နိုဝင်ဘာလ ၂၇ ရက်နေ့၊ ၂၀၂၂၊
တနင်္ဂနွေနေ့၊ အာဒဝင်တူးကာလပထမပတ်။
By Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Sabina Hla Yee Win, ISR
(ဟေရှာယ 2:1-5, Judson)
“1. ယုဒပြည်နှင့် ယေရုရှလင်မြို့ကို ရည်ဆောင်၍၊ အာမုတ်၏သားဟေရှာယခံရသော ဗျာဒိတ်တော်အချက် ဟူမူကား၊2. နောက်ဆုံးသော ကာလ၌ ထာဝရဘုရား၏ အိမ်တော်တည်သောတောင်သည် တောင်ကြီးတောင်ငယ်တို့၏ ထိပ်ပေါ်မှာ ချီးမြှောက်၍ တည်လိမ့်မည်။ ခပ်သိမ်း သောလူမျိုးတို့သည်ထိုတောင်သို့ စည်းဝေးကြလိမ့်မည်။ 3. များပြားသောသူတို့ကလည်း၊ လာကြလော့။ထာဝရဘုရား၏တောင်တော်၊ ယာကုပ်အမျိုး၏ ဘုရားသခင့်အိမ်တော်သို့တက်သွားကြကုန်အံ့။ လမ်းခရီးတော် တို့ကို ပြသသွန်သင်တော်မူ၍၊ ငါတို့သည်ခြေတော်ရာသို့ လိုက်သွားကြမည်ဟု ခရီးသွားလျက် ပြောဆိုကြလိမ့်မည်။တရားတော်သည် ဇိကုန်တောင်မှ၎င်း၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည်ယေရုရှလင်မြို့မှ၎င်း၊ ပေါ်ထွက် လိမ့်မည်။4. ထာဝရဘုရားသည်လူမျိုးတို့တွင် တရားစီရင် ၍၊ များပြားသောသူတို့ကို ဆုံးမတော်မူသဖြင့်၊သူတို့ ထားလက်နက်များကို တံစဉ်ဖြစ်စေခြင်းငှါ၎င်း ထုလုပ်ကြ လိမ့်မည်။တပြည်ကို တပြည်စစ်မတိုက်၊ စစ်အတတ်ကို လည်း နောက်တဖန်မသင်ရကြ။5. အိုယာကုပ် အမျိုးသားတို့၊ လာကြလော့။ ထာဝရဘုရား၏အလင်းတော်၌ ကျင်လည်ကြကုန်အံ့။” ************
(ရောမ 13:11-14, ကက်သလစ်သမ္မာကျမ်းစာ CBCM) “11. ...ယခုအချိန်သည် သင်တို့အိပ်ရာမှ နိုးထရမည့်အချိန်ဖြစ်ကြောင်းသင်တို့အသိပင်ဖြစ်၏။အဘယ်ကြောင့်ဆိုသော် ယခုအခါတွင် ကယ်တင်ခြင်းသည်ငါတို့ယုံကြည်သူများ ဖြစ်လာခဲ့ကြသည့်ပထမဆုံးနေ့ရက်ထက် ပို၍နီးကပ်လာသောကြောင့်ဖြစ်၏။ 12. ညအချိန် ကုန်လုပြီဖြစ်၍ နေ့အချိန်ရောက်တော့မည်။ထို့ကြောင့် ငါတို့သည် မှောင်မိုက်နှင့်ဆိုင်သော အကျင့်ကိုစွန့်ပယ်၍အလင်းတရားနှင့်ဆိုင်သော လက်နက်တန်ဆာကို ဝတ်ဆင်ကြပါစို့။ 13. နေ့အချိန်အလင်းရောင်အောက်၌ ပြုလုပ်သကဲ့သို့ ငါတို့သည် သင့်တင့်လျောက်ပတ်စွာပြုကျင့်နေထိုင်ကြပါစို့။ အပျော်ကြူးခြင်း၊ သောက်စားမူးယစ်ခြင်း၊ကာမဂုဏ်လိုက်စားခြင်း၊ ကိလေသာအမှု၌ညစ်ညူးခြင်း၊ ခိုက်ရန်ဖြစ်ပွားခြင်းနှင့်မနာလိုခြင်းတို့ကို ရှောင်ကြဉ်ကြပါစို့။ 14. သို့သော်လည်းယေဇူးခရစ်တော်သခင်ကိုမူ ဆင်မြန်းကြလော့။ ကိုယ်ကာယ၏တပ်မက်မှု အလိုဆန္ဒကိုမည်သို့ ဖြည့်ဆည်းမည့်အကြောင်း မတွေးတောကြနှင့်။” ***************
