Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-11-27 19:07:49
နိုဝင်ဘာလ ၂၈ ရက်နေ့၊ ၂၀၂၂၊ တနင်္လာနေ့၊ 
အာဒဝင်တူးကာလ ပထမပတ်။
(မာတေဦး 8:5-11, ကက်သလစ်သမ္မာကျမ်းစာ CBCM)
By Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Sabina Hla Yee Win, ISR

“5. ကိုယ်တော်သည် ကာဖာနာအုမ်မြို့သို့ကြွဝင်တော် မူသောအခါ လူတစ်ရာတပ်မှူးတစ်ယောက်သည် အထံတော်သို့ချဉ်း ကပ်ပြီး လျှင်၊ 6. သခင်၊ အကျွန်ုပ်၏အစေခံ တစ်ယောက်သည် လေဖြတ်သည့်ရောဂါဖြင့် ဝေဒနာပြင်း ထန်စွာ ခံစားလျက် အိမ်တွင် လဲလျောင်းနေပါသည်ဟု လျှောက်ထားလေ၏။ 7. ထိုအခါ ကိုယ်တော်က ငါလာ၍ ထိုသူကို ကုသပျောက်ကင်းစေမည်ဟု သူ့အား မိန့်တော်မူ၏။ 8. သို့သော် လူတစ်ရာတပ်မှူးက ပြန်၍လျှောက်သည် မှာ သခင်၊ အကျွန်ုပ်၏အိမ်မိုးအောက်သို့ ကိုယ်တော်ကြွ ဝင်တော်မူခြင်းကို အကျွန်ုပ်မခံထိုက်ပါ။ သို့သော် တစ်ခွန်း မျှသာ အမိန့်ရှိတော်မူပါလျှင် အကျွန်ုပ်၏အစေခံသည် ရောဂါ ပျောက် ကင်းပါလိမ့်မည်။ 9. အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်သည် မင်းအာဏာစက်အောက်တွင်နေ ရသူဖြစ်ပြီး အကျွန်ုပ်၏ လက်အောက်တွင်လည်း စစ်သားများရှိပါ၏။ အကျွန်ုပ်က တစ်ယောက်ကိုသွားလော့ ဟုဆိုလျှင် ထိုသူသည် သွားပါ၏။ အခြားတစ်ယောက် ကို လာခဲ့ဟုဆိုလျှင် ထိုသူသည် လာပါ၏။ အကျွန်ုပ်၏ အစေခံကိုလည်း ဤအမှုကိုပြုလော့ဟုဆိုလျှင် သူသည် ပြုလုပ်ပါ၏ဟု လျှောက်လေ၏။ 10. သူ၏စကားကို ယေဇူး ကြားလျှင် အံ့ဩ၍ မိမိနောက်တော်တွင်လိုက်ပါလာကြ သောသူတို့အား မိန့်တော်မူသည်မှာ သင်တို့အား ငါအမှန် ဆိုသည်ကား ဤမျှလောက်ကြီးမားသောယုံကြည်ခြင်းကို အစ္စရာအဲလ်လူမျိုး၌ပင် ငါမတွေ့ဖူးသေး။ 11. သင်တို့အား ငါဆိုသည်ကား အရှေ့နှင့် အနောက်အရပ်တို့မှ လူများစွာ တို့သည် လာကြ၍ ကောင်းကင်နိုင်ငံတော်၌ အာဘရာဟံ၊ အီဇတ်၊ ယာကုပ်တို့နှင့်အတူ စားသောက်ပွဲတွင်ထိုင်ကြလိမ့်မည်။-”

 

***ထောက်ရှုချက် *** "သခင်၊ အကျွန်ုပ်၏အိမ်မိုးအောက်သို့  ကိုယ်တော်ကြွ ဝင်တော်မူခြင်းကို အကျွန်ုပ်မခံထိုက်ပါ။ သို့သော် တစ်ခွန်း မျှသာ အမိန့်ရှိတော်မူပါလျှင်  အကျွန်ုပ်၏အစေခံသည် ရောဂါ ပျောက် ကင်းပါလိမ့်မည်။" လူတရာတပ်မှုးကိုသဘောကျတယ်။  မိမိမှာရာထူး အာဏာရှိပေမယ့် မိမိရဲ့ကျွန်တစ်ယောက်ကျန်းမာဖို့ ခြေသလုံးအိမ်တိုင်သွားလာနေတဲ့ မိမိတို့ရဲ့ အုပ်ချုပ်ခံလူမျိုး၊ တရားဟောဆရာတစ်ဦးကို ယုံကြည်ခြင်းနဲ့ ချဥ်းကပ်ခဲ့တယ်။ နိမ့်ချစွာနဲ့ အသနားခံခဲ့တယ်။ မိမိရဲ့ကျွန်ကို ကျွန်လိုမဆက်ဆန်ပဲ၊ သားတစ်ယောက်လိုဂရုစိုက်ခဲ့တယ်။ ယေဇူးသခင်ကိုလည်း ရိုသေလေးစားမှုရှိတယ်။ အိမ်ထိမလားပဲ စကားတစ်ခွန်းနဲ့ အဝေးကနေမိန့်ကြားလည်း သူ့ရဲ့ကျွန်ဟာ ကုသခံရမယ်လို့ယုံကြည်ခဲ့တယ်။  ဒါဟာ ကယ်တင်ရှင်နဲ့ ထိုက်တန်စေတဲ့စိတ်ထားပါပဲ။ သူ့ရဲ့ဆန္ဒအားလုံးပြည့်ဝခဲ့တဲ့အပြင် ယေဇူးသခင်ရဲ့ချီးမွမ်းခြင်းကိုလည်း ခံခဲ့ရပါတယ်။ လူတစ်ရာတပ်မှူးကိုအတုယူကြပါစို့။

Daily Reflection