အာဒ်ဝင်တူးကာလ စတုတ္ထပတ် စနေနေ့
ဧဝံဂေလိကျမ်း - ရှင်လုကာ ၁း၆၇-၇၉
Sr. Agnes Hnin Yu Mon(SCCG)
Posted by Sr. Benedetta Myat Hnin New(ISR)
ဇာခရိသည်သားယောဟန်ကိုဖွားမြင်ပြီးနောက်လျှာ၏ချုပ်နှောင်ခြင်းမှလွတ်လျှင်လွတ်ချင်းဘုရားသခင်အား ချီးမွမ်းခြင်းသီချင်းအားဖြင့်ချီးမွမ်းခဲ့သည်။ဤချီးမွမ်းခြင်းသီချင်းတွင် ဇာခရိသည်သူ၏ယုံကြည်ခြင်းကိုသာမက သူ၏ယုံကြည်ခြင်းအသီးပွင့်များဖြစ်သည့်ကောင်းကင်ဘုံ၌ရှိတော်မူသောခမည်းတော်ဘုရား၏အမှုတော်များကိုနက်နဲရှင်းလင်းစွာပြတ်ပြတ်သားသားသိမြင်ပြီးနိုင်သောကြောင့်ဘုရားသခင်၏ဘုန်းဂုဏ်တော်ထင်ရှားစေခဲ့ပါသည်။ဇာခရိသည် ယုံကြည်ခြင်းဆုကျေးဇူးအားဖြင့်သာ သိနိုင်သောအမှန်တရားများကိုဖွင့်ဟပြောသည်။တမန်တော်ဂါဗြဲအဲလ်နှင့်တွေ့ဆုံပြီးနှုတ်ဆိတ်ခြင်းကိုခံရပြီးနောက်သူ၏ကြာရှည်စွာနှုတ်ဆိတ်နေခြင်းသည် သူ့ဘဝ၏ရှေ့ရှိနက်နဲသောအရာကိုရှာဖွေခြင်း၊ကြားနာခြင်းနှင့်နားလည်ခြင်းတို့ကိုဖြစ်ပေါ်စေသည်။သူ၏ကလေးသည် ဘုရားသခင်၏လမ်းတော်ကိုပြင်ဆင်ပေးမည့်သူဖြစ်ကြောင်း သူသဘောပေါက်လာသည်။ကယ်တင်ခြင်းလမ်းစဉ်တွင် ဤကလေးငယ်၏ပရောဖက်ပြုချက်တခန်းကဏ္ဏကိုလည်းနားလည်လာသည်။ကျွန်ုပ်တို့တစ်ဦးစီသည်လည်း အလားတူပင်ဖြစ်ရပါမည်။ဇာခရိသည်ဘုရားသခင်၏သစ္စာစောင့်သိမှုကိုစောင်းဆိုင်းပြီးသူ၏အချိန်ရောက်သောအခါတွင် လှပပြီးယုံကြည်ခြင်းအပြည့်ရှိသောချီးမွမ်းခြင်းသီချင်းကိုသီဆိုခဲ့ပါသည်။ယနေ့ဇာခရိ၏ယုံကြည်ခြင်းနှင့်ဇွဲလုံ့လကိုအတယူရန်ဘုရားသခင်ကသင့်အား မည်သို့လိုလားသည်ကို သုံးသပ်ကြည့်ပါ။သင်၏အတိတ်ကကျရှုံးမှုများကိုလည်း ဘုရားသခင်လုပ်ဆောင်လိုသည့်နည်းလမ်းများဖြင့်ဖြေရှင်းရန်နည်းလမ်းများကိုရှာပါ။ဤသန့်ရှင်းသောစံနမူနာကို ပုံတုယူရန်ကြိုးစားစဉ် သင်အားဖြင့်ဘုရားသခင်ကသူ၏အနန္တတန်ခိုးတော်ကိုပြသတော်မူမည်ဟုယုံကြည်ပါ။