အာဒ်ဝင်တူးကာလ စတုတ္ထပတ် ဗုဒ္ဓဟူးနေ့
Sr. Agnes Hnin Yu Mon(SCCG)
ဧဝံဂေလိကျမ်း - ရှင်လုကာ ၁း၃၄-၄၅
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ယနေ့သမ္မာကျမ်းစာထဲတွင်ဧလိဇဘက်က ကျွန်ုပ်တို့၏မိခင်မာရိယာကို နှုတ်ခွန်းဆက်သတဲ့ လှပသောအဖြစ်ပျက်လေးမှသင်ယူစရာများများစွာရှိပါတယ်။ပထမဆုံးအနေဖြင့် ဧလိရှဘက်၏ကြီးမားသောချစ်ခြင်းဖြင့် နှုတ်ခွန်းဆက်သခြင်းအားဖြင့်သူမသည် မယ်တော်မာရိယာ၏ဝမ်းတွင်း၌ကိန်းဝပ်တော်မသော ဘုရားသခင်နှင့် ဆုံတွေ့သောအခါသူမ၏စိတ်နှလုံးထဲတွင် အတိုင်းစမရှိစစ်မှန်သော ပျော်ရွှင်မှုကိုထင်ဟပ်ဖေါ်ပြနေပါသည်။ဆက်လက်ပြီးသန့်ရှင်းသောလူသားအမျိုးသမီးနှစ်ဦး၏ယုံကြည်ခြင်းနှင့်နာခံခြင်းအားဖြင့်ဘုရား၏ကယ်တင်ခြင်းလုပ်ငန်းစဉ်စတင်တော့မည်ဖြစ်သည့်အတွက် ဧလိဇဘက် ၏ဝမ်းတွင်းမှ ယောဟန်ဗတ္တိဇံသည်လည်းပျော်ရွှင်မှုအပြည့်ဖြင့်ခုန်မြူးနေပါတော့သည်။ထို့ကြောင့် ဧလိဇဘက်နှင့်မယ်တော်မာရိယာတို့၏ မွေးဖွားခြင်းမခံရသေးသော ကလေးငယ်နှစ်ဦးစလုံးအတွက်အံ့ဩစရာကောင်းလောက်သော သက်ရောက်မှုများရှိနေပါသည်။ထို့ကြောင့် ဧလိဇဘက်နှင့်သူမ၏မမွေးွားသေးသောကလေးငယ်က မယ်တော်မာရိယာ၏အလည်ပတ်ကြွရောက်ခြင်းဖြင့်ဘုရား၏ကြွလာခြင်းအားခံစားရသည်ဆိုလျှင်ကျွန်ုပ်တို့၏ ဘဝအဝက်တာထဲသို့ သခင်ခရစ်တော်သည်နေ့စဉ်အဖြစ်ပျက်အခြေအနေများစွာထဲမှ ကြွလာနေတယ်ဆိုတာသင်သတိမူမိရဲ့လား။သင်ဘုရားကျောင်းတစ်ခုသို့ ရောက်တိုင်း ဘုရား၏ရှေ့မှောက်တွင်သင်ရောက်ရှိနေတယ်ဆိုတာသင်ခံစားမိပါရဲ့လား။မစ္ဆားတရားတော်အတွင်း ကိုယ်တော်မြတ်ကိုပင်ယူခြင်းဖြင့်ကယ်တင်ရှင်သည်သင့်ထံသို့ကြွလာကာသင့်အတွင်း၌နေတော်မူခြင်းအားသင်အာရုံစိုက်နိုင်ပါပြီလား။ထို့ကြောင့်နေ့စဉ်ဘဝအသက်တာထဲတွင်ကိုယ်တော်ရှင်၏တည်ရှိနေတော်မူခြင်းကို သတိမူရန်နှင့် ကိုယ်တော်ရှင်ကြွလာသောအခါတိုင်းကျွန်ုပ်တို့၏စိတ်နှလုံးသားသည်အမြဲရွှင်လန်းခုန်မြူးနိုင်ပါစေကြောင်း ကျေးဇူးတော်ကိုတောင်းခံသွားကြပါစို့။