အာဒ်ဝင်တူးကာလ စတုတ္ထပတ် ကြာသာပတေးနေ့
ဧဝံဂေလိကျမ်း - ရှင်လုကာ ၁း၄၆-၅၆
Sr. Agnes Hnin Yu Mon(SCCG)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
ယုံကြည်ခြင်းနှင့်နာခံခြင်းတို့တွင် ကျွန်ုပ်တို့အတွက်မာရိယာနှင့်ယောသပ်တို့သည် ဘုရားသခင်အပေါ် အံ့ဩဖွယ် နမူနာများဖြစ်ကြပါသည်။ဘုရားသခင်၏အလိုတော်များသည် သူတို့အတွက်နားမလည်နိုင်သောအခြေအနေများပင်ဖြစ်နေသော်လည်း သူတို့သည်ဘုရားသခင်၏အလိုတော်ကို လက်ခံခဲ့ကြသည်။သူတို့နှစ်ဦးသည်လူသားကမ္ဘာကယ်တင်ခြင်းအတွက်အဦးဆုံးနှင့်အကြီးမားဆုံးသောဘဝသက်သေခံများဖြစ်ကြပါ သည်။ယနေ့ ကျွန်ုပ်တို့ဘဝ၏နက်နဲသောအရာများကိုလက်ခံရန်ဘုရားသခင်၏ဖိတ်ခေါ်ချက်များအပေါ် ပြန်လည်သုံးသပ်သွားကြပါစို့။တခါတရံတွင်ဘုရားသခင်၏အလိုတော်လမ်းစဉ်များသည် ကျွန်ုပ်တို့နားလည်နိုင်သည့်အတိုင်းတာထက်ကျော်လွန်နေတတ်ပါသည်။မာရိယာနှင့်ယောသပ်တို့သည်ကျွန်ုပ်တို့အားဘုရားသခင်၏နက်နဲသော အလိုတော်များတွင်ပါဝင်ရန်ဘုရားသခင်ကကျွန်ုပ်တို့ကိုဖိတ်ခေါ်နေပုံကိုသက်သေခံနေကြပါသည်။ထို့ကြောင့်ကျွန်ုပ်တို့၏ဘဝအသက်တာတွင်ဤသူတော်စင်နှစ်ဦးကဲ့သို့အရာရာတိုင်းတွင်ဘုရားသခင်၏အလိုတော်အတိုင်း “yes”ပြောနိုင်ရန်ကြိုးစားသွားကြပါစို့။