အာဒ်ဝင်းတူးကာလပထမသီတင်းပတ်။
ကြာသပတေးနေ့
ဟေရှာယ ၂၆:၁-၆
မာတေဦး ၇:၂၁,၂၄-၂၇
စစ္စတာရ် လူစီအေးအေးဝင်း
Posted by Sr. Sabina Hla Yee Win, ISR
ဟေရှာရအနာဂတ္တိကျမ်းတွင် ပရောဖက်က၊ ဘုရားကိုယုံကြည်သောလူမျိုးအားသခင်ဘုရားကကျောက်ဆောင်နှင့်တူကြောင်း၊ ထိုကျောက်ဆောင်သည်ယုံကြည်ခြင်းအတွက် အားအင်ဖြစ်သည်။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် ဘာသာတရားနှင့် မိမိတို့၏ယဉ်ကျေးမှုကိုသာ အခြေခံထားသည်မဟုတ်ပါ။ ပရောဖက်ဟေရှာယပြောသောယုံကြည်ခြင်းဆိုင်ရာအုတ်မြစ်မှာ ရှိသောယုံကြည် ခြင်းမျိုးကိုဆိုလိုသည်။ မာတေဦးကဘုရားရှင်၏စကားတော်ကိုနားထောင်၍ လိုက်ကျင့်လျှင် ကျောက်ပေါ်မှာတည်ဆောက်သော အိမ်နှင့်တူ၏။ ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို လက်တွေ့တွင်ကျင့်ဆောက်လျှင် ဝိညာဉ်ရေးရာ၌ပိုမိုရင့်ကျက်လာစေသည်။ ဝိညာဉ်ရေးရင့်ကျက်လာသည်အထိ ကျင့်ဆောင်လျှင် အာဝင်းတူးကာလတွင်ပြင်ဆင်မှုကို ခရစ္စမတ်ပွဲတော်အတွက်သာမက ထာဝရတည်မည့်အရာအတွက် ပြင်ဆင်ရာရောက်သည်။ သခင်ခရစ်တော်မွေးဖွားခြင်းသည် ကျွန်ုပ်တို့ဘဝတလျှောက်လုံးတွင် နေရာယူစေခြင်း၊ ထောက်ရှုခြင်းများကျင့်ဆောက်ခြင်းအားဖြင့် ကျောက်ဆောင်တည်းဟူသောသခင်ဘုရား၌မှီ ခိုအားထားကြပါစို့။