နိုဝင်ဘာလ ၃၀ ရက်နေ့၊ ၂၀၂၂၊ ဗုဒ္ဓဟူးနေ့၊
အာဒဝင်တူးကာလ ပထမပတ်။
Saint Andrew, Apostle - Feast
(မာတေဦး 4:18-22, ကက်သလစ်သမ္မာကျမ်းစာ CBCM)
By Rev. Fr. Bosco Saw Lar Htoo
Posted by Sr. Sabina Hla Yee Win, ISR
“18. ယေဇူးသည် ဂါလေလေးယပင်လယ်ကမ်းခြေ တစ်လျှောက်ကြွသွားတော်မူစဉ် ပင်လယ်၌ ပိုက်ကွန်ချ နေသော တံငါသည် ညီအစ်ကိုနှစ်ဦးဖြစ်သည့် ပေတရု ဟုအမည်ရသောစီမွန်နှင့် သူ၏ညီ အန္ဒြေးယတို့ကိုမြင်တော်မူ၏။ 19. ထိုအခါ ကိုယ်တော်က သူတို့အား ငါ့နောက် သို့လိုက်ကြလော့၊ ငါသည် သင်တို့အား လူကိုဖမ်းသော တံငါသည်များဖြစ်စေ မည်ဟု မိန့်တော်မူ၏။ 20. သူတို့သည် လည်း ချက်ချင်းပင် မိမိတို့၏ပိုက်ကွန်များကိုထားခဲ့၍ ကိုယ်တော်၏နောက်တော်သို့လိုက်ကြလေ၏။ 21. ကိုယ်တော်သည် ထိုအရပ်မှ ရှေ့သို့ဆက်၍ ကြွသွားတော်မူ သောအခါ ဇေဘေဒေးဦး၏သားများဖြစ်သည့် ယာကုပ်နှင့် သူ၏ညီ ယောဟန်တည်းဟူသော အခြားညီအစ်ကို နှစ်ဦးသည် မိမိတို့၏ဖခင်နှင့်အတူ လှေထဲတွင် မိမိတို့၏ ပိုက်ကွန်များအား ဖာထေးနေကြသည်ကိုမြင်တော်မူ၍ သူတို့ကိုလည်း ခေါ်တော်မူ၏။ 22. သူတို့သည်လည်း ချက်ချင်းပင် လှေနှင့် မိမိတို့၏ဖခင်ကိုထားခဲ့ပြီးလျှင် ကိုယ်တော်၏ နောက်တော်သို့လိုက်ကြလေ၏။”
***ထောက်ရှုချက်*** "ငါ့နောက် သို့လိုက်ကြလော့။"ယေဇူးသခင်ကသူ့ရဲ့ နောက်လိုက်တမန်တော်ကြီးများဖြစ်ဖို့ ရိုးရိုးသာမန်လူတွေကိုဖိန်ခေါ်ခဲ့ပါတယ်။ သူတို့တွေ ကိုယ်တော်နောက်သို့ ချက်ချင်းလိုက်ခဲ့ကြတယ်။ရာထူးသြဇာရှိသူတွေ၊ပညာတတ်တွေ၊ ကျမ်းတတ်ဆရာတွေ၊ ဥစ္စာချမ်းသာကြွယ်ဝသူတွေကိုသူမခေါ်ခဲ့ပါဘူး။အခေါ်ခံရတဲ့ ချမ်းသာသူတချို့ကလည်းသူ့နောက်မလိုက်နိုင်ခဲ့ကြဘူး။ဘာကြောင့်လဲ။ခရစ်တော်ရဲ့ တမန်တော်ဖြစ်ဖို့ အောက်ပါအရည်အချင်းတွေလိုပါတယ်၊၁) ဖိတ်ခေါ်သံကိုကြားရမယ်၂) ဘာအခွင့်အရေးရမလဲ မမေးရဘူး၃) ဖိတ်ခေါ်သံကို ချက်ချင်းတုန့်ပြန်သူဖြစ်ရမယ်၄) အရာရာကို စွန့်လွတ်ရဲရမယ်။
ခရစ်တော်က သူ့နောက်လိုက်များကို လောကီဆိုင်ရာတွေ ပိုင်ဆိုင်ဖို့ အာမမခံခဲ့ပါဘူး။"ယေဇူးကလည်းမြေခွေးတို့၌ တွင်းများရှိကြ၏။ ကောင်းကင်ငှက်တို့၌ အသိုက်များရှိကြ၏။လူသား၌မူကား မိမိ၏ခေါင်းချစရာ နေရာပင်မရှိဟု သူ့အား မိန့်တော်မူ၏။" (မာတေဦး ၈: ၂၀)ဒီနေ့ခရစ်တော်က ကျနော်တို့ တစ်ဦးစီကိုလည်း ကျနော်တို့အနားရှိသူများထံဝမ်းမြောက်ဖွယ်ရာ သတင်းကောင်းကို ယူဆောင်ပေးဖို့ ဖိတ်ခေါ်နေပါတယ်။ ငါတို့ရဲ့ လှေနဲပိုက်ကွန်တွေကိုစွန့်ပြီး ခရစ်တော်နောက်လိုက်ကြပါစို့။
# သင်၏တုန့်ပြန်ချက်က ဘာလဲ၊ ဘယ်လိုတုန့်ပြန်မလဲ။