Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-12-02 16:48:53
အာဒ်ဝင်းတူးပထမအပတ်၊ စနေနေ့
အာဒ်ဝင်းတူးပထမတနင်္ဂနွေနေ့(၄.၁၂.၂၀၂၂)
ဟေရှာယ ၂:-၅  ရောမဩဝါဒစာ ၁၃:၁၁-၁၄  မာတေဦး ၂၄:၃၇-၄၄
စစ္စတာရ် ဘက်နဲဒဲတာနုနု, SCCG
Posted by Sr. Sabina Hla Yee Win, ISR

ဘုရားသခင်သည်ကျွန်ုပ်ကယ်တင်ရေးအတွက်အစဉ်ကြိုးပမ်းသည်။ ယနေ့ကျွန်ုပ်တို့သည်အသင်းတော်၏ ဝတ်ပြုကိုးကွယ်ခြင်းနှစ်သစ်တခုကို အစပြုကြပြီဖြစ်သည်။ အသင်းတော်၏နှစ်၌ကြွလာတော့မည့်ပုဂ္ဂိုလ်ကို ကြိုဆိုလက်ခံရန်ပြင်ဆင်ရမည့် အာဒ်ဝင်းတုကာလဖြင့်ယနေ့အစပြုပါပြီ။ အာဒ်တုကာလသည်စောင့်မျှော်သည့်ကာလ ဖြစ်သည်။ ကြွလာမည့်ခရစ်တော်ကို လက်ခံကြိုဆိုရန်အသင့်ဖြစ်ကြပါစို့။ ယနေ့ဖတ်ရှုရသောကျမ်းပိုဒ်များမှ သတင်းစကားများမှာ ဘုရားသခင်သည်အစ္စရေးလူမျိုးတို့အတွက် အံ့ဩဖွယ်ရာများစွာတို့ကို ပြသခဲ့သည်။ပထမကျမ်းစာတွင်ယာဝေး     ဘုရားသည် ပရောဖက်ဟေရှာယကို ရူပါရုံတစ်ခုတွင် ဘုရားသခင်သည်လူသားအားလုံးကို ချစ်တော်မူကြောင်း၊ ဂျူးလူမျိုးသာမကလူအားလုံးအတွက် ကယ်တင်ခြင်းသွားရာလမ်းကို ဖွင့်ထားကြောင်း ဖော်ပြခဲ့သည်။                                                                          

ဒုတိယကျမ်းစာတွင် ပေါလုကအချိန်ရောက်ပြီဟုဆိုသည်။ ထိုအချိန်သည် ခရစ်တော်သခင်ကိုကြိုဆိုရန်အချိန်၊ ကယ်တင်ရန်အချိန်အကြောင်းပြောနေခြင်း ဖြစ်သည်။ ရှင်ပေါလု၏အသိစိတ်တွင် ခရစ်ယာန်တစ်ယောက်၏ ဘဝသက်တာတစ်ခုလုံးသည် ကြွလာတော်မူသောယေဇူးခရစ်တော်ကို ကြိုဆိုလက်ခံချိန်ပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် နောင်နှစ်နောင်ကာလ၊ နောက်ဆုံးမနက်ဖန်အထိပင်ကယ်တင်ခြင်းရရန်စောင့်ရရန်စောင့်စရာမလိုပါ။ခရစ်တော်သည်ကျွန်ုပ်တို့ကိုအချိန်တိုင်း၊နာရီတိုင်းကယ်တင်တော်မူသည်။                                                                                                                                                                    ဤအာဒ်ဝင်းတူးကာလတွင် ကျွန်ုပ်တို့အားသတိထားပြီး ဂရုတစိုက်တွန်းအားပေးနေသူမှာ ခရစ်တော်သခင်သာဖြစ်သည်။ ယနေ့ဧဝံဂေလိကျမ်းတွင် နောင်လက်ထက်ကလူတို့၏ အခြေအနေအကြောင်းကို ခရစ်တော်ကပြန်ပြောင်းသတိရစေသည်။ လူတို့သည်အထိန်းအကွပ်မရှိ စားသောက်ပျော်ပါးလျက်နေစဉ် ရေလွမ်းမိုးခြင်းဘေးကို ကြုံရသည်အထိပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တနေ့နေ့တွင်များစွာသော သတိထားနေထိုင်ကြရန် သတိပေးသည်အဘယ်ကြောင့်ဆိုသော် တနေ့နေ့တွင် များမကြာမီကမ္ဘာမြေကြီးသည်လည်း ပျက်စီးခြင်းသို့ရောက်လာတော့မည် ဖြစ်သည်။

 

Daily Reflection