ခရစ္စမတ်ကာလ တနင်္လာနေ့
ဧဝံဂေလိကျမ်း - ရှင်မာသဲ ၁၀း၁၇-၂၂
Sr. Agnes Hnin Yu Mon(SCCG)
Posted by Sr. Benedetta Myat Hnin New(ISR)
မနေ့ကအဖြစ်ပျက်နှင့် ယနေ့အဖြစ်ပျက်မှာအံ့ဩစရာကောင်းတဲ့ခြားနားချက်ပါဘဲ။မနေ့ကကျွန်ုပ်တို့၏အသင်းတော်သည်ကမ္ဘာကယ်တင်ရှင်၏ ရွှင်လန်းဝမ်းမြောက်ဖွယ်မွေးဖွားခြင်းကိုကျင်းပခဲ့ကြသည်။ယနေ့ကျွန်ုပ်တို့သည်ပထမဆုံးသော ခရစ်ယာန်အာဇာနည် စိန့်စတီးဖင်းကိုဂုဏ်ပြုနေကြပါသည်။မနေ့ကနွားစာခွက်ထဲမှာနှိမ့်ချပြီးအဖိုးတန်သည့် ကလေးငယ်တစ်ယောက်ကြောင့်ကမ္ဘာကြီးကလှပနေခဲ့ပြီး ယနေ့မှာတော့ဤကလေးငယ်အပေါ်သူ၏ယုံကြည်ချက်ကို ထုတ်ဖေါ်ရန်အတွက်စိန့်စတီးဖင်းမှသွန်းလောင်းခဲ့သောသွေး၏ သက်သေများအဖြစ် ကျွန်ုပ်တို့ဘက်မှရပ်တည်နေပါသည်။အစပိုင်းတွင်ဤပွဲသည် ကျွန်ုပ်တို့၏ခရစ္စမတ်ပျော်ရွှင်မှုကိုအဟန့်အတားဖြစ်ပုံပေါ်နေပါသည်။ သို့သော် ယုံကြညခြင်းမျက်စိဖြင့်ကြည့်လျှင် ဤပွဲတော်သည် ခရစ္စမတ်ပွဲတော်၏ကြီးကျယ်ခမ်းနားသောခမ်းနားမှုကိုသာတိုးစေခဲ့ပါသည်။ခရစ်တော်မွေးဖွားခြင်းသည်ကျွန်ုပ်တိုထံမှအရာအားလုံးကိုလိုအပ်ကြောင်းသတိပေးနေပါသည်။ကျွနိုပ်တို့၏ ကိုယ်ပိုင်အသက်တာထက်သာမက အခြားအရာများထက်ပင် ကိုယ်တော်ကိုရွေးချယ်ရန် ဂတိပြုရမည်ကိုဆိုလိုပါသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို၏အသက်တာကို ကိုယ်တော်အားလုံးဝချွင်းချက်မရှိ ဆက်ကပ်ရန် အဆင်သင့်ဖြစ်ရပါမည်။ လောက၏ကယ်တင်ရှင်ဖွားမြင်ခြင်းဆိုသည်မှာ ကျွန်ုပ်တို့သည် သခင်ယေဇူးအတွက်အရာအားလုံးကိုစတေးရန်အဆင်သင့်ရှိပြီး ကိုယ်ကျိုးမဖက်ဘဲကိုယ်တော်၏အသန့်ရှင်းဆုံးအလိုတော်နှင့်အညီသစ္စာရှိရှိနေထိုင်ရမည်ဖြစ်ပါသည်။ယနေ့ လောက၏ကယ်တင်ရှင်ဖွားမြင်ခြင်းမှသင့်အပေါ်တောင်းဆိုနေသော အရာများကိုပြန်လည်သုံးသပ်ပါ။ကျေးဇူးတော်နှင့်လုံးလုံးလျားလျားပေးကမ်းစွန့်ကြဲသောဘဝအသက်တာအသစ်သို့ကျွန်ုပ်တို့အားဖိတ်ခေါ်နေပါသည်။သင့်ဘဝကိုဘုရားသခင်နှင့် အခြားသူများအတွက်ပေးဆပ်ရန်မကြောက်ပါနှင့်။ဤအရာသည် လူ့ဘဝကိုခံယူသော ကလေးငယ်ပြသပေးနေသည့်ပေးဆပ်ရန်ထိုက်တန်သော ဆက်ကပ်မှုတစ်ခုပင်ဖြစ်ပါသည်။