19.12.2022 – Gospel Reflection အာဒ်ဝင်တူးကာလ စတုတ္ထတနင်္ဂလာနေ့
Sr. Agnes Hnin Yu Mon (SCCG)
Posted by Sr. Benedetta Myat Hnin New(ISR)
ဒီနေ့ဖတ်ရှုရမဲ့ကျမ်းစာတော်မြတ်ထဲမှာ၊ဆမ်ဆုံနဲ့ယောဟန်ဗတီးစတာတို့ရဲ့ မွေးဖွားသန့်စင်ခဲ့တဲ့ဘဝအကြောင်းကို အံ့မခန်းကြားကြရမှာဖြစ်တယ်။သူတို့မိဘနှစ်ပါးလုံးဟာ အရွယ်လွန်တဲ့အပြင်အမြုံဘဝနဲ့ဖြတ်သန်းခဲ့ကြရတယ်။အဲဒီခေတ်အခါတုံးကအမြုံမဆိုတာနဲ့ လူတွေရဲ့အထင်သေးအမြင်သေးဘဝကိုရင်ဆိုင်ကြရတယ်။ဆန်ဆုံရဲ့မိခင် ဟာသကြားတမန်တော်ရဲ့သတင်းစကားကိုနားမလည်နိုင်သော်လည်းယုံကြည်ခြင်းနဲ့လက်ခံခဲ့လို့ သားလေးဆန်ဆုံကိုမွေဖွါးပေးခဲ့တယ်။ မယ်တော်ရဲ့ဝမ်းကွဲအစ်မဖြစ်သူဧလိဇဘက်ဟာလည်းအသက်ကြီးရင့်ချိန်မှဘုရားရှင်ရဲ့ကျေးဇူးတော်ထူခြားစွာခံစားရရှိပြီးယောဟန်ဘတီးစတာကိုမွေးဖွါးသန့်စင်ခဲ့တယ်။ဒါပေမဲ့သူမရဲ့ခင်ပွန်းဇာခရိကတော့ဝိညာဉ်မြုံနေလို့ သကြားတမန်ရဲ့အမိန့်တော်ကိုလက်မခံနိုင်ဖြစ်ခဲ့တယ်။ဒို့တတွေလည်းတခါတလေယုံကြည်ခြင်းမှာအမြုံဘဝနဲ့ကြုံဆုံရတတ်ကြတယ်။ဘုရားရှင်အတွက်မဖြစ်နိုင်တာဘာမျှမရှိဘူးဆိုဒါမေ့လျော့နေတတ်ကြတယ်။စိတ်သောကတွေ၊ ပူဆွေးမူတွေ၊ ဆင်းရဲဒုကတွေကဒို့ဘဝရဲ့ ယုံကြည်ခြင်းအသက်တာကို အမြုံဖြစ်စေတတ်တယ်။ဒီလိုအာဝင်တူးပြင်ဆင်တဲ့ကာလတလျှောက်လုံးမှာဘုရားရှင်ပေးတဲ့ကတိစကားတွေ၊ မျှော်လင့်ချက်ပေးတဲ့အရာတွေအပေါ်မှာအပြည့်အဝယုံကြည်မျှော်လင့်လျှက်ကတိရှင်၊မမျှော်လင့်ခြင်းရဲ့သခင် မွေးဖွါးလာမဲ့အချိန်ကိုစောင့်ကြိုလျှက်၊မိမိတို့မျှော်မှန်းတမ်းတနေတဲ့ဘဝသစ် နိုင်ငံသစ်ကိုရယူပိုင်ဆိုင်ကြပါဆို့။