( မာတေဦး 24:37-44, ကက်သလစ်သမ္မာကျမ်းစာ CBCM) “37. လူသား ၏ကြွလာတော်မူခြင်းသည် နောဧလက်ထက်ကကဲ့သို့ ပင်ဖြစ်လိမ့်မည်။ 38. အကြောင်းမူကား ရေမလွှမ်းမိုးမီကာ လ၌ နောဧသည်သင်္ဘောအတွင်းသို့ဝင်သည့်နေ့ရက် တိုင်အောင် လူတို့သည် စားသောက် ကြလျက်ထိမ်းမြား ပေးစားလျက် ရှိနေခဲ့ကြ၏။ 39. ရေလွှမ်းမိုးခြင်းရောက်လာ ၍သူတို့အားလုံးကို သုတ်သင်ဖယ်ရှားသည့်တိုင်အောင် ထိုသူတို့သည်သတိမမူဘဲနေခဲ့ကြသကဲ့သို့ လူသား၏ ကြွလာတော်မူခြင်းသည်လည်းထိုသို့ဖြစ်လိမ့်မည်။ 40. ထို အခါ လယ်ထဲတွင်ရှိသောလူနှစ်ယောက်တို့အနက် တစ် ယောက်သည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ယောက်မှာ ကျန်ရစ်လိမ့်မည်။ 41. ကြိတ်ဆုံကြိတ်လျက်ရှိသောအမျိုး သမီးနှစ်ယောက်အနက် တစ်ယောက်သည် ခေါ်ဆောင် သွားခြင်းခံရ၍ တစ်ယောက်မှာမူ ကျန်ရစ်လိမ့်မည်။ 42. ထို့ကြောင့် သတိနှင့်စောင့်နေကြလော့။ အကြောင်းမူ ကား သင်တို့၏သခင်ဘုရားကြွလာတော်မူမည့်အချိန်ကို သင်တို့မသိကြ။ 43. သူခိုးလာမည့်အချိန်နာရီကို အိမ်ရှင်သိ ပါလျှင်မိမိအိမ်ကိုမဖောက်ထွင်းစေရန် ဧကန်မုချစောင့် နေမည်ဖြစ်ကြောင်းကိုမူသင်တို့သိမှတ်ကြလော့။ 44. ထို့ ကြောင့် သင်တို့သည်လည်း အသင့်ရှိကြလော့။ အကြောင်း မူကား သင်တို့မမျှော်လင့်သောအချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။”
***ထောက်ရှုချက် *** "လူသား ၏ကြွလာတော်မူခြင်းသည် နောဧလက်ထက်ကကဲ့သို့ ပင်ဖြစ်လိမ့်မည်။" ကမ္ဘာကုန်ချိန်မှာ လည်း နောဧလက်ထက်ကလိုပဲ လူတွေဟာ အချိန်နီးကပ်လာတာကိုမသိပဲ ဘဝအသက်တာပြင်ဆင်မှုမရှိ၊ ပြောင်းလဲမှုမရှိပဲ ပျက်စီးကြအုံးမှာပဲ ဆိုတာကိုသတိပေးနေတာဖြစ်ပါတယ်။လူနှစ်ယောက်တို့အနက် တစ်ယောက်သည် ခေါ်ဆောင်သွားခြင်းခံရ၍ တစ်ယောက်မှာကျန်ရစ်လိမ့်မည်။ တစ်ယောက်က ကယ်တင်ခြင်းခံရပြီး တစ်ယောက်က ပျက်စီးဆုံးရှုံးမယ်လို့ပြောတာဖြစ်ပါတယ်။ပျက်စီးခြင်းအထဲပါမည့်သူကိုယ်မဖြစ်ပါစေနဲ့။ သင်တို့မမျှော်လင့်သောအချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။” ထို့ကြောင့် သတိနှင့်စောင့်နေကြလော့။