အာဒ်ဝင်းတူးကာလဒုတိယသီတင်းပတ်၊တနင်္ဂနွေနေ့
ပထမကျမ်းဟေရှာယ ၁၁:၁-၁၀
ဒုတိယကျမ်းရောမ ၁၅:၄-၉
ဧဝံဂေလိကျမ်း ၃:၁-၁၂
စစ္စတာရ် ဘက်နဒဲတာနုနု, SCCG
Posted by Sr. Sabina Hla Yee Win, ISR
အာဒ်ဝင်းတူးကာလဒုတိယတနင်္ဂနွေနေ့သည်ထာဝရဘုရား၏ဝိညာဉ်တော်သည်မေဆိယအပေါ်သို့သက်ရောက်သည့်အကြောင်းနှင့်စပ်လျည်း၍ ထောက်ရှုစေချင်သည်။ ဟေရှာယကမေဆိယသည် အောက်ပါကျေးဇူးဖြင့် ပြည့်နက်လိမ့်မည်ဟု ပြောကြားသည်။ မေဆိယသည်ဉာဏ်ပညာနှင့်သိမြင်တတ်ခြင်းကိုပေးသောဝိညာဉ် ကြံစည်တတ်စွမ်းနိုင်၍သတ္တိကိုပေးသောဝိညာဉ် ထာဝရဘုရားကို သိ၍ကြောက်ရွံ့ခြင်းသဘောကိုပေးသောဝိညာဉ်ဟူ၍ဖြစ်သည်။ ဟေရှာရ၏အဆိုအရမေဆိယသည်ထာဝရဘုရား၏ဝိညာဉ်တော်ကိုအပြည့်အဝခံစားရသည်ဖြစ်၍ရှေးကကြီးမြတ်သောပုဂ္ဂိုကြီးများရရှိသည့်အရည်အသွေးနှင့်စွမ်းရည်အားလုံးကိုရရှိမည်ဖြစ်သည့်အပြင်ထာဝရဘုရား၏ဝိညာဉ်တော်ကိုအာဗြာဟံ၏ယုံကြည်ခြင်းထက် ပိုမိုနက်ရှိုင်းသောယုံကြည်ခြင်း၊ မိုးဇက်ထက်ပို၍ကောင်းသော ခေါင်းဆောင်မှုအရည်အသွေး၊ ဒါဝိထက်ပိုသောရဲရင့်မှု၊ ဆောလမွန်ထက်ပို၍တော်သောဉာဏ်ပညာနှင့် ပရောဖက်အားလုံးထက်ပို၍ အံ့ဩဖွယ်အမှုများပြနိုင်သူ ဖြစ်လိမ့်မည်။ ယနေ့ဧဝံဂေလိကျမ်းတွင်ဆေးကြောခြင်းပေးသူယောဟန်သည်ဂျူးလူမျိုးများကိုနောင်တရရန်ဖိတ်ခေါ်ကြောင်းဖော်ပြထားသည်တနည်းအားဖြင့် ယောဟန်သည်ကျွန်ုပ်တို့ကိုဝံပုလွေဘဝမှသိုးဘဝသို့ပြောင်းလဲရန် ဖိတ်ခေါ်နေခြင်း ဖြစ်သည်။ ကျွန်ုပ်တို့အပြစ်နွံထဲနစ်မွန်းနေသမျှကာလပတ်လုံး ဝံပုလွေများဖြစ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။ ယောဟန်သည်ဂျူးလူမျိုးတို့အားအသုံးမဝင်သောစပါးဖျင်းနှင့်ကောက်ရိုးအဖြစ်မှအဖိုးတန်အသုံးဝင်သောစပါးအဖြစ်သို့ပြောင်းလဲလာရန်ဖိတ်ခေါ်ပါသည်။ လူသားတို့၏နှလုံးသားကိုပြောင်းလဲနိုင်သောအစွမ်းတန်ခိုးရှိသည်။ ကြွလာတော်မူမည့်ခရစ်တော်၏ ကယ်တင်ခြင်းရရန်ကျွန်ုပ်တို့သည်မည်သို့လုပ်ရမည်နည်း။ ရောမမြို့သားတို့ထံရှင်ပေါလုရေးသားသောစာတွင် ရှင်းရှင်းလင်းလင်းဖော်ပြထားသည်။ စိတ်ရှည်သည်းခံခြင်းနှင့် အားပေးနှစ်သိမ့်ခြင်းတို့ကို ပေးသနားတော်မူသောဘုရားသခင်သည် သင်တို့အား ယေဇူးခရစ်တော်နှင့်အညီ အချင်းချင်းစိတ်တညီတညွတ်တည်းနေထိုင်နိုင်ရန်ကူညီမစ တော်မူပါစေ။ သို့မှသာလျှင်သင်တို့သည်ငါတို့၏ ယေဇူးသခင်ခရစ်တော်၏ ခမည်းတော်ဖြစ်တော်မူသောဘုရားသခင်အား တစ်သံတည်းချီးမွမ်းထောပနာပြုနိုင်ကြပေလိမ့်မည်။ (ရော၁၅:၅၆)။ လာမည့်ခရစ္စမတ်တွင် ကျွန်ုပ်တို့၏ကယ်တင်ခြင်းကို စိတ်ချသေချာစေ၍စစ်မှန်သည့်ဝမ်းမြောက်ခြင်းရရန် လုံလောက်သောအချက် ဖြစ်ပေသည်။