Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-12-03 20:08:32
အာဒ်ဝင်းတူးကာလဒုတိယသီတင်းပတ်၊ တနင်္လာနေ့
ဟေရှာယ         ၃၅:-၁၀
လုကာ              :၁၇-၂၆
စစ္စတာရ် ဘက်နဲဒဲတာနုနု, SCCG
Posted by Sr. Sabina Hla Yee Win, ISR

မေဆိယကာလကိုဟေရှာယမှရူပါရုံတွင် စကြာဝဠာတစ်ခုလုံးလှပသောနိဗ္ဗာန်နှင့် လူသားအားလုံး၏ပြောင်းလဲခြင်းကို မြင်တွေ့ရသည်။ အပြစ်ခွင့်လွှတ်ခြင်းနှင့်တကွ နာမကျန်းသူကို ပြန်လည်ကျန်းမာစေခြင်းသည် မက်ဆိယ၏အချိန်ကာလရောက်ရှိပြီ ဖြစ်ကြောင်းကို ဖော်ပြသည်။ ဟေရှာရကမက်ဆိယအရှင်ကြွလာပါက ပြန်လည်ပြုပြင်တည်ဆောက်မှုကို ဆောင်ရွက်မည်ဟူသောကျမ်းချက်သည် သခင်ခရစ်တော်ကြွလာသောအခါ ပြည့်စုံခြင်းသို့ရောက်ရှိလေသည်။ ကျွန်ုပ်တို့၏အပြစ်မကောင်းမှုသည် ဝိညာဉ်ရေးပြန်လည်ရှင်သန်အောင်ပြုရာတွင် အဟန့်အတားဖြစ်စေသည်။ မြေကြီးသစ်ကိုပြန်လည်တည်ဆောက်မည်ဖြစ်သော သခင်ခရစ်တော်သည် ကျွန်ုပ်တို့အတွက်ကြွလာပြီ။ နိုင်ငံရေး၌ဖြစ်စေ၊ လူမှုရေး၌ဖြစ်စေ၊ စီးပွားရေး၌ဖြစ်စေ၊ ကျန်းမာရေး၌ဖြစ်စေကျိုးပကြေမွမှုကို ပြုပြင်ရန်ကြွလာသောသခင်ခရစ်တော်ကို ကြိုဆိုရန်ထိုက်တန်သောပြင်ဆင်မှုကို ဤအာဒ်ဝင်းတူးကာလ၌ ကြိုးစားကြပါစို့။ သခင်ခရစ်တော်၏ပြန်လည်တည်ဆောက်မှုသည် ဝိညာဉ်ရေးအသက်တာဖြစ်ပြီး ၎င်းသည်လုံးဝပြည်စုံသည်။

Daily Reflection