အာဒ်ဝင်းတူးကာလဒုတိယသီတင်းပတ်၊ စနေနေ့
နီတိဒေသနာ(ဆီရပ်) ၄၈:၁-၄၊၉-၁၁
မာတေဦး ၁၇:၉က၊၁၀-၁၃
စစ္စတာရ် ဘက်နဲဒဲတာနုနု, SCCG
Posted by Sr. Sabina Hla Yee Win, ISR
ပရောဖက်ဧလိယသည် မီးရထားဖြင့်အရှင်လတ်လတ်ကောင်းကင်သို့ တက်သွားသည်ဟူသောကျမ်းချက်သည် ပရောဖက်ဧလိယကတနေ့နေ့တွင် ကမ္ဘာလောကသို့ပြန်လာမည်ဟူသောအချက်ကို ယုံကြည်နေကြသည်။ ဤအကြောင်းကို ယနေ့ဖတ်ကြားသောဆီရပ်ကျမ်းစာတွင် တွေ့ရသည်။ တနေ့သောအခါ ဂျူဒေယာတောကန္တရ၌ ပရောဖက်ဧလိယကဲ့သို့ ဆင်မြန်းဝတ်ဆင်ထားသော ယောဟန်ဗတ္တိစတားပေါ်လာခဲ့သည်။ ပရောဖက်ဟောထားချက်ကို သိနားလည်သောသူများအတွက် ယောဟန်ဗတ္တိစတားပေါ် လာခြင်းသည်ထူခြားသောအချက်ဖြစ်ကြောင်းကို သိသည်။ ဤယနေ့ကျမ်းစာတွင် အဆင်းသဏ္ဌန်ပြောင်းလဲခြင်း၌ သံပေတရုကသခင်ခရစ်တော်သည် မေဆိယဖြစ်ကြောင်းဝန်ခံသည်။ သခင်ခရစ်တော်၏ဂတိဝန်ခံချက်မှာ မေဆိယနှင့်နောက်လိုက်သားများသည် ဒုက္ခခံရမည်။ ယုံကြည်ခြင်းတိုးပွားစေရန် အဆင်းသဏ္ဌန်ပြောင်းလဲခြင်းအတွေ့အကြုံ ရှိရမည်။ မိုးဇက်နှင့်ဧလိယအပြန်အလှန်စကားပြောဆိုခြင်းအချိန်သည် ကယ်တင်ခြင်း၏ကြီးမားသော ပြောင်းလဲခြင်းဖြစ်မည်ကို သိရှိလာကြသည်။ မေဆိယကဲ့သို့ဩဇာကြီးမားလှသော ကျွန်ုပ်တို့၏အရှင်ဘုရားကိုလက်ခံရန် အကောင်းဆုံးသောပြင်ဆင်ခြင်းကိုတဦးစီကပြင် ဆင်ကြရမည်ဖြစ်သည်။ ယောဟန်ဗတ္တိစတားသည် ခရစ်တော်မွေးနေ့အတွက် ကြေနပ်ဖွယ်ရာပြင်ဆင်မှုကို တွေ့ကြုံရသောသူကို ကိုယ်စားပြုသည်။ ကျွန်ုပ်တို့သည်မစ္ဆားတရား၌ ပါဝင်ခြင်း၊ ကိုယ်တော်မြတ်ပင့်ယူခြင်းအားဖြင့် စိတ်နှလုံးထဲ၌ခရစ်တော်ဖွားမြင် ခြင်းအတွက်ပြင်ဆင်ကြပါစို့။