နိုဝင်ဘာလ ၂၉ ရက်နေ့၊ ၂၀၂၂၊ အင်္ဂါနေ့၊
အာဒဝင်တူးကာလ ပထမပတ်။
By Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Sabina Hla Yee Win, ISR
(ဟေရှာယ 11: 1-10)
1. ယေရှဲအမျိုးအငုတ်၌ အတက်ပေါက်လိမ့်မည်။ သူ၏အမြစ်တို့တွင် အညွန့်သည် အသီးသီးလိမ့်မည်။2. ထာဝရဘုရား၏ ဝိညာဉ်တော်တည်းဟူသော ဉာဏ်ပညာကို ပေးသောဝိညာဉ်၊ ကြံစည်တတ်စွမ်းနိုင် သော သတ္တိကိုပေးသောဝိညာဉ်၊ ထာဝရဘုရားကိုသိ၍ကြောက်ရွံ့သောသဘောကို ပေးသောဝိညာဉ်တော်သည် ထိုသူအပေါ်မှာကျိန်းဝပ်တော်မူလိမ့်မည်။3. ထိုသူသည် ထာဝရဘုရားကို ကြောက်ရွံ့ခြင်း၌မွေ့လျော်သည်ဖြစ်၍၊ မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်၊မိမိနားကြားသည်အတိုင်းမဆုံးဖြတ်ဘဲ၊4. ဆင်းရဲသားတို့၏ အမှုကိုတရားတော်အတိုင်း စီရင်၍၊နှိမ့်ချသော မြေကြီးသားတို့ဘက်၌ နေလျက်၊ ဖြောင့်မတ်စွာဆုံးဖြတ်လိမ့်မည်။ မြေကြီးကိုနှုတ်ကပတ်တော် လှံတံနှင့် ဒဏ်ခတ်၍၊ဆိုးသောသူကို နှုတ်ခမ်းထွက်သက်နှင့် ကွပ်မျက်လိမ့်မည်။ 5. တရားနှင့်သစ္စာသည် သူ၏ ခါးပန်း ခါးစည်း ဖြစ်လိမ့်မည်။6. တောခွေးသည် သိုးသငယ်နှင့်အတူ နေလိမ့် မည်။ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူအိပ်လိမ့် မည်။ နွားသငယ်၊ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသော အကောင်တို့သည်အတူသွားလာကြ၍၊လူသူငယ်သည် သူတို့ကို ပို့ဆောင်လိမ့်မည်။7. နွားမနှင့်ဝံမသည် အတူကျက်စား၍၊သူတို့ သားငယ်များသည် အတူအိပ်ကြလိမ့်မည်။ ခြင်္သေ့သည် လည်း နွားကဲ့သို့ မြက်ကိုစားလိမ့်မည်။8နို့စို့သူငယ်သည်လည်း မြွေဆိုးတွင်းပေါ်မှာ ကစားလိမ့်မည်။ နို့ကွာသော သူငယ်သည်လည်း၊ မြွေ ဟောက်တွင်းဝ၌ မိမိလက်ကိုသွင်းလိမ့်မည်။9ငါ၏သန့်ရှင်းသောတောင်တပြင်လုံး၌ အချင်း ချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။ အကြောင်း မူကား၊ပင်လယ်ရေသည် မိမိနေရာကို လွှမ်းမိုးသကဲ့သို့၊မြေကြီးသည် ထာဝရဘုရားကို သိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်။ 10ထိုကာလ၌ယေရှဲ၏အမြစ်သည် ပေါက်၍၊လူ များအဘို့ထူသောအလံ ဖြစ်လိမ့်မည်။ ထိုအလံ၌ တပါးအမျိုးသားတို့သည်ဆည်းကပ်ကြလိမ့်မည်။ကျိန်းဝပ်တော်မူ ရာအရပ်သည်လည်းဘုန်းကြီးလိမ့်မည်။
(လုကာ 10:21-24, ကက်သလစ်သမ္မာကျမ်းစာ CBCM) “21. ထိုအချိန်နာရီ၌ပင် ကိုယ်တော်သည် ဝိညာဉ်တော်မြတ်၌ ဝမ်းမြောက်တော်မူသဖြင့်မြွက်ဆိုသည်ကား မိုးနှင့် မြေကို အစိုးရတော်မူသောအဖ၊ ကိုယ်တော်သည်ပညာသတိနှင့်ပြည့်စုံသောသူတို့အား ဤအရာများကို ထိမ်ဝှက်ထားတော်မူလျက်ငယ်ရွယ်သူတို့အား ဖော်ပြတော်မူသည်ဖြစ်၍ ကိုယ်တော်ကိုကျေးဇူးတင်ချီးမွမ်းပါ၏။ မှန်ပါ၏အဖ၊ ဤသည်ကား ကိုယ်တော်၏ကောင်းမြတ်သောအလိုတော်ဖြစ်ပါ၏။ 22. ငါ၏ခမည်းတော်သည်ခပ်သိမ်းသောအရာတို့ကို ငါ့အား အပ်နှင်းတော်မူပြီ။ ခမည်းတော်မှတစ်ပါးမည်သူမျှ သားတော်ကိုမသိ။ သားတော်နှင့် သားတော်က ဖော်ပြရန်ရွေးချယ်ထားသူတို့ မှတစ်ပါး မည်သူမျှခမည်းတော်ကို မသိကြဟု မိန့်တော်မူ၏။23. ထို့နောက် ကိုယ်တော်သည် တပည့်တော်တို့ဘက်သို့လှည့်၍ သင်တို့ မြင်တွေ့ရသော အရာများကို မြင်ရသော မျက်စိတို့သည် မင်္ဂလာရှိကြ၏။ 24. အကြောင်းမူကား သင်တို့အား ငါဆိုသည်မှာ များစွာသောပရောဖက်တို့နှင့်ဘုရင်တို့သည် သင်တို့မြင်ရသောအရာများကို မြင်လိုခဲ့ကြသော်လည်း မမြင်ခဲ့ကြရ။သင်တို့ကြားသော အရာများကို ကြားလိုခဲ့ကြသော်လည်း မကြားခဲ့ကြရဟု သူတို့အားသီးခြားမိန့်တော်မူ၏။”
***ထောက်ရှုချက်*** "များစွာသောပရောဖက်တို့နှင့် ဘုရင်တို့သည် သင်တို့မြင်ရသောအရာများကို မြင်လိုခဲ့ကြသော်လည်း မမြင်ခဲ့ကြရ။ သင်တို့ကြားသော အရာများကို ကြားလိုခဲ့ကြသော်လည်း မကြားခဲ့ကြ။" (လုကာ 10:24) ခရစ်ယန်တွေ ဖြစ်တဲ့ ကျွန်ုပ်တို့တွေရရှိခံစားနေရတဲ့ ကောင်းချီးဆုကျေးဇူးတော်တွေက များလှပါတယ်။ ရှေးပရောဖက်များနဲ့ ဘုရင်တွေက ဒီအရာတွေကိုတမ်းတခဲ့ကြသော်လည်း မရခဲ့ကြပါဘူး။ မိမိတို့ခံစားရရှိသောကျေးဇူးတော်များကိုရေတွက်ပြီး ဘုရားရှင်ကို ကျေးဇူးတင်သင်လှပါတယ်။