Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-12-24 02:15:51

ခရစ္စမတ်ပွဲတော်ကြီး
ဧဝံဂေလိကျမ်း - ရှင်လုကာ ၂၁-၁၄
Sr. Agnes Hnin Yu Mon(SCCG)
Posted by Sr. Benedetta Myat Hnin New(ISR)

သိုးထိန်းတွေရဲ့ခံစားချက်၊ပျော်ရွှင်မှုထဲမှာသင်ခဏတာဝင်ကြည့်ပါ။ စိတ်လှုပ်ရှားပျော်ရွှင်မှုကိုသင်ခံစားကြည့်ပါ။သူတို့စည်းဝေးနေကြစဉ်တွင်ဘုရားသခင်၏ကောင်းကင်တမန်တစ်ပါးပေါ်လာပြီး ဝမ်းမြောက်စရာသတင်းကောင်းကိုသူတို့အားကြေငြာခဲ့သည်။သူတို့အံ့အားသင်ခဲ့ကြရသည်။ဤနှိမ့်ချသောသိုးထိန်းများသည်မွေးကင်းစဘုရင်အားသွားရောက်နှုတ်ဆက်ရန် ဘုရားသခင်မှ ပထမဆုံးခေါ်ခြင်းခံရသောသူများဖြစ်သည်။ဘုရားသခင်က ဤဆင်းရဲသောသိုးထိန်းများကို ဦးစွာဖေါ်ပြရခြင်းမှာ ကျွန်ုပ်တို့အားလုံးသည်ဘုရားသခင်၏ရှေ့မျက်မှောက်တွင်အားလုံးတန်းတူဖြစ်ကြောင်းဖေါ်ပြနေခြင်းပင်ဖြစ်ပါသည်။လူတိုင်းလူတိုင်း၏ကြီးမြတ်သောတန်ဖိုးနှင့် ဂုဏ်သိက္ခာကိုသာ ကိုယ်တော်မြင်တော်မူပြီးကျွန်ုပ်တို့အားလုံးချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေဘုရားသခင်အပေါ်အတိုင်းအဆမဲ့သော ချစ်ခြင်း၊ ကြည်ညိုခြင်းဖြင့် ့ထံလာရန်အလိုရှိသည်။ခရစ္စမတ်ဟာ စိတ်လှုပ်ရှားစရာတွေအများကြီးနဲ့ ပြည့်နက်နေတဲ့အချိန်ပဲဖြစ်ပါတယ်။သို့သော်အခြားအရာများထက် ခရစ္စမတ်သည်ကျွန်ုပ်တို့အားနောက်ပြန်ဆုတ်ကာဤမြင့်မြတ်သောဖြစ်ရပ်၏ နက်နဲပြီးကြွယ်ဝပြည့်စုံသောချစ်ခြင်းမေတ္တာ၏အပါယ်ကို ရယူရန်အချိန်တစ်ခုအဖြစ် ရှုမြင်ရမည့်အချိန်ဖြစ်ပါသည်။သင်၏ကယ်တင်ရှင်အဖြစ်ကြွလာတော်မူသောခရစ်တော်ကိုကြည့်ရှုရန် ကောင်းကင်တမန်ပြောသည့်အတိုင်း မကြောက်ကြနှင့်ဆိုသည့်အတိုင်းသူနှင့်တွေ့ဖို့လာရန်မကြောက်ပါနှင့်။ သူ့ကိုချစ်ပါ၊ သူ့ကိုမြတ်နိုးပြီး သိအောင်လုပ်ပါ။ယနေ့တွင် ဘုရားသခင်သည် ကျွန်ုပ်တို့အားမွေးကင်းစကလေးငယ်အဖြစ် မိမိကိုယ်ကိုပေးအပ်ထားပါတယ်။သေးငယ်တယ်။ အားနည်းတယ်။နုနယ်ပြီးအပြစ်ကင်းစင်တယ်။သူငယ်တော်၏နှိမ့်ချသောမျက်နှာတော်ကိုငေးကြည့်ဖူးမျှော်ရန်မကြောက်ပါနှင့်။ဘုရား၏ကြွလာတော်မူခြင်းအတွက်ဂုဏ်တော်ကိုချီးမွမ်းရန်မကြောက်ပါနှင့်။

Daily Reflection