အာဒ်ဝင်းတူးကာလဒုတိယသီတင်းပတ်၊ သောကြာနေ့
ဟေရှာယ ၄၈:၁၇-၁၉
မာတေဦး ၁၁:၁၆-၁၉
စစ္စတာရ် ဘက်နဲဒဲတာနုနု, SCCG
Posted by Sr. Sabina Hla Yee Win, ISR
ဤနေ့ဟေရှာယကျမ်းမှ ကယ်တင်ရှင်ကပညတ်တော်(၁၀)ပါးကို စောင့်ထိန်းဖို့သတိပေးထားသည်။ ပညတ်တော်(၁၀)ပါးသည် မပြုရ၊ မလုပ်ရဟူသောတားမြစ်ချက်တခုတည်းဖြစ်သည်ဟု မမှတ်ယူရပါ။ ပညတ်ဟူသောစကားလုံးသည် ကိုယ်တိုင်ကထားရမည့်စိတ်နေစိတ်ထားအားလုံးနှင့် လူပုဂ္ဂိုလ်နှင့်၎င်း ဝတ္ထုပစ္စည်းနှင့်သော်၎င်း သက်ဆိုင်သည့်အကြောင်းအရာကို ဖော်ပြခြင်းဖြစ်သည်။ ပညတ်တော်(၁၀)ပါးသည် အသက်ရှင်ခြင်းကိုပို့ဆောင်သောအချက်ကို ရည်ညွန်းသည်။ သခင်ခရစ်တော်သည် လူသားများ၏ပြောင်းလဲရန် ခက်ခဲသောစိတ်နေစိတ်ထားကို ဖော်ပြထားသည်။ လူသားတစ်ဦးပြောင်းလဲရန် ငြင်းဆိုခြင်းမှာဖိတ်ခေါ်သူက စည်းကမ်းကြီးလွန်းခြင်း သို့မဟုတ်ချုပ်တီးခြိုးခြံမှုများပြားခြင်း သို့မဟုတ်စည်းမဲ့ကမ်းမဲ့နေခြင်းနှင့် ပြောင်းလဲခြင်းနှင့်ထိုက်တန်သောအရည်အချင်းမရှိခြင်းကြောင့် ဖြစ်သည်။ ဉပမာအာဖြင့် ကလေးသူငယ်များသည် ညွန်ကြားသောပုဂ္ဂိုလ်ကို နားမထောင်ပဲမိမိတို့စိတ်ကြိုက်လုပ်ဆောင်ခြင်းကို နှိုင်းယှဉ်ပြထားသည်ကို ဤနေ့ကျမ်းစာတွင်တွေ့ရသည်။ ထိုနည်းတူအာဒ်ဝင်းတူးကာလ၌ ဝိညာဉ်ရေးပြင်ဆင်မှုကို လမ်းညွန်သောအချက်များလိုက်နာခြင်းကို ရှောင်၍လောကီရေးရာပြင်ဆင်မှုသို့ လမ်းလွှဲရောက်ရှိသွား တတ်သည်။ ဝိညာဉ်ပြင်ဆင်လှပမှုကို ဆင်ယင်သောအာဒ်ဝင်းတူးကာလဖြစ်အောင် ကြိုးစားကြပါစို့။