Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-12-07 04:46:56
အပြစ်မဲ့သန္ဓေယူသောကညာစင်မရီးယာသခင်မပွဲတော်ကြီး
ကြာသပတေးနေ့
ကမ္ဘာဦးကျမ်း                 :-၁၅၊၂၀
ဒုတိယကျမ်းဧဖက်ဆု      :-၆၊၁၁-၁၂
သံလုကာ                      :၂၆-၃၈
စစ္စတာရ် ဘက်နဲဒဲတာနုနု, SCCG
Posted by Sr. Sabina Hla Yee Win, ISR

ကျွန်ုပ်တို့၏မိခင်မာရိယာအကြောင်းကို ထောက်ရှုလျှင်၊ မိမိဘဝတခုလုံးကို ဘုရားရှင်၏အလိုတော်အတိုင်း ဖြစ်ပါစေဟူသော အချက်ဖြင့်ဘဝကိုအသက်ရှင်ခဲ့သည်။ မယ်တော်၏ဘဝတွင် နားမလည်သောအဖြစ်များနှင့် တွေ့ကြုံခဲ့သော်ရလည်း မိမိ၏အလိုတော်အတိုင်းဖြစ်ပါစေဟူသောစကားသည် မည်သည့်အခါမျှမပြောင်းလဲခဲ့ပါ။ ဤယနေ့ဖတ်ကြားရသောကျမ်းစာအားဖြင့် ကျွန်ုပ်တို့အားစိန်ခေါ်မှုကိုပေးနေသည်။ ကျွန်ုပ်တို့၏အဖြေမှာ အချိန်အခါမရွေး၊ နေရာဒေသမရွေး၊ အခြေအနေမရွေးပဲ အစဉ်အမြဲဘုရားသခင်ကို ပြန်လည်ဖြေကြားဖို့ အရေးကြီးသည်။ ဘုရားသခင်၏ဝိညာဉ်တော်ကို တံခါးဖွင့်ပေးရန် ယနေ့ကျွန်ုပ်တို့ကို တောင်းဆိုနေသည်။ အဆင်သင့်ရှိပါသည်။ ကိုယ်တော်၏အလိုတော်အတိုင်းဖြစ်ပါစေဟူသောအဖြေကို ဘဝတွင်နားလည်ရန် ခက်ခဲသောအချိန်များ၌ ဖြေနိုင်ရန်ကြိုးစားကြပါစို့။

Daily Reflection