ဒီဇင်ဘာလ ၁၆ ရက်(သောကြာနေ့)
ရှင်ယောဟန် ၅ : ၃၃ - ၃၆
Sr. Theresa Myint Myint Naing (ISR)
Posted by Sr. B. Myat Hnin Nwe(ISR)
သင်တို့သည်ယောဟန်ထံသို့ တမန်များကိုစေလွှတ်ခဲ့ကြ၏။သူသည်လည်းသမ္မာတရားဘက်မှသက်သေခံခဲ့လေပြီ။ငါခံယူသောသက်သေခံချက်သည်လူတို့ထံမှမဟုတ်။သို့သော်သင်တို့သည်ကယ်တင်ခြင်းခံရမည့်အကြောင်းဤအရာကိုငါပြော၏။သူသည်ထွန်းလင်းတောက်လောင်နေသော ဆီမီးဖြစ်၏။သင်တို့မူကား သူ၏အလင်း၌ ခေတ္တခဏမျှမွေ့လျော်ခြင်းငှာအလိုရှိကြ၏။သို့သော်ငါ၌ရှိသောသက်သေခံချက်သည်ယောဟန်၏သက်သေခံချက်ထက်သာ၍ကြီးမြတ်၏။အကြောင်းမူကားပြီးမြောက် အောင်ဆောင်ရွက်စေခြင်းငှာ ခမည်းတော်ကငါ့အားပေးအပ်တော်မူသောအမှုတော်များကိုငါသည် ပြုလုပ်ဆောင်ရွက်လျက်ရှိ၍၎င်းတို့သည်ငါ့အားခမည်းတော်စေလွှတ်တော်မူကြောင်းသက်သေခံကြလေ၏။လူ့အလိုကိုနတ်မလိုက်နိုင်ဟူ၍ဆိုရိုးစကားရှိသည့်အတိုင်းလူသားများ၏ထူးဆန်းသည့်အထွေထွေသောစိတ်ဆန္ဒများစိတ်တိုင်းကျစေရန်နေထိုင်ပြုမူနိုင်ရန်မှာခက်ခဲတတ်ကြပေသည်။သို့ရာတွင် ချစ်ခြင်းမေတ္တာကိုအခြေခံ၍ Relationship ကိုတည်ဆောက်လျှင်မူအဆင်ပြေမှုများနှင့်လူ့ဘဝသည်ပျော်ရွှင်ဖွယ်များဖြင့်ရှိနေကြပေမည်။ရှင်သန်ခဲ့သောအသက်တာ၏သမိုင်းကြောင်းကို စိတ်ကျေနပ်၍သြတ္တပ္ပစိတ်သန့်သန့်ဖြင့် ရှိနေနိုင်ပေမည်။ထို့နည်းအတူပင် ဘုရားရှင်၏ချစ်သားသမီးများဖြစ်ကြသောကျွန်ုပ်တို့အနေဖြင့်လည်းကိုယ်တော်ရှင်ကိုသိမှသာလျှင်ချစ်နိုင်ပေမည်။ ချစ်မှသာလျှင် သူ၏အလိုတော်ကိုဆောင်ရွက်နိုင်ပေလိမ့်မည်။သို့ဆိုလျှင်ဘုရားရှင်ကိုရှင်သန်ခဲ့သောအသက်တာအားဖြင့်သက်သေခံနိုင်ပေမည်။ယနေ့ကြားနာရသော အသက်ပေးသည့် နှုတ်တော်ထွက်စကားတွင် ယောဟန်၏သက်သေခံခြင်းကို ချီးမွမ်းပြီးကိုယ်တော်ရှင်မှ သူ၌ရှိသောသက်သေခံချက်သည် ယောဟန်၏သက်သေခံချက်ထက်သာ၍ကြီးမြတ်ကြောင်း၊ အကြောင်းမှာ ပြီးမြောက်အောင် ဆောင်ရွက်စေခြင်းငှာခမည်းတော်ကသူ့အား ပေးအပ်တော်မူသောအမှုတော်များကို သူသည်ပြုလုပ်ဆောင်ရွက်လျက်ရှိ၍၎င်းတို့သည်သူ့အား ခမည်းတော်စေလွှတ်တော်မူကြောင်းကိုသက်သေခံခြင်းဖြစ်ကြောင်းနှုတ်မြွက်ထားပါသည်။သမ္မာတရားကြီးစိုးနိုင်ရန်အတွက် အခြေခံလိုအပ်လျှက်ရှိသောလူသားဆန်သောနှလုံးသားများ ရရှိပိုင်ဆိုင်နိုင်ရန်နှင့်ပေးဆက်နေရသည့် ယနေ့အချိန်အခါတွင်ဘုရားရှင်၏အလိုတော်ကိုဝန်ခံနိုင်ရန်မှာ ခက်ခဲကောင်းခက်ခဲပေမည်။သို့သော်လိပ်ပြာသန့်စွာ၊ကျေနပ်စွာနှင့် အတိတ်ခြေရာများကိုပြန်ပြောင်းသတိရမိခြင်းများခံစားရပေလိမ့်မည်။