အာဒ်ဝင်တူးကာလ စတုတ္ထပတ် သောကြာနေ့
ဧဝံဂေလိကျမ်း - ရှင်လုကာ ၁း၅၇-၆၆
Sr. Agnes Hnin Yu Mon(SCCG)
Posted by Sr. Benedetta Myat Hnin Nwe(ISR)
လှပစွာဖူးပွင့်တော့မည့်ပန်းပွင့်ကဲ့သို့ပင်ခရစ္စမတ်ပွဲတော်ကိုကျင်းပရန်နီးကပ်လာသည်နှင့်အမျှ သမ္မာကျမ်းစာ ထဲမှဘဝဇတ်လမ်းများမှာလည်း ပိုမိုလို့လှပလာနေပါပြီ။ယနေ့ ယောဟန်ဗတ္တိဇံ၏ဖခင်ဇာခရိ၏ဘဝအသက်တာကို သတိမူကြည့်ကြပါစို့။ဘုရားသခင်သည် အသက်အရွယ်ကြီးရင့်လာကြပြီဖြစ်သော ဇာခရိနှင့်ဧလိဇဘက်ကို မည်သို့ကောင်းကြီးပေးခဲ့ဲ့ည်ကိုလည်း သတိမူကြည့်ကြပါစို့။ကောင်းကင်တမန်ဂါဗြေအဲလ်သည် ဗိမ္မာန်တော်ရှိ ဇာခရိထံထင်ရှားလာသော်လည်းဇာခရိ၏မယုံကြည်မှုကြောင့်ယောဟန်မွေးဖွားသည့်နေ့အထိ ဆွံ့အခြင်းခံခဲ့ရပါတယ်။ယနေ့ဧဝံဂေလိကျမ်းတွင် ဇာခရိသည် သူ၏လောကုတ္တရာယုံကြည်ခြင်းခွန်အားဖြင့် လောကီထုံးတန်းအစဉ် အလာကိုမည်သို့ဆန့်ကျင်ခဲ့ကြောင်းတွေ့ရပါသည်။ကလေးကိုယောဟန်လို့အမည်ပေးဖို့ကောင်းကင်တမန်ရဲ့မိန့်မှာချက်အတိုင်းလုပ်ခဲ့တယ်။အစဉ်အလာအရသူတို့၏ပထမဆုံးမွေးဖွားသောကလေးကို ဖခင်၏နာမည်ထည့်၍ခေါ်ဆိုလေ့ရှိကြသည်။သို့သော်ဘုရားသခင်ကသူတို့၏ကလေးအား ပေးထားသည့်အမည်ကိုလက်ခံခြင်းအားဖြင့်သူတို့၏ယုံကြည်ခြင်းကို ထုတ်ဖေါ်ပြသရန်အခွင့်အရေးရရှိခဲ့ပါသည်။ယနေ့တွင်သင်၏ကိုယ်ပိုင်အားနဲချက်အပြစ်(သို့မဟုတ်)ယုံကြည်ခြင်းကင်းမဲ့ခြင်းကြောင့်သင်ကြုံတွေ့ခဲ့ရသောအခက်အခဲများကို ဆင်ခြင်သုံးသပ်ပါ။ထိုအရာများကို သာမန်သဘောအရပြစ်ဒဏ်အဖြစ်မမြင်ဘဲဘုရားသခင်သည်သင့်အားသာ၍ကြီးမြတ်သောဂုဏ်ကျက်သရေကိုပေးဆောင်ရန်သင့်အားခေါ်တော်မူသည့်အခွင့်အလမ်းတစ်ခုအဖြစ်ရှုမြင်သွားကြပါစို့။