Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-12-11 04:43:06
အာဒ်ဝင်းတူးကာလတတိယသီတင်းပတ်၊
၁၂.၁၂.၂၂ (တနင်္လာနေ့)
ရှင်လုကာ ၁:၂၆-၃၈
စစ္စတာရ် ဘက်နဲဒဲတာနုနု, SCCG
Posted by Sr. Sabina Hla Yee Win, ISR

မာရီးယားဟာ လူတွေအနေနဲ့ မဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာ၊ ဘုရားသခင်ရဲ့အလိုတော်တစ်ခုကို  သူမနားမလည်ပေမဲ့ ဘုရားသခင်ဟာ သူထားတဲ့ကတိတော်ကို အမှန်တကယ်ဖြည့်စွက်ပေးနိုင်တယ်ဆိုတာကို ယုံကြည်တာကြောင့် “ဟုတ်ကဲ့ လို့ အဖြေပေးခဲ့ပါတယ်။  မာရီးယာဟာသိကြားတမန်တော် အမိန့်တော်ပြန်တဲ့နေ့မှာ ဘုရားသခင်ကို “ဟုတ်ကဲ့” လို့အဖြေပြန်ပေးလိုက်တဲ့ ရလာဒ်ကတော့ သူမရဲ့ ဘဝတစ်လျှောက်လုံးခရစ်တော်ကို  သူမရဲ့ဝမ်းကြာတိုက်မှာ စတင်သန္ဓေတည်တဲ့အချိန်ကစလို့ ဘဝမှာတွေ့ကြုံရတဲ့အဖြစ်အပျက်တွေနဲ့ နေ့တစ်ဓူဝကိစ္စအကြီး အငယ်အားလုံးကို ဘုရားသခင်ရဲ့အလိုတော်အတိုင်း လက်ခံနိုင်ဖို့ ကြံ့ကြံ့ခံ နေထိုင်အသက်ရှင်ခဲ့ရခြင်း ပါဘဲ။ မာရီးယားဟာ ယုံကြည်ခြင်းကို အရင်းခံပြီး ခရစ်တော်ကို သူမရဲ့ဘဝထဲမှာလက်ခံခဲ့ပြီးနောက် ဒုက္ခအခက်အခဲတွေနဲ့  ပေးဆက်မှုတွေကို များစွာကြုံခဲ့ရပါတယ်။ မာရီးယားဟာ တွေ့ကြုံဖြစ်ပျက်သမျှကို ဘယ်သောအခါမှစောဒက မတက်ခဲ့ဘဲ အမြဲသူမရဲ့နှလုံးသားမှာ မှတ်ကြုံးထားပြီး ထောက်ရှုဆင်ခြင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအပြုအမူတွေဟာ မာရီးယားကို ဘုရားသခင်ရဲ့ရှေ့မျက်မှောက်မှာ မင်္ဂလာရှိသူအဖြစ် ထင်ရှားစေတဲ့အချက် ဖြစ်ပါတယ်။  မာရီးယားရဲ့ယုံကြည်ခြင်းနဲ့ ဆက်ကပ်ခဲ့တာတွေရဲ့ရလာဒ်ကတော့ သူမအတွက် ဘုရားသခင်ရဲ့ကတိတော်တွေ ပြည့်စုံစေခဲ့ပြီး လူသားတစ်ရပ်လုံးရဲ့ ကယ်တင်ခြင်းကျေးဇူးကို ရရှိလိုက်ခြင်း ပါဘဲ။

