Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-12-05 06:46:02
အာဒ်ဝင်းတူးဒုတိယပတ်၊ အင်္ဂါနေ့
ဟေရှာယ ၄၀:-၁၁
မာတေဦး          ၁၈:၁၂-၁၄
စစ္စတာရ် ဘက်နဲဒဲတာနုနု, SCCG
Posted by Sr. Sabina Hla Yee Win, ISR 

လူတိုင်းသူတိုင်း၌ ထွက်မြောက်ခြင်း ရှိသည်။ အစ္စရေးလူမျိုးများသည် ဘာဘီလုံမြိုမှတဆင့် သဲကန္တာရကိုဖြတ်ကာ ယေရုဇလိမ်မြို့သစ်သို့ သွားကြသည်။ ကျွန်ုပ်တို့တစ်ဦးစီ၏ ထွက်မြောက်ရမည့်အကြောင်းအရာများ၊ ကျွန်ုပ်တို့ချန်ထားခဲ့ချင်သောနေရာ၊ အခြေအနေနှင့်စိတ်ဖိစီးမှုများကို ဆန်းစစ်ရပါမည်။ ခရစ္စမတ်ကာလသည် ထွက်မြောက်ရမည်ကို ကတိပေးခြင်း၊ ခြိုးခြံပူဇော်ခြင်းနှင့်အပြောင်းအလဲလုပ်ရမည့် ပွဲဖြစ်သည်။ သခင်ခရစ်တော်၏ကြီးမားသော ထွက်မြောက်မှုမှာမိမိဘဝတွင် ပုံဖော်ခဲ့သည်။ ၎င်းမှာမိမိ၏ဒုက္ခခံခြင်းနှင့်ရှ င်ပြန်ထမြောက်ခြင်းဖြစ်သည်။ သခင်ခရစ်တော်သည်သမိုင်းတွင် ဝိညာဉ်လမ်းညွန်ပုဂ္ဂိုလ်သာမကအသင်းတော်၏ ဝိညာဉ်လမ်းညွန်ဆရာအပြင် ကျွန်ုပ်တို့လူသားများကို ပျောက်ဆုံးသောသိုးများကို လိုက်ရှာပြီးအိမ်သို့ပြန်ရောက်နိုင်ရန် ကူညီပေးသည်။ ကျွန်ုပ်တို့၏ကယ်တင်ခြင်းသမိုင်းကို ကိုယ်တိုင်ကတွေ့ကြုံအသက်ရှင်နေထိုင်ကြောင်း သတိရရမည်။ ဤအတွေ့အကြုံတွင် ခေါ်ယူခြင်း၊ ဒုက္ခခံခြင်း၊ သေခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းတို့ ဖြစ်သည်။ ကျွန်ုပ်တို့သည် မျက်မမြင်ကဲ့သို့ခရီးပြုနေခြင်း မဟုတ်ပါ။ ကိုယ်တော်၏နောက်လိုက်သားများကို ကိုယ်တော်ကကာကွယ်စောင့်ရှောက်တော်မူသည်။

Daily Reflection