Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-12-19 04:37:42
အာဒ်ဝင်တူးကာလ စတုတ္ထသီတင်းပတ် အင်္ဂါနေ့
ဧဝံဂေလိကျမ်း - ရှင်လုကာ ၁း၂၆-၃၈
Sr. Agnes Hnin Yu Mon(SCCG
Posted by Sr. Benedetta Myat Hnin Nwe(ISR)

ဤယနေ့တွင်ဘုရားသခင်သည် ကျွန်ုပ်တို့ကိုချစ်မြတ်နိုးတော်မူပြီးကျွန်ုပ်တို့အတွက် စေလွှတ်တော်မူသောလက်ဆောင်တော်အဖြစ်ပေးသနားတော်မူကြောင်းကိုအံ့ဩဖွယ်ကောင်းသည့်ချစ်ခြင်းမေတ္တာတော်ကိုမာရိယာအားအမိန့်တော်ပြန်ခြင်းကျွန်ုပ်တို့အတွက်ဤလောကသို့ဆင်းကြွလာခြင်းဖြင့် တဖန်ရရှိစေခြင်းငှာကျွန်ုပ်တို့အားလုံးကို အဆုံးစွန်ဆုံးနှင့်အကောင်းဆုံးလက်ဆောင်ကိုပေးတော်မူပါသည်။သမ္မာကျမ်းစာအားဖြင့်ဖေါ်ပြပေးနေပါသည်။မျှော်လင့်ချက်နှင့်ရွှင်လန်းခြင်းကိုသိကြားတမန်တော်မှ သခင်ဘုရားသည်ထင်ရှားသောယနေ့ပထမကျမ်းတွင်ပရောဖက်ဟေရှာယသည်အမျိုးသမီးတစ်ဦးမှတဆင့်မေရှိယကြွလာမည့်အကြောင်းပရောဖက်ပြုချက်ကိုကြေငြာခဲ့ပါသည်။ဤကယ်တင်ရှင်သည်ဧမာနွေလ(သို့မဟုတ်)ငါတို့နှင့်အတူရှိတော်မူသောဘုရားဟူသောကျမ်းချက်သည်ယနေ့ကောင်းကင်တမန်ဂါဗြေအဲလ်သည်မာရိယာထံလာသောအခါတွင်ပြည့်စုံသွားပြီဖြစ်ပါသည်။မာရိယာသည်ဘုရားသခင်ကိုနာခံ၍သူ့အားဖြင့်ကတိပြုထားသည့်အမှုများကိုဖြည့်ဆည်းရန်သူငယ်တော်အားသူမ၏ဝမ်းကြာသိုက်တွင်ကိုးလကြာထွေးပိုက်ခဲ့ပြီး ဤလောက၏ကယ်တင်ရှင်အဖြစ် မွေးဖွားခဲ့ပါတယ်။ ပထမကျမ်းတွင်ယုဒရှင်ဘုရင်အာခတ်ပြသော ယုံကြည်ခြင်းကင်းမဲ့မှုနှင့် မိခင်မာရိယာ၏ ဘုရားသခင်ကိုလက်ခံရာတွင် ဤမျှကြီးမားသော ယုံကြည်မှုရှိကြောင်းကို ကျွန်ုပ်တို့တွေ့မြင်ရပါသည်။ဤသည်မှာခရစ္စယာန်များအနေဖြင့်ကျွန်ုပ်တို့၏ဘဝအသက်တာတွင်ယုံကြည်ခြင်းဖြင့်မာရိယာ၏စံနမူနာကိုမည်သို့လိုက်နာရန်လိုအပ်ကြောင်းအသိပေးနေပါသည်။မာရိယာသည်သူမ၏ဘဝတစ်ခုလုံးကိုဘုရားသခင်၏စီမံကိန်းတော်အတွက်ဆက်ကပ်အပ်နှံရာတွင်ကျွန်ုပ်တို့၏စံနမူနာဖြစ်ပြီးခရစ္စယာန်ဖြစ်ရခြင်း၏ အမှန်တကယ်အဓိပ္ပါယ်ကိုပြသပေးနေပါသည်။ထို့ကြောင့် ကျွန်ုပ်တို့၏နေ့စဉ်ယုံကြည်ခြင်းခရီးစဉ်တွင်မာရိယာကဲ့သို့ လျှောက်လှမ်းနိုင်ပြီလား။မာရိယာကဲ့သို့ကျွန်ုပ်တို့၏နေ့စဉ်ဘဝအသက်တာ၌ဘုရားသခင်၏အလိုတော်ကို“Yes”ဟုလှိုက်လှိုက်လှဲလှဲပြောနိုင်ပြီလားဆိုတာကိုထောက်ရှုဆင်ခြင်သွားကြပါစို့။

Daily Reflection