ကျွန်ုပ်တို့ရဲ့အသက်တာမှာလည်း ဘုရားသခင်ရဲ့အလိုတော်ကို “ဟုတ်ကဲ့” လို့ ဘယ်နှစ်ခါ အဖြေပေးခဲ့ဖူးပြီလဲ။ မိမိအလိုနဲ့ဘုရားအလိုကို ရွေးချယ်ခဲ့ရမယ်ဆိုရင် မိမိရဲ့အလိုက သာလျှင် အမြဲအားသာနေတတ်ကြပါတယ်။ အကြောင်းရင်းကတော့ အားနဲလှတဲ့ ကျွန်ုပ်တို့ရဲ့ ယုံကြည်ခြင်းကြောင့်ဘဲ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ အခက်အခဲတွေ အနစ်နာခံရခြင်းတွေထက်ဘဝကို သာသာယာယာနဲ့သာ နေချင်ကြတဲ့ လူ့ရဲ့အားနည်းချက်နဲ့ အတ္တစိတ်တွေကြောင့် ဖြစ်ပါတယ်။ ရွေးချယ်မှုတစ်ခုမှာ ဘုရားသခင်ရဲ့အလိုတော်ကို “ဟုတ်ကဲ့”လို့ အဖြေပေးလိုက်တဲ့ခါ မိမိမှာအနစ်နာခံရတာတွေ မိမိကိုယ်ကိုနှိမ့်ချလိုက်ရတာတွေ စိတ်ရှည်ရတာတွေ မိမိကိုယ်ကို ငြင်းပယ်ရတာတွေ စသဖြင့် ပေးဆပ်မှုတွေကို ပြုကြရပါတယ်။ ကျွန်ုပ်တို့ရဲ့သေးငယ်လှတဲ့ ဘယ်အပြုအမူမျိုးမှာမဆို ဘုရားသခင်ကိုယုံကြည်တဲ့စိတ်နဲ့ ချစ်တဲ့စိတ်တွေကိုထည့်ပြီး လုပ်ဆောင်လိုက်တိုင်း ကိုယ်တော်ရဲ့ကောင်းကင်နိုင်ငံကို တည်ဆောက်နေသူတွေအဖြစ် ပါဝင်နေပြီး ကိုယ်တော်ကိုမြင်ရတဲ့၊ ထိတွေ့ရတဲ့အတွေ့အကြုံကို ခံစားနေကြရပါပြီ။ ကိုယ်တော်ကို ပိုင်ဆိုင်နေကြပါပြီ။ ဒါဟာ ခရစ္စမတ်ရဲ့ အနှစ်သာရတစ်ခု ဖြစ်ပါတယ်။

ကျွန်ုပ်တို့ဘက်က အနည်းငယ်လေးအားစိုက်ထုတ်ဖို့ကိုသာ တောင်းဆိုပါတယ်။ အနည်းငယ်လေးသာ အားစိုက်ထုတ်ခဲ့မယ်ဆိုရင် ဘုရားသခင်ဟာ သူ့ရဲ့ကတိတော်အတိုင်း ကျွန်ုပ်တို့နဲ့ အစဉ်အမြဲရှိနေပြီး ကျွန်ုပ်တို့ဘဝရဲ့ကျန်ရှိနေတဲ့ အရာအားလုံးကို သူလုပ်ဆောင်သွားပေးမှာ ဖြစ်ပါတယ်။ ကာနန်လက်ထပ်ပွဲမှာ တပည့်တော်တွေဟာ ရေလေးအနည်းငယ်ထည့်ပေးရုံပါဘဲ။ တကယ်လိုအပ်နေတဲ့ စပျစ်ရည်ကို ကျောက်ရေအိုးတွေ ပြည့်လျှံတဲ့အထိ ကိုယ်တော်ကသာ လုပ်ဆောင်ပေးသွားခဲ့တာပါ။ ဒီအာဒ်ဝင်းတူးကာလမှာ မိမိရဲ့အလိုဆန္ဒတွေကို အနည်းငယ်လောက်ငြင်းပယ်ပြီး ဘုရားသခင်ရဲ့အလိုတော်ကို ပိုမိုဦးစားပေး ရွေးချယ်နိုင်ဖို့  အနည်းငယ်လောက်ကြိုးစားခြင်းနဲ့ ခရစ်တော်ကို ထိတွေ့ခံစားနိုင်တဲ့  အတွေ့အကြုံ ကိုမြည်းစမ်းကြည့်ပြီး ခရစ္စမတ်မှာစစ်မှန်တဲ့ ပျော်ရွှင်မှုကို ရယူနိုင်ဖို့ကြိုးစားကြပါစို့။

Daily Reflection