အာဒ်ဝင်းတူးကာလဒုတိယသီတင်းပတ်၊ ဗုဒ္ဓဟူးနေ့
ဟေရှာယ ၄၀:၂၅-၃၀
မာတေဦး ၁၁:၂၈-၃၀
စစ္စတာရ် ဘက်နဲဒဲတာနုနု, SCCG
Posted by Sr. Sabina Hla Yee Win, ISR
ဟေရှာယကျမ်းတွင် ဘုရားသခင်ကိုဖန်ဆင်းရှင်အဖြစ် နှိုင်းယှဉ်ဖော်ပြထားသည်။ လူသားတို့၏အဖွဲ့အစည်းတွင်၎င်း၊ လူမှုရေးအသိုင်းအဝိုင်းတွင် ၎င်းတစ်ဦးစီ၏ဘဝတွင် ၎င်းသခင်ဘုရား၏ဖန်ဆင်းခြင်းအကြောင်းကို အသစ်သောခွန်အားနှင့် ဆက်လက်ဆောင်ရွက်ကြောင်းလက်တွေ့တွင် ခံစားစေသည်။ ဘုရားသခင်၏ဖန်ဆင်းခြင်းသည် အစဉ်အမြဲရှင်သန်လျက်ရှိကြောင်းကို ဘဝတွင်ခံစားရပါစေ။ ယုံကြည်ခြင်းကိုပြန်လည်ဆန်းသစ်ချိန်၊ အပြစ်ပြေလည်ရန်လုပ်ဆောင်ချိန်၊ မေတ္တာတရားပွားများချိန်များတွေ့ကြုံတိုင်း ဘုရားသခင်၏ကတိတော်သည် အချိန်နေရာမရွေးအသက်ရှင်လှုပ်ရှားနေသည်ကို တွေ့နိုင်သည်။ သခင်ယေဇူးကမူ မိမိကိုယ်ကိုပြန်လည်အသက်သွင်းရန်နှင့် ဆန်းသစ်သောဘဝကိုပိုင်ဆိုင်နိုင်ရန် အတိတ်ကာလအတွက်မဟုတ် ဝန်လေး၍ပင်ပန်းနွမ်းနယ်သူအားလုံးအတွက်ပေးခြင်း ဖြစ်သည်။ ဗက်သလင်ဟင်တွင် မွေးဖွားသောသူငယ်တော်သည် မည်ကဲ့သို့အခြေအနေမျိုးမှာမဆို မိမိဝန်ထုတ်ဝန်ပိုးကို ချထား၍ ဘုရားသခင်၏ချစ်ခြင်းကို ဆက်လက်ထောက်ရှုရန်ဖြစ်သည်။ ခရစ္စမတ်အချိန်သမယသည် ဗက်သလင်ဟင်ရှိသူငယ်တော်ဆီမှ အင်အားပြည့်ဝသောချစ်ခြင်းများရရှိရန် ထောက်ရှုရချိန်ဖြစ်သည်။ မိမိကိုယ်ကို ပြန်လည်အသက်သွင်းခြင်း၊ ပြန်လည်ဖန်ဆင်းခြင်းသည် သခင်ဘုရား၏ဘုန်းတော်ကိုဖော်ပြခြင်း ဖြစ်သည်။