဲ့ကြ၏။
လောတ 28. လောတ၏လက်ထက်၌လည်း လူတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ တည်ဆောက် လျက်နေခဲ့ကြ ၏။ 29. သို့ရာတွင် လောတသည် ဆောဒိုမာမြို့မှ ထွက်ခွာသွားသောနေ့၌ ကောင်းကင်မှ မီးနှင့်ကန့်မိုးတို့ ရွာသွန်းသဖြင့် လူအားလုံး သေကြေပျက်စီးခဲ့ကြ၏။ "ဘုရားသခင်၏နိုင်ငံတော်သည် စားခြင်းနှင့် သောက်ခြင်းမဟုတ်ဘဲ ဖြောင့်မတ်ခြင်း၊ ငြိမ်းချမ်းသာ ယာခြင်းနှင့် ဝိညာဉ်တော်မြတ်၌ ဝမ်းမြောက်ရွှင်လန်းခြင်းတို့ပင်ဖြစ်၏။-” (ရောမ 14:17, ကက်သလစ်သမ္မာကျမ်းစာ CBCM) သတိဝိရိယနဲ့ စောင့်မျှော်နေသူများဖြစ်ဖို့ ကြိုးစားကြပါစို့။