Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-12-26 06:20:45

ခရစ္စမတ်ကာလ အင်္ဂါနေ့
ဧဝံဂေလိကျမ်း- ရှင်ယောဟန်  ၂၀း ၂-၈
Sr. Agnes Hnin Yu Mon(SCCG)
Posted by Sr. Benedetta Myat Hnin New(ISR)

ယနေ့သည် စိန်ဂျွန်းပွဲနေ့ဖြစ်ပါသည်။ စိန့်ဂျွန်းသည် ခရစမတ်ကာလ၏မြင့်မြတ်ခြင်းအကြောင်းကို ကျွန်ုပ်တို့အားလုံးလေးနက်စွာသိစေရန် ခရစ်ဝင်ကျမ်းလေးစောင်အနက် တစ်စောင်ကိုရေးသားခဲ့သောကြောင့် သူ့အားဂုဏ်ပြုရန်အထူးထိုက်တန်လှပါသည်။စိန့်ဂျွန်းသည် သူ့ကိုယ်သူ ယေဇူးချစ်တော်မူသောတပည့်တော်အဖြစ်ရည်ညွှန်းထားသည်မှာစိတ်ဝင်စားစရာ ကောင်းလှပါသည်။ ယေဇူးသည် … သူ၏တပည့်အားလုံးကိုချစ်သည်။ သို့သော် ယောဟန်၏ခရစ်ဝင်ကျမ်းတွင် ဤထူးခြားသော … ချစ်လှစွာသောတပည့်တော်၏ဘွဲ့ကို ယောဟန်အားပေးထားသည်။ နောက်ဆုံးညစာစားပွဲတွင် ယေဇူး၏ဘေးတွင်လျောင်းနေသောအခါ ယေဇူးနှင့်သူ၏ အထူးရင်းနီးမှုနှင့် ချစ်ခင်မှုကိုတွေ့ရပါသည်။ ထို့နောက် ယေဇူး၏မိခင်မာရီယာနှင့်အတူ လက်ဝါးကပ်တိုင်ခြေရင်း၌ရပ်နေသောသူမှာ ယောဟန်တစ်ဦးသာဖြစ်ပြီး ယေဇူးသည် သူ၏မိခင်အား ယောဟန်ထံသို့လည်းကောင်း၊ ယောဟန်အား သူ၏မိခင်ထံသို့လည်းကောင်း အပ်နှင်းခဲ့ပါသည်။ ဆက်လက်ပြီး မာရိယာမာလေးနာသည် ယေဇူး၏ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို သူ့အားပြောပြပြီးသည်နှင့် သင်္ချိုင်းသို့ ဦးစွာပြေးသူမှာလည်း ယောဟန်ဖြစ်ကြောင်းသမ္မာကျမ်းစာတွင် ဖေါ်ပြထားပါသည်။ ထို့ပြင် ပညာရှင် အများအပြားက … ယောဟန်သည်တပည့်တော်များထဲတွင် အငယ်ဆုံးဖြစ်သည်ဟု ယုံကြည်ကြသည်။ ငယ်ရွယ်သောတပည့်တော်တစ်ဦးအနေနှင့် သူသည်ကျွန်ုပ်တို့သခင်ထံမှ အထူးဂရုစိုက်မှုကိုခံရပေလိမ့်မည်ယောဟန်သည် သခင်ယေဇူးနှင့် အလွန်ရင်နီးကြောင်းကို သူ၏သမ္မာကျမ်းစာများအားဖြင့်ဖေါ်ပြပေးနေ ပါသည်။ သူ၏အသက်တာဆုံးခါနီးတွင် သူ၏ဧဝံဂေလိကျမ်းစာရေးသားသောအခါ သူ၏စိတ်နှလုံးသည် ဝိညာဉ်တော်ကျေးဇူးနှင့် ပြည့်ဝလျှက် ကောင်းကင်ဘုံ၌ရှိသော သူ၏သခင်နှင့် အပြည့်အဝပေါင်းစည်းခွင့်ရရန် ပြင်းပြစွာ မျှော်လင့်နေသောကြောင့် သူ၏နှလုံးသားသည် မြင့်မြတ်သောချစ်ခြင်းမေတ္တာများဖြင့် တောက်လောင်နေခဲ့ပါသည်။ကျွန်ုပ်တို့သည်လည်း ယေဇူးသခင်နှင့် ပိုမိုရင်းနှီးရန်နေ့စဉ်ကြိုးစားအားထုတ်ရင်း ထိုသခင်၏ပြီးပြည့်စုံသောမေတ္တာတရားကို … ကျွန်ုပ်တို့နှလုံးသား၌ရှုမြင်နိုင်လျှင် ကျွန်ုပ်တို့ကိုယ်တိုင်လည်း ယေဇူး၏ ချစ်သောတပည့်များဖြစ်လာနိုင်ပေသည်။

Daily Reflection