Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-12-17 08:36:41

အာဒ်ဝင်တူးစတုတ္ထတနင်္ဂနွေနေ့ (A)
တိုလီမုတ်စဩဝါဒ (မာတေးဦး ၁:၁၈-၂၄)
Rev.Fr. Bernardino Ne Ne
Posted by Sr. Benedetta. Myat Hnin Nwe(ISR)

ယေဇူးဘုရားရှင်က“ကောင်းကင်နိုင်ငံတော်သည် အကြမ်းဖက်တိုက်ခိုက်ခြင်းကိုခံရ၏”(မာတေး ၁၁:၁၂)လို့ မိန့်ဆိုထားခဲ့တယ်။ကယ်တင်ရှင်ရဲ့ရှေ့တော်ပြေးယောဟန်ဘတ္တဇံကသူ့သခင်ကြွမြန်းလာတော်မှုခြင်းလမ်းကိုကူညီပြင်ဆင်ပေးခဲ့ချိန်မှာ သူ့အသက်ကို စွန့်လွတ်ပေးဆက်ခဲ့ရတယ်။ကနေ့ဧဝံဂေလိကျမ်းသရုပ်ဆောင်များဖြစ်ကြသူ မာရိယာနဲ့ဂျိုးဇက်တို့လည်း ဘုရားရှင်ရဲ့နိုင်ငံတော်အတွက် များစွာဒုက္ခဆင်းရဲခြင်းတွေရင်ဆိုင်ခံစားခဲ့ရပြီး လူသားတွေထံဘုရားရှင်ကို ယူဆောင်လာပေးခဲ့တယ်။(၁)စိန်ခေါ်မှုတွေ၊ ဆင်းရဲဒုက္ခတွေရင်ဆိုင်ဖို့ အသင့်ရှိခြင်း၊ဒုက္ခဝေဒနာဆိုရင်ဝယ်ချင်သူမရှိ၊သုခချမ်းသာဆိုရင်လည်းရောင်းချင်သူမရှိ။’မာရိယာနဲ့ဂျိုးဇက်တို့နှစ်ဦးရဲ့ယုံကြည်ခြင်းခရီးလမ်းဟာဆင်းရဲဒုက္ခတွေ၊အကြမ်းဖက်မှုတွေပြည့်နှက်နေတဲ့ကန္တာရခရီးလမ်းပါ။ ကောင်းကင်နိုင်ငံတော်ကို တန်ဖိုးထားရှာဖွေကြသောသူတိုင်းရဲ့ခရီးလမ်းဆိုတာ ဒီဒုက္ခကားတိုင်လမ်းမှတစ်ပါး အခြားလမ်းမရှိနိုင်။ မာရိယာနဲ့ ဂျိုးဇက်တို့နည်းတူ ယေဇူးရှင်ရဲ့ နောက်လိုက်သားအားလုံးဟာ အရာရာကို အသစ်ပြုပြင်ဖန်ဆင်းတော်မူတတ်သောကိုယ်တော်ရှင်ကိုသာရှာဖွေကြပြီး လမ်းခရီးတစ်လျှောက် စိန်ခေါ်မှုနဲ့ ဆင်းရဲဒုက္ခတွေကိုရင်ဆိုင်ကျော်လွှားကြရပါမယ်။(၂)ဘုရားရှင်ရဲ့အလိုတော်နဲ့လိုက်လျောညီညွှတ်စေခြင်း။ဂျိုးဇက်ကမာရိယာရဲ့အရှက်ကိုဖုံးကွယ်ပေးဖို့အတွက် သူမကို တိတ်တဆိတ်စွန့်ခွါဖို့ တွေးတောကြံစည်ခဲ့တယ်။ခုလိုရွေးချယ်လုပ်ဆောင်ခြင်းကဂျိုးဇက်အနေနဲ့ မာရိယာအတွက်အကောင်းဆုံးငဲ့ညာစဉ်းစားပေးခြင်းလို့ယူဆခဲ့တယ်။ဒါပေမယ့် ဘုရားသခင်ကအခြားအကြံအစည်သစ် ရှိခဲ့တယ်။ဘဝမှာ ဘုရားရှင်က မိမိတို့ရဲ့မူလအကြံအစည်တွေကိုပြောင်းလဲပစ်တာမျိုး ကြုံတွေ့ခဲ့ဖူးကြလိမ့်မယ်။အဲ့လိုအချိန်မျိုးမှာမိမိတို့အနေနဲ့ ရုန်းကန်ရှင်သန်ခဲ့ကြရလိမ့်မယ်။သို့ပင်ငြားလည်း ဘုရားရှင်ကအရာရာကို အထူးသဖြင့်မိမိတို့ရဲ့ကြံစည်လုပ်ဆောင်မှုများကို အသစ်ပြုပြင်ဖော်ဆောင်ခဲ့တာကို ပြန်လည်လို့ သတိပြုဆင်ခြင်နိုင်ပါတယ်။(၃) ကယ်တင်ခြင်းစီမံကိန်းကြီးမှာ ဘုရားရှင်က သင့်ကို ပါဝင်ပူးပေါင်းစေချင်တဲ့ကဏ္ဍမှာ အကောင်းဆုံးဆက်ကပ်ပါဝင်ခြင်း၊ဂျိုးဇက်က မာရိယာအဖြစ်ကို စာနာပေးတယ်လို့ ယူဆခဲ့တယ်။တကယ်တော့ ဘုရားရှင်ကဂျိုးဇက်နဲ့မာရိယာတို့နှစ်ဦးကို စာနာဖေးမနေခြင်းသာဖြစ်တယ်။အကြောင်းရင်းကတော့ ဘုရားရှင်ကသူတို့နှစ်ဦးကို ကယ်တင်ခြင်းသမိုင်းပြဇတ်ရှည်ကြီးမှာပါဝင်သရုပ်ဆောင်ကြဖို့ကမ်းလှမ်းနေခြင်းဖြစ်တယ်။ ဘုရားသခင်ကသင့်ကိုလည်း ကယ်တင်ခြင်းဇတ်တော်ကြီးမှာပါဝင်အသုံးတော်ခံဖို့အလိုရှိတော်မူတယ်။ဘဝသက်တာမှာ ဘုရားရှင်ကသင့်အားဖြင့် ကြီးမြတ်သောအမှုတော်ကိုဖြည်းဆည်းလုပ်ဆောင်ဖို့အတွက်သင့်အနေနဲ့ကြည်ဖြူခွင့်ပြုနိုင်မလား။(၄) ကယ်တင်ရှင်ကြွလာရာလမ်း ဖြောင့်တန်းစေဖို့အတွက် ရဲဝံ့စွာ ဆက်လက်ပြင်ဆင်ခြင်း၊ကယ်တင်ရှင်ဘုရားက ကျေးဇူးတော်အားဖြင့် မိမိတို့နဲ့ နီးစပ်တည်ရှိနေကြောင်းကို အမြဲနှလုံးသွင်းဆင်ခြင်ကြရမယ်။ အထူးသဖြင့် ကိုယ်တော်မြတ်မင်္ဂလာအားဖြင့် နီးစပ်ရှင်သန်နေတယ်။ကိုယ်တော်မြတ်မင်္ဂလာကို တန်ဖိုးထားပြီးပုံမှန်သွားရောက်ပင့်ယူကြပါ။သင့်နဲ့အတူကိုယ်တော်ရှင်အားပေါင်းစည်းရှင်သန်ခွင့်ကိုပေးပါ။ကိုယ်တော်ရှင်ဟာ သင့်ဘဝမှာသင့်နဲ့အတူပါရှိခဲ့ရင်ဒုက္ခအခက်ခဲများ၊စုံစမ်းနှောက်ယှက်မှုများ၊ အထင်မြင်လွဲမှားမှုများနဲ့ အခြားသောအမှုကိစ္စအားလုံးတို့ကို ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသော ဇတ်သိမ်းခန်းသို့ စောင့်ရှောက်ပို့ဆောင်ပေးပါလိမ့်မယ်။(၅) မျှော်လင့်ခြင်းကင်းမဲ့သောနေရာမှာ မျှော်လင့်ခြင်းသံတမန်ဖြစ်ခြင်း၊မာရိယာနည်းတူ နာကြင်ကြေကွဲစရာနဲ့ စိတ်ပျက်ဖွယ်ရာကြားမှာမျှော်လင့်ခြင်းကိုဆောင်ကြည်းပေးဖို့သင်ဟာအသင့်ရှိပါသလား။မိမိတို့ရဲ့လိုအင်ဆန္ဒများကိုဖယ်ရှားစွန့်လွတ်ပြီး ကိုယ်တော့်အလိုတော်ကိုဦးစားပေးလုပ်ဆောင်ခဲ့တဲ့အချိန်မျိုးမှာမိမိတို့ စိတ်ပျက်ဝမ်းနည်းခဲ့မိလေသလား။သင့်ဘဝသက်တာကို ကမ္ဘာလောကကြီးအတွက်ချစ်ခြင်းလက်ဆောင်မွန်လေးတစ်ခုဖြစ်စေပါလား။အကြောင်းရင်းကတစ်စုံတစ်ယောက်ဟာ ယင်းလက်ဆောင်လေးကိုမျှော်လင့်နေတယ်။တစ်စုံတစ်ယောက်ဟာယင်းလက်ဆောင်ကို ရရှိပိုင်ဆိုင်ဖို့စိတ်ပြင်းပြနေတယ်။တစ်စုံတစ်ယောက်ဟာ ယင်းလက်ဆောင်ကိုခံယူဖို့အထူးလိုအပ်နေတယ်။ညီအစ်ကိုမောင်နှမအပေါင်းတို့၊‘လောကီနိုင်ငံကို ဘုရားရှင်နိုင်ငံတော်အဖြစ်ပြောင်းလဲဖန်တီးနိုင်အောင်အတူပူပေါင်းပြီးဆက်ကပ်လုပ်ဆောင်ဖို့ ကျွန်ုပ်ကို စေလွတ်တော်မူပါသခင်’ဆိုတဲ့ တောင်းဆုကိုအစဉ်ရွတ်ဆိုပူဇော်ကြပါစို့။



Daily Reflection