အာဒ်ဝင်းတူးပထမအပတ်
သောကြာနေ့
ဟေရှာယ ၂၉:၁၇-၂၄
မာတေဦး ၉:၂၇-၃၁
စစ္စတာရ် လူစီအေးအေးဝင်း
Posted by Sr. Sabina Hla Yee Win, ISR
ဖျားနာခြင်းမှကင်းလွတ်ခြင်း၊ သဘာသဘေးဒဏ်မှ လွတ်မြောက်ခြင်းစသောအရာများကို လူသားတိုင်းက ဆန္ဒပြုဆုတောင်းကြသည်။ သို့သော် ဤဒုက္ခဆင်းရဲများအားလုံးသည် လုံးဝပြောက်ကွယ်နိုင်သောအရာမဟုတ်ကြောင်း ခရစ်တော်သခင်၏နောက် လိုက်သားများသိရှိလိုအပ်သည်။ ရောဂါများကိုနှိမ်နင်းနိုင်သောနည်းလမ်းများ ရာထားသတ်မှတ်နိုင်လျှင် မျက်မမြင်များမျက်စိမြင်ရ၍ ခြေမစွမ်းများလမ်းလျှောက်နိုင်လိမ့်မည်။ မက်ဆီးယား၏နိုင်ငံတော်သည် အောက်ပါအချက်(၃)ချက်ပေါ်တွင် ခြေခံထားသည်။ စကြာဝဠာနှင့်ဆိုင်သောအဆင့် သခင်ဘုရားဒုတိယအကြိမ်ကြွလာခြင်းကို ခမည်းတော်တပါးတည်းသာ သိရှိခြင်း၊ ဒုတိယအဆင့်တွင် လူ့အဖွဲ့အစည်းနှင့် မိသားစုများမှ အချိန်အခါအားလျော်စွာ ဘုရားသခင်၏နိုင်ငံတော်အာဏာကို အလျင်းသင့်သလို မြင်ရခြင်း၊ တတိယအဆင့်မှာ ကျွန်ုပ်တို့တစ်ဦးစီတွင် ငြိမ်းချမ်းရေးနှင့်သင့်မြတ်ခြင်းကို တွေ့ရချိန်၌နိုင်ငံတော်ရှိခြင်းကိုဖြစ်ပေါ်စေခြင်းတို့ ဖြစ်သည်။ ခရစ္စမတ်အချိန်အခါသမယသည် ငြိမ်းချမ်းရေးကို တစ်သီးပုဂ္ဂလအတွက်မဟုတ်ပဲ ကမ္ဘာမြေပြင်၏ငြိမ်းချမ်းခြင်းကိုလည်း ကတိထားသောပွဲတော် ဖြစ်သည်။